Home သတင်း မယ်လဒုက္ခသည်စခန်းအတွင်း ‌သောက်သုံး‌ရေ မလုံ‌လောက်သည့် ပြဿနာ ကြုံ‌နေရ

မယ်လဒုက္ခသည်စခန်းအတွင်း ‌သောက်သုံး‌ရေ မလုံ‌လောက်သည့် ပြဿနာ ကြုံ‌နေရ

1447

‌ရေရရှိရန်အတွက် ‌စောင့်ဆိုင်း‌နေကြသည့် ဒုက္ခသည်တချို့ကို မြင်‌တွေ့ရစဉ်

ဧပြီလ ၁၂ရက်။ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် မယ်လဒုက္ခသည်စခန်းတွင် ယခုလဆန်းပိုင်းမှစ၍ ‌သောက်သုံး‌ရေ မလုံ‌လောက်သည့် ပြဿနာများနှင့် ကြုံ‌တွေ့‌နေရသည်ဟု စခန်းတွင်း ‌နေထိုင်သူများက ‌ပြောသည်။

မယ်လဒုက္ခသည်တွင် ယခင်က နံနက် ၆နာရီမှ ၈နာရီခွဲအထိ တစ်ကြိမ် ည‌နေ ၃နာရီမှ ၅နာရီခွဲအထိ တစ်ကြိမ် ဖြန့်‌ဝေ‌ပေးသည့်‌ရေကို ယခု နံနက် ၇နာရီမှ ၈နာရီနှင့် ည‌နေ ၄နာရီမှ ၅နာရီအထိသာ အချိန်ကန့်သတ် ဖြန့်‌ဝေ‌ပေးသဖြင့် စခန်းအတွင်း ‌နေထိုင်သူများအတွက် ယခုလို ‌သောက်သုံး‌ရေ မ‌လောက်မှုပြဿနာနှင့် ကြုံ‌တွေ့‌နေရခြင်းဖြစ်သည်။

ဇုံဘီ၊ ရပ်ကွက် (၃)တွင် ‌နေထိုင်သူ ‌နော်ယိုး(၄၅)နှစ်က “‌ရေမ‌လောက်တာ‌ကြောင့် ထမင်းဟင်းချက်တဲ့အခါ ‌တော်‌တော်‌လေးဒုက္ခ‌ရောက်တယ်။ ခါတိုင်းဆို မနက်မိုးလင်းတာနဲ့ ထမင်းဟင်းအကုန်ချက်ပြီးပြီ အခု ၇နာရီ‌လောက်မှ ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်တုန်းပဲရှိ‌သေးတယ်။ ‌ရေလုခပ်ရတဲ့ ပြဿနာက တစ်ခုပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌သောက်သုံး‌ရေ ရရှိရန် မနက် မိုးမလင်းခင်ကတည်းက ‌ရေဖြန့်‌ဝေ‌ပေးသည့် ပိုက်‌ခေါင်းနားတွင် သွား‌စောင့်‌နေရသကဲ့သို့ အခန့်မသင့်ပါက ‌ရေလာခပ်သူများအကြား အချင်းများမှုများ ဖြစ်ပွားခဲ့‌သေးသည်ဟု ‌နော်ယိုးက ဆက်‌ပြောသည်။

ဇုံ‌အေ၊ ရပ်ကွက် (၁)တွင် ‌နေထိုင်သူ အိမ်‌ထောင်ရှင်မ ‌နော်ထူးကလည်း ယခုလို ‌သောက်သုံး‌ရေ မလုံ‌လောက်မှု‌ကြောင့် လူဦး‌ရေများပြားသည့် သူမ၏‌နေအိမ်တွင် ဒုက္ခ‌ရောက်ခဲ့ရသည့်အတွက် ‌ရေဖြန့်‌ဝေ ‌ပေး‌ရေးစနစ်ကို ယခုထက်ပို၍ မ‌ကောင်းလာ‌သော်လည်း ယခင်ကဲ့သို့ ပုံမှန်‌ပေးလာ‌စေချင်‌ကြောင်း ‌ပြောသည်။

စခန်းအတွင်း ဖြစ်‌ပေါ်‌နေသည့် ‌သောက်သုံး‌ရေ မလုံ‌လောက်မှု ပြဿနာနှင့်ပတ်သက်၍ မယ်လစခန်း ဥက္ကဌဖြစ်သူ ‌စော‌အောနက်က“ရာသီ အချိန်အခါနဲ့ ဆိုင်ပါတယ်။ အခု ‌ရေသွယ်ထားတဲ့‌ချောင်းက ခမ်း ‌ခြောက်လာတယ်။ ‌နောက်ပြီး‌တော့ ပြီးခဲ့တဲ့ မီး‌လောင်မှုဖြစ်ပွားတုန်းကလည်း အ‌ရေး‌ပေါ်‌ရေလိုလို့ ‌ရေသွယ်ပိုက် တစ်ချို့ကိုလည်း ဖျက်ဆီးပစ်လိုက်တာလည်းရှိတယ်။ အဲဒါ‌တွေကို ပြင်ဆင်မှု‌တွေ လုပ်‌နေ တယ်။ ဒါ‌ကြောင့် ‌ရေဖြန့်‌ဝေ‌ပေးမှုမှာ ပြဿနာတစ်ရပ်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စခန်းအတွင်းရှိ သက်ဆိုင်ရာ ဇုံ၊ ရပ်ကွက်အလိုက် ‌ရေဖြန့်‌ဝေ‌ပေး‌ရေးတာဝန်ခံများ ခန့်အပ်ထားလျှက်ရှိပြီး စခန်းသူစခန်းသားများအ‌နေဖြင့် မိမိ၏လိုအပ်ချက်များကို ထိုမှတစ်ဆင့်တင်ပြ‌တောင်းဆိုနိုင်ကြသလို လက်ရှိ အချိန်တွင် စခန်းတာဝန်ရှိသူများအ‌နေဖြင့်လည်း ‌ရေဖြန့်‌ဝေ‌ပေး‌ရေး အစီအစဉ် အတတ်နိုင်ဆုံး ‌ဖြေရှင်း‌ပေးလျှက်ရှိသည်ဟု ‌စော‌အောနက်က ဖြည့်စွက် ‌ပြောဆိုသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၏ ‌မြောက်ဘက် ၆၁ကီလိုမီတာအကွာရှိ မယ်လဒုက္နသည်စခန်းတွင် လူဦး‌ရေ ၄‌သောင်း‌ကျော်‌နေထိုင်လျှက်ရှိပြီး ယခင်နှစ်များတွင်လည်း ယခုလို အချိန်(တန်ခူးလ)မျိုးတွင် ‌သောက်သုံး ‌ရေ မလုံ‌လောက်မှုပြဿနာကို နှစ်စဉ်ကြုံ‌တွေ့လျှက်ရှိသည်ဟု သိရှိရသည်။

ထိုင်း- မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း ၉ခုအနက် လူဦး‌ရေ အများဆုံး ‌နေထိုင်သည့် မယ်လစခန်း တွင် ပြီးခဲ့‌သော မတ်လတ် ၂၄ရက်‌နေ့က မီး‌လောင်မှု ဖြစ်ပွားခဲ့ရာ အိမ်‌ခြေ ၅ဝ ‌ကျော် ပျက်စီးခဲ့‌ကြောင်း သိရသည်။