မြန်မာနိုင်ငံ အရှေ့ပိုင်းရှိ မြေမြှုပ်မိုင်းအသုံးပြုမှုများ နေရာအနှံ့ ရှိနေသေးသည့် အပေါ် ဒေသခံလူ ထုအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်နေဆဲဖြစ်သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့-KHRGမှ ယမန်နေ့က အစီရင်ခံစာထုတ်ပြန် လိုက်သည်။
အပြည့်အစုံ ဆက်ဖတ်ရန် »
မေလ ၂၁ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ပြန် လည်တည်ဆောက်နိုင်ရန် တရုတ်နိုင်ငံလျှပ်စစ် ဓါတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း-CPI ကကြိုးပမ်းနေကြောင်း မြစ်ဆုံအရေးကို စောင့် ကြည့်နေသည့် ကချင်လူမှုဖွံ့ ဖြိုးရေးကွန်ရက်-KDNG က ယနေ့ ထုတ်ပြန်ပြောဆိုလိုက်သည်။
![]()
မေလ ၁၀ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံ၏ ဒီမိုကရေစီအကူးအပြောင်းကာလတွင် လူ့အခွင့်အရေးများ ဆက်လက်ဖြစ်ပေါ်နေကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားအဖွဲ့(၁၃)ဖြင့် ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ(ND-Burma) မှ ယမန်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
![]()
မတ်လ ၂၈ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ အခြေစိုက် လူမှုရေးအဖွဲ့အစည်းပေါင်းစုံ ဖွဲ့စည်းထားသည့် InterAction အဖွဲ့က နှစ်စဉ် ပေးအပ်လျှက်ရှိသည့် လူမှုဦး ဆောင်ဆုကို ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအဖြစ် ကရင်အမျိုးသမီး နော်စူစဲနာလှလှစိုးက ဆွတ်ခူးရရှိခဲ့သည်။
စောခါးစူးညား (ကေအိုင်စီ)
မြန်မာပြည်ရဲ့ ကျေးလက်တောရွာတွေမှာ ကျောင်းနေချင်လျက် အနေခက်ပြီး ကျောင်းထားလျက်နဲ့ ကျောင်းမနေချင်တဲ့ အနာဂတ် ရင်သွေးငယ်လေးတွေ ခုချိန်မှာ မရေမတွက်နိုင်အောင်ပါပဲ။
မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
အသက် ၉နှစ်အရွယ် ပိုးကရင်လူမျိုး စအိုင်ခလိန်ဟာ ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်ထဲက ဂရမ်းရွာရဲ့ အအေးဆိုင်တဆိုင်မှာ စားပွဲထိုး အလုပ်ကိုလုပ်နေတဲ့ ကလေးငယ်တစ်ဦးဖြစ်ပါတယ်။ ဒီရွာလေးဟာ သူရဲ့ ဇာတိရွာမဟုတ်ပေမဲ့ နွေရာသီကျောင်းပိတ်ရက်မှာ အဖေ၊ အစ်ကိုတို့နဲ့အတူ အလုပ်လာလုပ်နေတာပဲ ဖြစ်ပါတယ်။
ဖူးဒို (မေလ ၇ရက်၊ ၂၀၁၂)
ကမ္ဘာ့ဘိန်းဖြူထုတ်လုပ်မှုပြဇယား
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်ဘိန်းဖြူထုတ်လုပ်မှု ပမာဏတွင် ဒုတိယအများဆုံးဖြစ်နေပါသည်။
နော်ဝါးဝါးဖိုး
မတ်လ ၁ ရက်၊ ၂၀၁၂ ခုနှစ်
