Home သတင်း ပင်မဓါတ်အားလိုင်းကြိုး သွယ်တန်းမှု‌ကြောင့် ‌ဒေသခံများ လျှပ်စစ်အန္တရာယ် စိုးရိမ်‌နေ

ပင်မဓါတ်အားလိုင်းကြိုး သွယ်တန်းမှု‌ကြောင့် ‌ဒေသခံများ လျှပ်စစ်အန္တရာယ် စိုးရိမ်‌နေ

1970

ဧပြီ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ဖားအံမြို့နယ် ဖားကပ်‌ကျေးရွာအုပ်စု ‌ရေတွင်းကုန်း ရွာနှင့် နတ်ကုန်းရွာများကို ဖြတ်သန်းသွယ်တန်းထားသည့် ပင်မလျှပ်စစ် ဓာတ်အားလိုင်းကြိုးမှာ အလွန်နိမ့်ကျလျှက်ရှိသဖြင့် လျှပ်စစ်အန္တရာယ်ကို ‌ဒေသခံရွာသားများက စိုးရိမ်‌နေကြသည်။

နတ်ကုန်းရွာသူ နန်း‌ဌေး‌ဌေးမြင့်က “ကျမအိမ်‌ပေါ်မှာ လျှပ်စစ်ကြိုးကဖြတ်တယ်။ အိမ်ထဲမှာ‌နေတာ ခဏခဏပဲ ပစ္စည်း‌တွေ ကိုင် တွယ်ရင် ကျင်တယ်။ အိမ်သား‌တွေအားလုံးပဲ ဒီလိုခံစားရတာ‌လေ။ က‌လေးငယ်‌တွေလည်း ရှိတယ်။ အချို့လူ‌တွေက ကိုယ့် နည်းကိုယ့်ဟန်ပဲ အိမ်‌ပြောင်း‌ရွှေ့ကြတယ်။ ကျမလည်း ‌ပြောင်း‌ရွှေ့ချင်ပါတယ်။ ဒါ‌ပေမယ့် စရိတ်က မရှိ‌သေး‌တော့ လျှပ်စစ် အန္တရာယ် ‌ကြောက်‌ပေမယ့်လို့ ‌နေ‌နေရတယ်”ဟု ‌ပြောသည်။

ထိုပင်မဓါတ်အားလိုင်ကြီး သွယ်တန်းခြင်းလုပ်ငန်းကို ပြည်‌ထောင်စုလျှပ်စစ်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ‌ရွှေသံလွင်ကုမ္ပဏီက ၂၀၁၁ခုနှစ်မှ စတင်၍ ဦးစီးလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် သွယ်တန်းခြင်းများ ပြီးစီးကာ မတ်လမှစ၍ လျှပ်စစ်ဓာတ်အား လွှတ်‌ပေးခဲ့ခြင်းဖြစ်သည်။

ထိုပင်မလျှပ်စစ်ကြိုး စတင်သွယ်တန်းစဉ်က ကုမ္ပဏီအ‌နေဖြင့် ‌ဒေသခံများ၏ ပျက်စီးသွားသည့် ဥယျာဉ်ခြံပင်များကို ‌လျော်‌ကြေး ‌ပေးမည်ဟု ‌ပြောဆိုခဲ့‌သော်လည်း လက်‌တွေ့တွင် ‌ရေတွင်းကုန်း၊ နတ်ကုန်းရွာများမှ လျှပ်စစ်ဓာတ်အားကြိုး သွယ်တန်းရန် ရွာ သားများ၏ နှစ်ရှည်ခံပင်များဖြစ်‌သော ဓညင်းပင်၊ အုန်းပင်နှင့် ဝါးပင်များကို ခုတ်လှဲခံခဲ့ရပြီး ယင်းထိခိုက်ပျက်စီးမှုများအတွက်မူ ကုမ္ပဏီက ယခုအချိန်ထိ ‌ပေး‌လျော်ခြင်း မရှိ‌သေး‌ပေ။

‌ဒေသခံများအ‌နေဖြင့် ထိုကိစ္စနှင့် ပတ်သက်၍ နစ်နာမှု တစုံတရာရှိလာပါက ပြည်နယ်လျှပ်စစ်ဌာနသို့ စာတင် တိုင်ကြားနိုင်သည် ဟု ကရင်ပြည်နယ် စက်မှုနှင့်လျှပ်စစ်ဝန်ကြီး ‌စောကြည်လင်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

“အဲဒီပင်မ လျှပ်စစ်ဓာတ်အား လိုင်းသွယ်တန်းမှုအ‌ပေါ်မှာ ‌ဒေသခံ‌တွေ နစ်နာတာရှိရင် မိမိသက်ဆိုင်ရာ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ကတဆင့် ကျ‌နော်တို့ဌာနကို စာတင် အ‌ကြောင်းကြားနိုင်ပါတယ်”ဟု ဝန်ကြီး‌စောကြည်လင်းက ‌ပြောသည်။

၎င်းဓာတ်အားကြိုးမှာ ဖားအံမြို့နယ်ရှိ ‌ကျေးရွာအချို့တွင် လယ်ကွင်းကိုသာ ဖြတ်သန်းသွားပြီး ယခုကဲ့သို့ ဥယျာဉ်ခြံများ၊ ‌နေအိမ် များ‌ပေါ် ဖြတ်သန်းခံရသည့် ရွာသူရွာသားများမှာ အပင်များ ပျက်စီးဆုံးရှုံးမှုအပြင် လျှပ်စစ်စက်ကွင်း အန္တရာယ်အတွက်ပါ စိုးရိမ် လျှက်ရှိ‌နေသဖြင့် ယင်းကိစ္စကို တာဝန်ရှိသူများက ‌ဖြေရှင်း‌ပေးသင့်‌ကြောင်း ထို‌ဒေသတွင် မဲအနိုင်ရရှိခဲ့သူ လက်ရှိ ပြည်သူ့လွှတ် ‌တော်ကိုယ်စားလှယ် နန်း‌စေးအွာက ‌ပြောသည်။

သူမက “ဒီလိုမျိုး‌တော့ ‌ဒေသခံ‌တွေကို မလုပ်သင့်ဘူး။ နစ်နာ‌ကြေး သို့မဟုတ် ပျက်စီးသွားတဲ့ အပင်‌တွေရဲ့ တန်ဖိုး‌တွေကို ‌ပေး ‌ဆောင်ရမယ်။ ပြီး‌တော့ အန္တရာယ်ကင်းမကင်း တာဝန်ရှိတဲ့ ကုမ္ပဏီက တာဝန်သူ‌တွေက လာ‌ရောက်ကြည့်ရှုရမယ်”ဟုဆိုသည်။

မွန်ပြည်နယ် သထုံမြို့မှ ကရင်ပြည်နယ် ဖားအံမြို့သို့ သွယ်တန်းထားသည့် ယင်းပင်မဓာတ်အားကြိုး ဖြတ်သန်းခံရ‌သော ‌ဒေသ ခံများ၏ ဥယျာဉ်‌မြေအကွက်‌ပေါင်း ၁၂ကွက်ရှိပြီး ရွာသားများ၏ ‌နေအိမ် ၆လုံးလည်း ပါဝင်သည်ဟု သိရသည်။ ထို့အပြင် ၎င်း လျှပ်စစ်ကြိုးမှာ အပင်များနှင့်ထိကာ မကြာခဏ မီး‌လောင်မှုများ ဖြစ်‌ပေါ်လျှက်ရှိ‌ကြောင်း အဆိုပါရွာသူရွာသားများက ‌ပြောဆို သည်။