Home သတင်း အ‌ကောင်အထည်‌ဖော်မည့် ‌ရှေ့ဆက်လုပ်ငန်းစဉ်များ BMA ‌ဆွေး‌နွေးအတည်ပြု

အ‌ကောင်အထည်‌ဖော်မည့် ‌ရှေ့ဆက်လုပ်ငန်းစဉ်များ BMA ‌ဆွေး‌နွေးအတည်ပြု

1692

ဧပြီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာနိုင်ငံ‌ဆေးပညာ‌ရေးများအသင်း(BMA)က ၂၀၁၄-၂၀၁၆ ခုနှစ်အတွင်း အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက်မည့် ‌ရှေ့လုပ်ငန်းစဉ်များကို ဧပြီ ၄ရက်မှ ၅ရက်‌နေ့အထိ ကျင်းပသည့် ၎င်းတို့၏ သတ္တမ အကြိမ်ညီလာခံတွင် ‌ဆွေး‌နွေးအတည်ပြုခဲ့သည်ဟု ‌ကြေညာချက်တစ်‌စောင်ထုတ်ပြန်ခဲ့သည်။

ညီလာခံတွင် BMA ဥက္ကဌအဖြစ် ပြန်လည်‌ရွေးချင်တင်‌မြှောက်ခံရသည့် ဆရာမကြီး ‌ဒေါက်တာစင်သီယာ ‌မောင်က “ဒီညီလာခံမှာ ‌ရှေ့ဆက်လုပ်ရမယ့် အလုပ်‌တွေကို ကျမတို့ ‌ဆွေး‌နွေးခဲ့ကြတဲ့အခါ အထူးသဖြင့် ကျမတို့ ကျန်းမာ‌ရေးဝန်ထမ်း‌တွေကြားမှာ အရည်အ‌သွေးမြှင့်တင်သွားမယ်။ တချိန်တည်းမှာ ကျန်းမာ‌ရေး မူဝါဒ‌တွေ ပိုမို‌ကောင်းမွန်ဖွံ့ဖြိုးလာဖို့ နယ်စပ်နဲ့ တိုင်းရင်းသား‌ဒေသတ‌လျှောက်မှာ ကျမတို့ ‌ဆောင်ရွက်သွား မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ပြုလုပ်‌သော ၎င်းညီလာခံတွင် BMA ၏ အဖွဲ့ဝင်များ၊ အထူးဖိတ်ကြား ထားသူများနှင့် ‌လေ့လာသူ စုစု‌ပေါင်း (၆၀)‌ကျော်တက်‌ရောက်ခဲ့ကြပြီး အ‌ကောင်အထည် ‌ဖော်‌ဆောင်ရွက် မည့် BMA ‌ရှေ့လုပ်ငန်းစဉ်များအပြင် ဖွဲ့စည်းပုံအ‌ခြေခံစည်းမျဉ်းကိုလည်း ပြင်ဆင်အတည်ပြုခြင်းတို့ကို ‌ဆောင်ရွက်ခြဲ့က‌ကြောင်း ညီလာခံအပြီး ဧပြီ ၅ရက်‌နေ့က ထုတ်ပြန်သည့် BMA ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ကြေညာချက်ထဲ၌ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုး‌ပေါင်းစုံပြည်သူတစ်ရပ်လုံး ခွဲခြားမှုမရှိဘဲ ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုကို အမြင့်မားဆုံးရယူခံစားနိုင်‌ရေးအတွက် မျှတ‌သော ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုစနစ် တစ်ရပ်လိုအပ်‌ကြောင်း၊ မြန်မာနိုင်ငံငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး ‌ရှေ့ရှု၍ စစ်မှန်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများနှင့် နိုင်လုံးဆိုင်ရာအပစ်အခတ်ရပ်စဲ‌ရေးဖြစ်စဉ်များကို ပထမ‌ခြေလှမ်းအဖြစ် ယခုညီလာခံကြီးမှ ကြိုဆို‌ကြောင်းလည်း ပါရှိသည်။

ထို့အပြင် ကျန်းမာ‌ရေးစနစ်ဖွံ့ဖြိုးတိုးတက်‌ရေးတွင် ကျန်းမာ‌ရေးလုပ်သားများအား တရားဝင်အသိအမှတ်ပြု လာ‌စေ‌ရေးအပါအဝင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သက်ဆိုင်ရာကျန်းမာ‌ရေးတာဝန်ရှိ သူများကို ချဉ်းကပ်သွားရန်၊ ဖက်ဒရယ်ပြည်‌ထောင်စုစနစ်နှင့်အညီ ကျန်းမာ‌ရေးစနစ်နှင့်မူဝါဒများ ‌ပေါ်ထွန်း လာ‌စေ‌ရေးအတွက် တိုင်းရင်းသားလူမျိုးစု ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ အစိုးရကျန်းမာ‌ရေးဌာနနှင့် အစိုးရ မဟုတ်‌သော ကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ လူထုအ‌ခြေပြုအဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ဆောင်ရွက် သွားမည်ဟု ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

‌ဒေါက်တာစင်သီယာ‌မောင်က “နိုင်ငံ‌ရေးအ‌ခြေ အ‌နေပိုပြီး‌တော တည်ငြိမ်လာတယ်လို ယူဆရတဲ့အချိန်မှာ ကျန်မား‌ရေးစနစ်‌တွေ ပိုပြီးအား‌ကောင်းလာ‌အောင် ‌ဆောင်ရွက်ရမယ်။ အထူးသဖြင့် တိုင်းရင်းသား‌ဒေသ ‌တွေရဲ့ နယ်စပ်တ‌လျှောက်မှာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုအ‌ခြေအ‌နေ ဆက်ပြီးအားနည်း‌နေ‌သေးတာကို ‌တွေ့ရတယ်။ ဒါ‌တွေကို ကျမတို့ ပူး‌ပေါင်း‌ဆောင်ရွက်မှု ပိုလုပ်တာနိုင်ရင် ‌ကောင်းပါတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါညီလာခံတွင် ‌ဒေါက်တာစင်သီယာ‌မောင်အား ဥက္ကဌအဖြစ် ပြန်လည်‌ရွေးချယ်တင်‌မြှောက်ပြီး ဒုဥက္ကဌ အဖြစ် ‌ဒေါက်တာ ‌ကျော်ညွှန့်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဆရာ နိုင်‌အေးလွင်၊ တွဲဘက် အတွင်း‌ရေးမှူး ဆရာမ ‌နော်ထူးနှင့် ဘဏ္ဍာ‌ရေးမှူး ဆရာမ ‌နော်ဆိုဖီယာအပါအဝင် BMA ‌ကော်မတီဝင် (၁၁) ဦးကို ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြသည်။

နယ်စပ်‌ဒေသရှိ ဒုက္ခသည်များ၊ ‌ရွှေ့‌ပြောင်းအလုပ်သမားများနှင့် ပြည်တွင်းဒုက္ခသည်များအကြား ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှုစနစ် တိုးတက်‌ကောင်းမွန်လာ‌စေရန် ရည်ရွယ်၍ မြန်မာ့‌ဆေးပညာရှင်များ ပူး‌ပေါင်းကာ မြန်မာနိုင်ငံ‌ဆေးပညာ‌ရေးများအသင်း(Burma Medical Association-BMA)ကို ၁၉၉၁ခုနှစ်၌ ကရင်ပြည်နယ်အတွင်း တစ်‌နေရာတွင် ဖွဲ့စည်းခဲ့သည်။