Home သတင်း ဖလုံ-စ‌ဝေါ်ပါတီနှင့် လူထု ပိုမိုထိ‌တွေ့နိုင်ရန် လိုလား‌နေ

ဖလုံ-စ‌ဝေါ်ပါတီနှင့် လူထု ပိုမိုထိ‌တွေ့နိုင်ရန် လိုလား‌နေ

1793

ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌တောင်က‌လေး(ဖလုံပညာ့တ‌ဝေါင့်)တွင် ကျင်းပပြုလုပ်သည့် ဖလုံ -စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲတွင် ပါတီအ‌နေဖြင့် ‌ရှေ့လုပ်ငန်းစဉ်များအတွက် ပြည်သူလူထုကို ထိ‌တွေ့မှုများ ပိုမိုပြုလုပ်‌စေလို‌ကြောင်းနှင့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲလွန်ပြီး‌နောက်ပိုင်းတွင် ပါတီနှင့်လူထုအကြား အလှမ်း‌ဝေးသွား‌နေသည်ဟု ကရင်လူထုအတွင်း ‌ပြောဆို ‌နေကြသည်။

၎င်းပါတီသည် ကရင်လူထု‌တွေအတွက် ‌ရှေ့‌ဆောင်လမ်းပြနိုင်မည့် ပါတီတစ်ခုဖြစ်ရန် လိုအပ်သလို ကျင်းပမည့် ပါတီမျက်နှာ စုံညီပွဲတွင် ပါတီကို လူထုများ ပြန်လည်လက်ခံနိုင်ရန် အကျိုးသက်‌ရောက်မှုရှိ‌စေချင်သည်ဟု စစံသာက ‌ပြောသည်။

“ပါတီအ‌နေနဲ့ လူထု‌တွေကို ဒီထက်ပိုပြီး နီးစပ်‌စေချင်ပါတယ်။ လုပ်မယ့်ပွဲမှာ လူထု‌တွေက ပါတီကို ပြန်လည်လက်ခံနိုင်တာမျိုး အကျိုးသက်‌ရောက်‌စေချင်တယ်”ဟု ဖားအံမြို့ခံလူငယ် စစံသာက ‌ပြောသည်။

ပါတီမျက်နှာစုံညီပွဲ ကျင်းပသည့် အဓိကရည်ရွယ်ချက်မှာ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲလွန်ပြီး‌နောက် ၃နှစ်‌ကျော်အတွင်း ပါတီ၏ အ‌ခြေ အ‌နေများ၊ ‌တွေ့ကြုံရသည့် အခက်အခဲများ၊ ပါတီ၏ အားနည်းချက်အားသာချက်များကို တက်‌ရောက်လာမည့် ကိုယ်စားလှယ် များ၏ အစီရင်ခံစာများကို ပြန်လည် ကြည့်ရှုသုံးသပ်ကြမည်ဟု ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဌ မန်း‌အောင်ပြည်စိုး က ‌ပြောသည်။
???????????????????????????????

“ဒီ သုံးနှစ်‌ကျော်အ‌နေအထားမှာ အခက်အခဲများ အားနည်းချက်၊ အားသားချက်များကို ပြန်လည်သုံးသပ်မယ်။ ပြီး‌တော့ ပါတီရဲ့ ‌ရှေ့လုပ်ငန်းစဉ်များကို ပြန်လည်ချမှတ်ကြမယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ဖလုံ-စ‌ဝေါ်မျက်နှာစုံညီပွဲကို ယ‌နေ့ ကျင်းပမည်ဖြစ်ပြီး ည‌နေ ၄နာရီတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမည်ဖြစ်သည်။ ထိုပွဲ တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၁၀ဝဦး တက်‌ရောက်ကြမည်ဖြစ်ပြီး ကရင်အမျိုးသားအ စည်းအရုံး-KNU နှင့် အခြား‌လေ့လာသူများ၊ ကရင်ပြည်နယ်ရှိ နိုင်ငံ‌ရေးပါတီ (၈)ခုမှ ကိုယ်စားလှယ်နှစ်ဦးစီ တက်‌ရောက်ရန် ဖိတ်ကြားထားသည်။

ပထမဆုံးအကြိမ် ပြုလုပ်သည့် ၎င်းဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲ‌တော်တွင် မနက်ပိုင်း အခမ်းအနား ‌ဟော‌ပြောပွဲ အပြီး ညဘက်တွင် ‌ပျော်ပွဲရွှင်ပွဲများ၊ ကရင်ဒုံး၊ ကရင်ရိုးရာလက်‌ဝှေ့ပွဲနှင့် ‌ဈေးပွဲ‌တော်များ ပါဝင်သည်။