KNU နဲ့ (ကြံ့ဖွံ့ ဦးသိန်းစိန်အစိုးရ) အပစ်ခတ်ရပ်စဲရေး နောက်တကြိမ် တွေ့ဖို့ မန်းရောဘဇန် ၏သဘောထား ( ဖေဖော်ဝါရီလ ၅ရက်၊ ၂၀၁၂) စာထဲမှာပါတဲ့ အဆိပ်အသုံးပြုမူ ကိုဖတ်ပြီး စစ်အတွင်း လက်နက်အသွင် အသုံးပြုတဲ့ အဆိပ်အကြောင်း ပိုပြီးစိတ်ဝင်စားလာမိပါတယ်။ ဒါကြောင့် ကျမသိသလောက် နဲ့ နောက်ထပ် ရှာဖွေမူတွေ ထပ်လုပ်ပြီး စာရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ တချို့မသိသေးတဲ့ ကရင်ပြည်သူလူထု အပါဝင် အဖွဲ့အသီးသီးက ကရင်ခေါင်းဆောင်တွေနဲ့ လက်နက်ကိုင်ရဲဘော်တွေကို ကျမသိသလောက် ဖြန့်ဝေပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးရချင်းဖြစ်ပါတယ်။
နော်ဝါးဝါးဖိုး ၊ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂ ခုနှစ်။
ကျမရဲ့ ပထမပေးစာနဲ့ ဒုတိယပေးစာကို ပြန်ဖတ်ကြည့်မယ်ဆိုရင် လက်ရှိလုပ်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအဲန် ယူ)ရဲ့ ကမ္ဘာသိငြိမ်းချမ်းရေး ကို နောက်ပြန်ဆုတ်ဖို့ (ဒါမှမဟုတ်) ရပ်တန်းက ရပ်ဖို့ အငြင်းပွား အပြစ်ဆိုနေကြမယ့်အစား ကိုယ့် ဘက်က နစ်နာမှုတွေ မရှိအောင် အားလုံးအတူတကွ ၀ိုင်းဝန်း နည်းလမ်းရှာပေးကြဖို့၊ အားပေးကြဖို့ တိုက်တွန်းထားတာ တွေ့ရ မှာပါ။ ကမ္ဘာ့အသိုင်းအ၀ိုင်းမှာ ကရင်အမျိုးသားတွေဟာ သွေးဆူနေတဲ့ စစ်သွေးကြွတွေ မဟုတ်ဘူးဆိုတာကို ဒီဆွေးနွေးပွဲက နေ ပြသလိုက်တာပါဘဲ။
ဦးပဉ္ဖင်း ကေသလ (မြ၀တီ)
ကရင်ပြည်နယ် မြ၀တီမြို့က ထိုင်းနယ်စပ်မြို့လေးပါပဲ။ ယခင်က ထိုင်းနိုင်ငံနဲ့မြန်မာအစိုးရနဲ့ မတည့်တော့ နိုင်ငံတော်က လူကြီးတွေ မလာကြဘူး။ အခု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန် မြန်မာနိုင်ငံလာသွားမှ ထိုင်းနဲ့ မြန်မာစကားတောင် တစ်ခွန်းမပြောရပဲ ချက်ချင်းတည့်သွားကြတယ်။ မြန်မာဖက်ကလူကြီးတွေ (စစ်တပ်လူတွေ) ကလည်း ယခင်က ထိုင်းနိုင်ငံဆိုရင် အရမ်းမုန်းကြတယ်။
(လင်္ကာဒီပ)
ညီလေးရေ…..
ယမ်းသံဆိတ် ကွက်ကြားမိုးရွာနေတာက
စေတနာမမှန်တဲ့အထာ
သာယာမယ့် ငြိမ်းချမ်းရေးလမ်း
ပန်းတိုင်အစစ်အမှန်မဟုတ်ဘူး
အရူးထ အသွင်ကူးပြောင်းပုံရိပ်များ
မှုန်ဝါးဝါး ရေးရေးထင်
ရင်ခွင်မသစ် ရင်ခွင်မစစ်
ကျွန်ဖြစ် နွံနစ်မယ့် တံလျပ်များပေပေါ့။
စအိုင်ခန့် (နှင်းခဲမြေ)
ရွာနီးချုပ်ကမိတ်ဆွေဆီအလည်သွားတာပါလို့
အမေ့ကို မညာဖူးတဲ့ကျနော်
ရွာကနေထွက်လာခဲ့တာ
စစ်သင်တင်းတက်ပြီးခါမှ
သား စစ်ထဲဝင်သွားမှန်းသိခဲ့ရတဲ့အမေ။
(လင်္ကာဒီပ)
မပွင့်မလင်း မရိုးရှင်းပါဘူး
မနူးမနပ်လေးလိုသဘောထား
လှည့်ဖျားကွေ့လိမ် မာယာအခင်းအကျင်း
ငါးကြင်းဆီနဲ့ ငါးကြင်းကြော်မယ့်အချိုး
လာဘ်ထိုးလိုက်တဲ့ငြိမ်းချမ်းရေး
အသေးအမွှား ကလေးကစားစရာလိုပုံဖော်
အလျော်အစား အဝယ်အရောင်းသဏ္ဍာန်
ကျွန်းပြန်ကြီးလည်း နယ်ရုပ်လေးဖြစ်ခဲ့ရပြီ။
မေလ ၄ရက်၊ ၂၀၁၂ ခုနှစ်၊ (ကေအိုင်စီ)
