Home သတင်း ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်းတွင် ကားတိမ်း‌မှောက်၍ ၁ဦး‌သေ၊ ၉ဦး ဒဏ်ရာရ

ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်းတွင် ကားတိမ်း‌မှောက်၍ ၁ဦး‌သေ၊ ၉ဦး ဒဏ်ရာရ

1601

ဧပြီလ ၂၂ရက်။ ၂၀၁၄ခုနှစ်၊ ‌စောသိန်းမြင့်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဘုရားသုံးဆူ-သံဖြူ ဇရပ် ကားလမ်းတ‌နေရာ၌ ယ‌နေ့နံနက် ၁ဝနာရီအချိန်တွင် ခရီးသည်တင် ကားတစ်စီးတိမ်း‌မှောက်သွားခဲ့ရာ လူ ၁ဦး ‌သေဆုံးသွားပြီး ၉ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။

‌တောင်ဒီးမှ ဘုရားသုံးဆူမြို့သို့ တက်လာသည့် ကျုံခဝန်နှင့် ‌တောင်ဒီး‌ကျေးရွာမှ ကားဒရိုင်ဘာ (ကား‌မောင်း သမား) အပါအဝင် လူ ၁၂ဦး တင်‌ဆောင်‌ဆောင်လာ‌သော အဖြူ‌ရောင် ၄ဘီးကား တစ်စီးသည် ဘုရားသုံးဆူ မြို့၏ အ‌နောက်ဘက် ၃ဝမိုင်အကွာရှိ ‌လေးဖိုးနှင့် မယ်စလီ‌ကျေးရွာ ကြားတွင် ကားအရှိန်ကို မထိန်းနိုင်သဖြင့် တိမ်း‌မှောက်သွားခြင်းဖြစ်သည်။

ကား‌မှောက်၍ ဒဏ်ရာရရှိခဲ့သူ ကျုံခဝန်ရွာသား ‌စောအယ်ထူးက “ကား‌မောင်းတာ နည်းနည်းကြမ်းတယ်ဗျ။ အ‌ကွေ့မှာ ကားထိန်းမနိုင်‌တော့လို့ ကားဘီးစလစ်‌တော့ ‌မှောက်သွားတာပဲ။ အဲဒီမှာ ၁‌ယောက်‌သေသွားတယ်။ တစ်‌ယောက်က ဇက်ကျိုးတယ်။ တစ်‌ယောက်က ‌ပေါင်ကြိုးတယ်။ တစ်‌ယောက်က ‌ခေါင်းကွဲတယ်။ သတိလစ် သွားတဲ့လူလည်းရှိ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကားတိမ်း‌မှောက်မှု‌ကြောင့် ‌သေဆုံးခဲ့သည့် အသက် (၃၀)နှစ်အရွယ် သန်း‌ဌေး‌အောင် ဆိုသူအား သံဖြူ ဇရပ် သို့ ပို့‌ဆောင်လိုက်ပြီး ကား‌မောင်းသမား(ချဲခိုင်း)ဆိုသူကိုမူ ယခုအချိန်တွင် အနန်းကွင်း‌ကျေးရွာအ‌ခြေစိုက် အစိုးရစစ်တပ်(တပ်ရင်း အမည်မသိ‌သေး)မှ ‌ခေါ်‌ဆောင်သွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ကားတိမ်း‌မှောက်မှုတွင် အမျိုးသမီးနှင့် က‌လေးငယ်များပါဝင်ပြီး ဒဏ်ရာရရှိသူများကို ကားကြုံတစ်စီး၏ အကူအညီဖြင့် ယခု ဘုရားသုံးဆူ ‌ဆေးရုံတွင် တက်‌ရောက်‌ဆေးကုသမှုခံယူ‌နေရသကဲ့သို့ ဒဏ်ရာပြင်းထန် သည့် ၇ဦးကိုမူ ထိုင်းနိုင်ငံဘက်ခြမ်း ကန်ချနာ့ဘူရီခရိုင် ကန်ဘူရီ‌ဆေးရုံသို့ ပို့‌ဆောင်ထားလိုက်ပြီဟု ဘုရားသုံးဆူမြို့ရှိ အစိုးရဌာနဆိုင်ရာနှင့် နီးစပ်သူတစ်ဦးက ‌ပြောသည်။

၎င်းက “‌သေတဲ့လူက အမျိုးသားဖြစ်တယ်။ က‌လေး‌ကော လူကြီး‌ကောဆို အကုန်လုံး ဒဏ်ရာရသူ ၉‌ယောက် ‌ပေါ့‌နော်။ အဲဒီအထဲမှာ အသည်းအသန်ဖြစ်တဲ့ လူနာ‌တွေကို‌တော့ ဟိုဘက်ကမ်း(ထိုင်းနိုင်ငံ)ကို ပို့လိုက်ပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

(၆၅)မိုင် အကွာအ‌ဝေးရှိ ဘုရားသုံးဆူ-သံဖြူ ဇရပ်ကားလမ်းသည် ယခင်က ခရီးသည်တင်‌ဆောင်လာသည့် ကားများ တိမ်‌မှောက်မှုဖြစ်ပွားလျှက်ရှိ‌သော်လည်း ယခုကဲ့သို့ ‌သေဆုံးပြီး ဒဏ်ရာရရှိသူများပြားမှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု နယ်‌မြေခံများ၏ ‌ပြောပြချက်အရ သိရသည်။