Home သတင်း မြန်မာအစိမ်း‌ရောင်ကွန်ယက်၏ တတိယအကြိမ်‌တွေ့ဆုံပွဲ ကရင်ပြည်နယ်၌ ကျင်းပမည်

မြန်မာအစိမ်း‌ရောင်ကွန်ယက်၏ တတိယအကြိမ်‌တွေ့ဆုံပွဲ ကရင်ပြည်နယ်၌ ကျင်းပမည်

2061

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၃ခုနှစ်။ နန်း‌ချောင်‌ဖော့

မြန်မာအစိမ်း‌ရောင်ကွန်ယက် (Myanmar Green Network)၏ တတိယအကြိမ် စု‌ပေါင်း‌တွေ့ဆုံပွဲကို လာမည့် ဒီဇင်ဘာ ၂ရက်မှ ၅ရက်‌နေ့အထိ ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ်(၁)ရပ်ကွက်ရှိ သု‌မေဓရာမ ကြား‌တောရ‌ကျောင်း၌ ကျင်းပမည်ဟု သိရသည်။

‌တွေ့ဆုံပွဲဖြစ်‌မြောက်‌ရေးအတွက် ဝိုင်ဝန်းကူညီ‌ပေးသူ ‌စောထွန်းထွန်းက “ဖားအံမှာရှိ‌နေတဲ့ လူမှုအဖွဲ့အစည်း(CBO)အားလုံးက လည်း ဒီမြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်တဲ့ အဖွဲ့‌တွေရှိ‌နေတာကို သိ‌စေချင်လို့ ဒီ‌တွေ့ဆုံပွဲ တတိယ အကြိမ်ကို ကျ‌နော်တို့ ဖားအံမှာလုပ်ရတာ ဖြစ်ပါတယ်။”ဟု ‌ပြောဆိုသည်။

၎င်း‌တွေ့ဆုံပွဲတွင် မြန်မာအစိမ်း‌ရောင်ကွန်ယက်မှ ပညာရှင်များက ရာသီဥတု၊ ‌ရေစီမံခန့်ခွဲမှု၊ တမံအကျိုးဆက်၊ သစ်‌တောနှင့် သဘာဝပတ်ဝန်းကျင်၊ သတ္တုတွင်းဥပ‌ဒေနှင့် သက်‌ရောက်မှု၊ ဘိလပ်‌မြေ၊ EITI (တွင်းထွက်သယံဇာတ တူး‌ဖော်‌ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု)၊ သံလွင်မြစ် သု‌တေသနတို့ကို အဓိက ‌ဆွေး‌နွေးသွားမည်ဟု ‌စောထွန်းထွန်းက ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲသို့ မြန်မာတစ်နိုင်ငံလုံးတွင်ရှိ‌သော မြန်မာအစိမ်း‌ရောင်ကွန်ယက်နှင့် ပူး‌ပေါင်းသည့်အဖွဲ့များ၊ ပညာရှင်များ စသည့်လူဦး ‌ရေ (၁၀၀)နီးပါးတက်‌ရောက်ရန် ဖိတ်ကြားထားပြီး ကရင်ပြည်နယ်ရှိ လွှတ်‌တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ ‌ဒေသ ခံ ပြည်သူလူထုလည်း တက်‌ရောက်မည်ဟု မြန်မာအစိမ်း‌ရောင်ကွန်ယက်က ဆိုသည်။

မြန်မာအစိမ်း‌ရောင်ကွန်ယက်မှ ယာယီဥက္ကဌဖြစ်သူ ‌ဒေါ်‌ဒေဝီသန့်စင်က “အခုလက်ရှိဖြစ်‌နေတဲ့ ကရင်ပြည်နယ်ထဲက ဖွံ့ဖြိုး‌ရေးစီမံ ကိန်း အ‌ခြေအ‌နေကို ပြည်သူ‌တွေသိ‌အောင် အဲဒီ‌တွေ့ဆုံပွဲမှာ ရှင်းပြမယ်။ ‌တွေ့ဆုံပွဲတက်‌ရောက်သူ‌တွေ မသိတာ‌တွေလည်း ‌မေး နိုင်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်တွင် စက်မှုဇုန် (၂)ခု၊ ဘိလပ်‌မြေစက်ရုံ (၂)ရုံနှင့် ရ‌သေ့ပျံဂူ‌တောင်ဘက်ခြမ်းတွင် ဘိလပ်‌မြေစက်ရုံတည်‌ဆောက် ရန်ရှိ‌သော်လည်း လက်မခံသည့် ‌ဒေသအချို့ရှိသည့်အတွက် ‌ဆွေး‌နွေးပွဲတွင် ‌ဒေသခံများ၏ တင်ပြလာမှုအ‌ပေါ် မူတည်၍ သက် ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ကြီးများထံသို့ တင်ပြ‌ပေးသွားရန်ရှိသည်ဟု ‌ဒေါ်‌ဒေဝီသန့်စင်က ထပ်မံ‌ပြောဆိုသည်။

မြန်မာအစိမ်း‌ရောင်ကွန်ယက်သည် တနိုင်ငံလုံးရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌စောင့်‌ရှောက်သည့် အဖွဲ့အားလုံးကို တနှစ် လျှင်တစ်ကြိမ် ‌တွေ့ဆုံ‌စေ‌လေ့ရှိပြီး မန္တ‌လေးတိုင်းရှိ ပြင်ဦးလွင်တွင်တစ်ကြိမ်၊ ပုပ္ပါးတွင်တကြိမ် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးလုပ်ငန်းများကို ထိ‌ရောက်စွာ ‌ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာတနိုင်ငံလုံး အတိုင်းအ တာဖြင့် သက်ဆိုင်ရာ ပညာရှင်များ အပါအဝင် အစိုးရမဟုတ်‌သောအဖွဲ့များ(NGOs)က မြန်မာအစိမ်း‌ရောင်ကွန်ယက်ကို ၂၀၁၂ ခုနှစ်တွင် စတင် ဖွဲ့စည်းထူ‌ထောင်ခဲ့သည်။