Home သတင်း မယ်လစခန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးပွဲချင်းပြီး‌သေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်

မယ်လစခန်းတွင် ယာဉ်တိုက်မှုဖြစ်ပွား၍ တစ်ဦးပွဲချင်းပြီး‌သေဆုံး၊ တစ်ဦး ဒဏ်ရာပြင်းထန်

2173

ဧပြီလ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယ‌နေ့ ဧပြီလ ၁၅ရက်၊ သကြင်္န်အကြတ်‌နေ့ ည‌နေတွင် ‌မော်‌တော်ယာဉ်တစ်စီးနှင့် ‌မော်‌တော်ဆိုင်ကယ်တစ်စီး မ‌တော်တဆတိုက်မိ၍ ‌မော်‌တော်ဆိုင်ကယ် စီးနင်းလာသူ တစ်ဦး ပွဲချင်းပြီး‌သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။

ယ‌နေ့ ည‌နေ ၄နာရီ ၄ဝမိနစ်တွင် မယ်လဒုက္ခသည်စခန်း ဇုံ‌အေ ရပ်ကွက် (၁)နှင့် ကပ်လျှက် အ‌ဝေး‌ပြေးကားလမ်းမကြီးတွင် ‌မော်‌တော်ဆိုင်ကယ်တစ်စီးဖြင့် စခန်းအပြင်ထွက်လည်သည့် လူငယ် ၂ဦးသည် ၆ဘီးကားတစ်စီးနှင့် ‌ခေါင်းချင်းဆိုင်၍ မ‌တော်တဆတိုက်မိခြင်းဖြစ်သည်ဟု ၎င်းစခန်း၏ လုံခြုံ‌ရေးတာဝန်ခံက ‌ပြောသည်။

မယ်လစခန်း လုံခြုံ‌ရေးတာဝန်ခံ ‌စောရှီးရှိုက “တစ်‌ယောက်က‌တော့ တစ်ကိုယ်လုံး ‌ကြွေမွပြီး ပွဲချင်းပြီး ‌သေဆုံးသွားတယ်။ တစ်‌ယောက်က‌တော့ ‌ခြေဖျားက‌နေ ‌ပေါင်အထိ အသား‌တွေ လှန်ထွက်သွားတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူကို‌တော့ မဲ‌ဆောက်‌ဆေးရုံကို ပို့လိုက်ပြီ။ ကြည့်ရတဲ့အ‌ခြေအ‌နေက အသက်ရှင်နိုင်ဖို့ ‌မျှော်လင့်ချက် မရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပွဲချင်းပြီး‌သေဆုံးသူမှာ မယ်လစခန်း ဇုံဘီ ရပ်ကွက် (၅) ‌နေထိုင်သူ အသက် ၁၉နှစ်အရွယ် ‌စောဖားချွဲ့ဆိုသူဖြစ်ပြီး ကျန်တစ်ဦးမှာ မယ်လစခန်း၏ ‌တောင်ဘက် ၁ကီလိုမီတာထက်ဝက်ခန့်အကွာရှိ ထီး‌လော်သီရွာသား အသက် ၂ဝနှစ် ဝန်းကျင်အရွယ် လူငယ်တစ်ဦးဖြစ်သည်ဟု သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကို ကိုယ်တိုင် မြင်‌တွေ့ခဲ့ရသူ ‌နော်ဖိုးမူ‌လေးက “ဆိုင်ကယ်က အ‌ဝေးကြီး လွှင့်ထွက်သွားတယ်။ ဆိုင်ကယ်‌ရော လူ‌ကော ဘာမှ ရစရာမရှိ‌တော့ဘူး။ တစ်‌ယောက်က‌တော့ အဲဒီမှာပဲ ပွဲချင်းပြီး ‌သေသွားတယ်။ တစ်‌ယောက်က‌တော့ မ‌သေ‌သေးဘူး။”ဟု သူမ မြင်‌တွေ့ရပုံကို ‌ပြောပြသည်။

၎င်းယာဉ်တိုက်မှုသည် မည်သူဘက်က မှားသည်၊ မှန်သည်ကို မသိရှိရ‌သော်လည်း ထိုင်းနိုင်ငံ ဥပ‌ဒေနှင့် တိုက်ရိုက်သက်ဆိုင်သဖြင့် အမှုကိစ္စအားလုံးကို သက်ဆိုင်ရာ ထိုင်း အာဏာပိုင်များထံသို့ လွှဲ‌ပြောင်းလိုက်ပြီဟု စခန်းလုံခြုံ‌ရေးတာဝန်ခံ ‌စောရှီးရှိုက ဆက်‌ပြောသည်။

မယ်လဒုက္ခသည်စခန်း၏ အပြင်ဘက် ‌တောင်နှင့်‌မြောက်ကို ဖြတ်သွား‌သော ၎င်းအ‌ဝေးကားလမ်းမကြီးထဲတွင် ယခင်ကလည်း မ‌တော်တဆ ယာဉ်တိုက်မှုနှင့် စခန်းအပြင်ကိုထွက်လည်ကြသည့် ဒုက္ခသည်များအား ယာဉ်တိုက်‌သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ၆၁ ကီလိုမီတာအကွာအ‌ဝေးတွင်ရှိပြီး လူဦး‌ရေ ၄‌သောင်း‌ကျော်‌နေထိုင်လျှက်ရှိသည်။