ဧပြီ ၁ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄၃နေရာ အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-NLD မှ လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရောက်ရန် ကျမ်းကျိန်ရွတ်ဆိုရမည့် “ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပါ မည်” ဆိုသည့်စာသားအစား “လေးစားလိုက်နာပါမည်”ဟု မပြင်ဆင်သည့်အပေါ် မတက်ရောက်နိုင်ကြောင်း ကြေညာခဲ့သည်။
၂၀၁၀ခုနှစ်၊ နိုဝင်ဘာ ၇ရက် ရွေးကောက်ပွဲအပြီးတွင် မြန်မာတစ်ပြည်လုံးရှိ မြို့နယ် ၅၉မြို့နယ်၌ လစ်လပ်သွားသည့် မဲဆန္ဒနယ်မြေ ၄၈ နေရာရှိနေသည်။ ထို့အတွက် ကြားဖြတ်ရွေးကောက်ပွဲကို ယခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။ ယင်းသို့ မကျင်းပမီ လက် ရှိအချိန်တွင် မဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ၎င်းတို့၏ သက်ဆိုင်ရာ နယ်မြေအ လိုက် မဲဆန္ဒရှင်လူထုကို စည်းရုံးလှုံ့ဆော်လျှက်ရှိရာ အထူးသဖြင့် အာဏာရပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် ဦးမော့လာသည့် ၉၀ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့်အ ပြိုင် စည်းရုံးနေကြသည်။
ကြံ့ဖွံ့ နှင့် ဒေါ်စု ဘယ်သူ့ကို မဲထည့်မလဲအယ်ဒီတာ့ အာဘော်
ပြီးခဲ့ သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)နှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်ဆိုင်းပြီး တစ်ချိန်တည်းတွင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဘက်ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုအဆင့် ရထားပို့ဆောင်ရေး ဦးအောင်မင်းက “ငြိမ်းချမ်းရေးကို မငြိမ်းချမ်းတဲ့ဒေသက ပြည်သူတွေ လိုလားကြတယ်” ဟုပြောဆိုသွားခဲ့သည်။
![]()
စောကျော်ဝင်း ၂၃နှစ်
ပညာအရည်အချင်း ဆယ်တန်း
ဝါသနာ နိုင်ငံရေး
ကျနော့်ဇာတိကတော့ ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ်လောင်းကိုင်ကျေး ရွာဖြစ်ပါတယ်။ ညီအစ်ကို မောင်နှမ ငါးယောက် အထဲက သုံးယောက်မြောက်ဖြစ်ပါတယ်။ ကျနော့် မိဘနဲ့ ညီအစ်ကို မောင်နှမတွေက ရွာမှာ ဥယျာဉ်ခြံ လုပ်ကြပါတယ်။
![]()
အမည်။ ။ နော်ကညော
အသက်။ ။ ၂၀နှစ်
ပညာအရည်အချင်း။ ။ အထက်တန်းလွန်
ဇာတိ-ဖာပွန်ခရိုင်
ဝါသနာ။ ။ ဆေးဆရာမ
ကျမရဲ့ ဇာတိက ကရင်ပြည်နယ် ဖာပွန်ခရိုင် ဘူးသိုမြို့နယ် ထီးလော်သိရွာဖြစ်ပါတယ်။ မောင်နှမခြောက် ယောက်ထဲမှာ ကျမကငါးယောက်မြောက်ပါ။
![]()
စောဘလက်(စ်)အေဇက် ၂၅နှစ်
ဝါသနာ စစ်ရေးခေါင်းဆောင်
ပညာအရည်အချင်း ဆယ်တန်းအောင်
ကျနော့်ဇာတိက ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ခိုဝယ်ရွာမှာ မွေးပါတယ်။ မောင်နှမ ၅ယောက်မှာ ကျနော်က လေး ယောက်မြောက် ဖြစ်ပါတယ်။