Home သတင်း ‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း၍ အထက်တန်း‌ကျောင်း တည်‌ဆောက်

‌ကေအဲန်ယူနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း၍ အထက်တန်း‌ကျောင်း တည်‌ဆောက်

1837

‌ဆောက်လုပ်‌နေဆဲ ‌ကေအဲန်ယူ-ဒီ‌ကေဘီ‌အေ ပူးတွဲ အထက်တန်း‌ကျောင်း

ဧပြီ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

က‌လေးများ၏ ပညာရည်မြင့်မား‌ရေးကို ရည်ရွယ်၍ ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့နယ် ‌သေ‌ဘောဘိုး‌ကျေးရွာတွင် ကရင် အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ)နှင့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တို့ ပူး‌ပေါင်းကာ အထက်တန်း ‌ကျောင်းတစ်‌ကျောင်း တည်‌ဆောက်လျှက်ရှိသည်။

၎င်း‌ကျောင်းကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလကစတင် တည်‌ဆောက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ထိုင်းဘတ်‌ငွေ ၃၅သိန်း‌ကျော် အကုန်အကျခံရန် လျာထားကာ လာမည့် ၂၀၁၅ ခုနှစ်တွင် ‌ကျောင်းဖွင့်လှစ်နိုင်မည်ဖြစ်‌ကြောင်း နယ်‌မြေခံ ‌ကေအဲန်ယူ ‌ကော့က ရိတ်မြို့နယ် ပညာ‌ရေး‌ကော်မတီ၏ အတွင်း‌ရေးမှူး ‌စောမြင့်သန်း က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

“‌ကျောင်းတည်‌ဆောက်ပြီးသွားရင် ‌ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ကရင်စာအပြင် အ‌ခြေခံ ကွန်ပျူတာပညာပါ ထည့်သွင်းသင် ကြား‌ပေးဖို့လည်း ကျ‌နော်တို့ ရည်ရွယ်ထားပါတယ်”ဟု ‌စောမြင့်သန်းက ‌ပြောသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် တာဝန်ရှိသူများနှင့် ဒီ‌ကေဘီ‌အေ တာဝန်ရှိသူများသည့် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ၌ ဒီ‌ကေဘီ‌အေ၏ ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်‌ကျေးရွာတွင် ‌တွေ့ဆုံခဲ့ပြီး လက်ရှိ တည်ရှိ‌နေသည့် ‌သေ‌ဘောဘိုး ကိုယ်ထူ ကိုယ်ထ မူလတန်း‌ကျောင်းကို အထက်တန်း‌ကျောင်းအဖြစ် တည်‌ဆောက်သွားရန် သ‌ဘောတူညီခဲ့ကြခြင်းဖြစ်သည်။

‌ကျောင်းတည်‌ဆောက်သည့် ကိစ္စနှင့် ပတ်သက်၍ ‌သေ‌ဘောဘိုး ရွာသူကြီးဖြစ်သူ ‌စော‌ထောပလိုက “ပညာ‌ရေးဆိုတာ အ‌ရေး ကြီးတဲ့အရာဖြစ်တဲ့အတွက် အထက်တန်း‌ကျောင်း တည်‌ဆောက်လိုက်တာ ကျ‌နော်တို့ ဝမ်းသာတယ်။ က‌လေး‌တွေအတွက် အများကြီး အကျိုးရှိမယ်လို့ ယုံကြည်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောင်းတည်‌ဆောက်ခြင်းပြီးစီးသွားပါက လိုအပ်သည့် ‌ကျောင်းသုံးပစ္စည်းများအတွက် ကရင်ပညာ‌ရေးဌာန (‌ကေအီးဒီ)မှ တာဝန်ယူ‌ပေးသွားမည်ဖြစ်ပြီး ‌ကျောင်းကို ၎င်း‌ဒေသရှိ ‌သေ‌ဘောဘိုး၊ တာအူထာ့၊ ကွီးလားစု၊ အူးက‌လေးထာ့၊ ‌မောကဲထာ့၊ ဝါ့‌မေ ထာ့၊ ‌လေး‌ဝေါ်၊ လယ်ဒို့၊ ‌ကော်ဆဲနှင့် အကျူး စသည့် ‌ကျေးရွာများရှိ က‌လေးများ လာ‌ရောက်သင်ကြားကြမည်ဟု သိရသည်။

ဒီ‌ကေဘီ‌အေသည် ၁၉၉၄ခုနှစ်ကုန်ပိုင်း၌ ‌ကေအဲန်ယူမှ ခွဲထွက်ပြီး‌နောက် ပညာ‌ရေးနှင့်ပတ်သက်၍ ယခုလို အထက်တန်း ‌ကျောင်းကို ပူးတွဲ တည်‌ဆောက်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။