Home လူငယ့်အသံ လူငယ့်အမြင် လူငယ်များ၏ စကားလက်‌ဆောင်

လူငယ်များ၏ စကားလက်‌ဆောင်

1798

‌နော်မာဂရက်‌ဖော ၂၈နှစ်

ဝါသနာ စာသင်ကြားမှု
ပညာ ဥပ‌ဒေ(‌နောက်ဆုံးနှစ်)

ကျမက မွန်ပြည်နယ်၊ ပျဉ်းမပင်ဆိပ်ရွာမှာ ‌နေပါတယ်။ ကျမမှာ ‌မွေးချင်း‌မောင်နှမ ၅ ‌ယောက်ရှိပါတယ်။ အဲဒီထဲမှာ ကျမက သုံး‌ယောက်‌မြောက်သမီးပါ။ မိဘ‌တွေက‌တော့ ဆုံးသွားကြပြီ။ ငယ်ငယ်တုန်းက‌တော့ ‌ကျောင်းပညာနဲ့ပတ်သက်ပြီး မူလတန်းက‌နေ အလယ်တန်းပြီးတဲ့အထိ ပျဉ်းမပင်ဆိပ်ရွာမှာပဲ ‌နေပါတယ်။ အဲဒီက‌နေတဆင့် မွန်ပြည်နယ်၊ ‌လေး‌ကေ‌ကျေးရွာ အထက်တန်း‌ကျောင်းမှာ ဆက်လက် ပညာသင်ကြားပြီး ၂၀၀၄ခုနှစ်မှာ ဆယ်တန်း‌အောင်မြင်ခဲ့ပါတယ်။ လက်ရှိ ‌မော်လမြိုင် တက္ကသိုလ်မှာ အ‌ဝေးသင်နဲ့ ဥပ‌ဒေ‌နောက်ဆုံးနှစ် တက်ပါတယ်။

ဆယ်တန်း‌အောင်တဲ့နှစ်မှာပဲ အ‌ဝေးသင် တက္ကသိုလ်တက်ရင်း ရွာမှာ ကျမ ‌ကျောင်းဆရာမ ပြန်လုပ်တယ်။ ကျမက စာသင်ကြားမှုကို ဝါသနာပါတယ်‌လေ။ ‌နောက် ပညာ‌ရေးဟာ အ‌ရေးကြီးတဲ့အတွက် က‌လေး‌တွေ ကို ပညာတတ်‌စေချင်တယ်။ စာတတ်‌စေချင်တယ်။ ဒါမှ အနာဂတ်မှာ ကျမတို့ ကရင်လူမျိုး‌တွေ ပိုပြီး တိုးတက်လာမှာကိုး။

ကျမမှာ မိဘကလည်း မရှိ‌တော့အတွက် ဘဝကိုရုန်းကန်ရတဲ့ အ‌ခြေအ‌နေရှိ ‌တော့ ကရင်သဘာဝပတ်ဝန်းကျင်အဖွဲ့တစ်ခုဖြစ်တဲ့ KESAN အဖွဲ့ထဲကို ၂၀၀၆ ခုနှစ်မှာ ကျမ ဝင်ပါတယ်။ ဒီအဖွဲ့ကလည်း လူမှုအကျိုးပြုအဖွဲ့ပဲ‌လေ။ ဒီအဖွဲ့ထဲကို ကျမလုပ်တာ အခုထိပါပဲ။ လုပ်ရင်း ကိုယ့်လူမျိုးရဲ့ အ‌ခြေအ‌နေအများကြီး သိလာသလို ‌ဒေသအတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ‌ရေးရဲ့ ဘယ်‌လောက် အ‌ရေးကြီး‌ကြောင်း ပိုသိလာတယ်။ ဒီသဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လူ‌တွေ ထိန်းသိမ်းတတ်လာ‌အောင် ကျမတို့ အများကြီး ကြိုးစားရဦးမယ်။ အနာဂတ်မှာ သဘာဝပတ်ဝန်းကျင် ပိုမိုမပျက်စီး‌ရေးအတွက် အထူးသဖြင့် လူငယ်‌တွေဟာ လူကြီးထက် အများကြီး တာဝန်ရှိပါတယ်။ ဘာဖြစ်လဲဆို‌တော့ အနာဂတ်သဘာဝပတ်ဝန်းကျင်ဟာ အ‌ကောင်းအဆိုးအတွက် လူငယ်‌တွေ လက်ထဲမှာပဲ ရှိလို့ဖြစ်တယ်။

(ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ)သထုံခရိုင်မှာ လက်ရှိ KESAN အဖွဲ့ရဲ့ အတွင်း‌ရေးမှူးအဖြစ် ကျမ တာဝန်ယူပါတယ်။ ဒီအဖွဲ့ထဲမှာ လုပ်တာ လူအဖွဲ့အစည်းအတွက် အ‌ထောက်အကူပြုတယ်လို့ ယူဆပါတယ်။ ‌ကျောင်းပြီးရင်လည်း ဒီအဖွဲ့ထဲမှာပဲ ဆက်လုပ်ဖို့ စိတ်ကူးထားတယ်။ လိုအပ်မယ် ဆိုရင် စာသင်ကြားမှု ဘက်ကိုလည်း ပြန်လုပ်သွားမယ်။ အခု ဥပ‌ဒေ‌ကျောင်းကို တက်တယ်ဆိုတာလည်း နိုင်ငံ‌ရေးနဲ့ ဆက်စပ်မှုရှိ‌အောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ‌ရှေ့‌နေတစ်‌ယောက်ဖြစ်ဖို့‌တော့ မ‌သေချာ‌သေး ဘူး။

လူငယ်ဆိုတာ အနာဂတ် ကြယ်ပွင့်‌လေး‌တွေဖြစ်တဲ့အတွက် သူတို့‌တွေကို ကျမ‌ပြောချင်တာက ဘယ်‌နေရာ‌ရောက်‌ရောက် အမျိုးသား‌ရေးကို အမြဲသတိရပြီး‌တော့ တစ်‌ယောက်နဲ့တစ်‌ယောက် လက်တွဲအလုပ်လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။