Home သတင်း မိကရင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်ကိစ္စ ထပ်မံကန့်ကွက်ရန် ‌ဒေသခံများ ပြင်ဆင်

မိကရင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်ကိစ္စ ထပ်မံကန့်ကွက်ရန် ‌ဒေသခံများ ပြင်ဆင်

2776

ဧပြီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိကရင်‌ကျေးရွာအနီးတွင် Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်မှ တည်‌ဆောက်သွားမည့်ကိစ္စကို ‌ဒေသခံများက ထပ်မံကန့်ကွက်မှုများပြုလုပ်ရန် ပြင်ဆင်လျှက်ရှိ‌ကြောင်း သိရသည်။

ယခု ဧပြီ တတိယအပတ်၌ မိကရင်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းတွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) သထုံခရိုင်၊ တပ်မဟာ(၁)တာဝန်ရှိသူများနှင့် ကုမ္ပဏီတာဝန်ရှိသူများက ‌ဒေသခံများကို လာ‌ရောက်‌တွေ့ဆုံရန်ရှိပြီး ၎င်းလာ‌ရောက်‌တွေ့ဆုံသည့်အခါ ကန့်ကွက်သွားကြမည်ဖြစ်သည်ဟု ‌ဒေသခံတစ်ဦးဖြစ်သူ ‌စောဉာဏ်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီဘိလပ်‌မြေစက်ရုံ ‌ဆောက်မည့်ကိစ္စက သ‌ဘောမတူတဲ့ ‌ဒေသခံ‌တွေချည်းပဲ များတယ်။ ကျ‌နော်တို့က သူတို့လာတဲ့အခါ ကန့်ကွက်မှုလုပ်ဖို့ ရှိတယ်။ ဘာဖြစ်လဲဆိုရင် အခု တည်‌ဆောက်ဖို့ရှိတဲ့ ဘိလပ်‌မြေ စက်ရုံဟာ ‌မြေယာပြဿနာနဲ့ ကျန်းမာ‌ရေးဆိုးကျိုး‌တွေ အများကြီး ဖြစ်‌ပေါ်လာမှာကို စိုးရိမ်‌နေကြတယ်”ဟု ‌စောဉာဏ်ဝင်းက ‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါရီ ၂၅ရက်‌နေ့၌ မိကရင်‌ကျေးရွာတွင် Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်မှ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်ရန် ‌ကေအဲန်ယူ တပ်မဟာ(၁)က ‌ထောက်ခံချက် စာတစ်‌စောင် ထုတ်ပြန်ခဲ့ပြီး‌နောက် ‌ဒေသခံများအ‌နေဖြင့် ယခုလို ထပ်မံကန့်ကွက်မှုများ ပြုလုပ်သွားမည့်ကိစ္စကို ပြင်ဆင်လာကြခြင်းဖြစ်‌ကြောင်း သိရသည်။

မိကရင်‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောချစ်လွင်က “ဘိလပ်‌မြေစက်ရုံ‌ဆောက်မယ့် ကိစ္စက ဖွံ့ဖြိုး‌ရေး အတွက်ပဲ‌လေ။ ‌ဒေသခံအတွက် ဘာမှ ထိခိုက်မှု မရှိရင် ‌ကောင်းတယ်။ ထိခိုက်မှုရှိရင်‌တော့ မ‌ကောင်းဘူး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း သံလွင်မြစ်အ‌နောက်ဘက်ကမ်း မြိုင်က‌လေး‌ဒေသ၌ ရှိနှင့်ထားသည့် အစိုးရ ဦးပိုင်ကုမ္ပဏီ၏ တန်‌လေး‌ထောင်နှင့် တန်ကိုးရာ ထွက်ရှိ‌သော တပ်မ‌တော် ဘိလပ်‌မြေစက်ရုံတို့ တွင် ထုံး‌ကျောက်‌တောင် မိုင်း‌ဖောက်ခွဲ ထုတ်လုပ်၍ ထွက်‌ပေါ်လာသည့် အမှုန့်များ‌ကြောင့် ‌ဒေသခံများ အတွက် ကျန်းမာ‌ရေး ဆိုးကျိုးများ ရှိခဲ့သလို ဘိလပ်‌မြေစက်ရုံတည်‌ဆောက်စဉ်က လယ်‌မြေသိမ်းယူမှု များရှိခဲ့‌ကြောင်း ‌ဒေသခံများက ဆိုသည်။

ယခု ထပ်မံတည်‌ဆောက်ရန်ရှိသည့် ဘိလပ်‌မြေစက်ရုံသည် တည်‌ဆောက်မည့်အချိန် အတိအကျ မသတ်မှတ်ရ‌သေး‌သော်လည်း တည်‌ဆောက်‌ရေးဖြစ်‌မြောက်ပါက ကုမ္ပဏီအ‌နေဖြင့် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ အလုပ်အကိုင်၊ ‌ရေမီးရရှိ‌ရေးနှင့် လမ်းတံတားများ လုပ်‌ဆောင်‌ပေးမည့်အပြင် ရရှိလာမည့် အကျိုး အမြတ်ထဲတွင် ‌ဒေသခံများကို ခံစားခွင့်‌ပေး‌ဆောင်သွားမည်ဟု ‌ကေအဲန်ယူ သထုံခရိုင် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်‌စော‌ကျော်မြင့်က မတ်လဆန်းပိုင်းက ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

မိကရင်‌ကျေးရွာတွင် တည်‌ဆောက်သွားရန် ‌ကေအဲန်ယူ တပ်မဟာ(၁)‌ထောက်ခံချက်ထားသည့် Myanmar Ji Dong Cement ကုမ္ပဏီ လီမိတက်၏ ဘိလပ်‌မြေစက်ရုံသည် တန်တစ်‌သောင်းတန် ဘိလပ်‌မြေစက်ရုံဖြစ်‌ကြောင်း သိရသည်။

ယင်းဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ‌မေလ ၁၇ ရက်‌နေ့က မိကရင်‌ကျေးရွာ အုပ်စုအတွင်းရှိ မိကရင်၊ ‌ပေါ်‌တော်မူနှင့် ကြာအင်း‌ပေါ်‌တော်မူ စသည့် ရွာတို့မှ ‌ဒေသခံနှင့် သံဃာ ၁၄၀ဝ ‌ကျော် စု‌ပေါင်းလက်မှတ်‌ရေးထိုးသည့် ကန့်ကွက်စာတစ်‌စောင်ကို သက်ဆိုင်ရာ အစိုးရဌာနအသီးသီးသို့ ‌ပေးပို့ခဲ့သည်။