Home သတင်း ‌ကေအဲန်ယူ ‌တောင်ငူခရိုင်တွင် နှစ်ဘက်‌ရော‌နှောအုပ်ချုပ်သည့်ရွာများသာ သန်း‌ခေါင်စာရင်း အပြည့်အဝ ‌ကောက်နိုင်ခဲ့

‌ကေအဲန်ယူ ‌တောင်ငူခရိုင်တွင် နှစ်ဘက်‌ရော‌နှောအုပ်ချုပ်သည့်ရွာများသာ သန်း‌ခေါင်စာရင်း အပြည့်အဝ ‌ကောက်နိုင်ခဲ့

1443

ဧပြီ ၁ဝ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၂)နယ်‌မြေ၊ ‌တောင်ငူခရိုင်တွင် အစိုးရနှင့် ‌ကေအဲန်ယူတို့ နှစ်ဖက် ‌ရော‌နှောအုပ်ချုပ်သည့် နယ်‌မြေတွင်သာ သန်း‌ခေါင်စာရင်း အပြည့် အဝ ‌ကောက်ယူနိုင်ခဲ့သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

“သန်း‌ခေါင်စာရင်းကို နှစ်ဖက်‌ရော‌နှောအုပ်ချုပ်တဲ့နယ်‌မြေမှာ‌တော့ ကျ‌နော်တို့ တတ်နိုင်သ‌လောက် ကျ‌နော် တို့ လူ‌တွေ လွှတ်ပြီး‌တော့ ဝိုင်းကူပါတယ်။ သန်း‌ခေါင်စာရင်း ‌ကောက်တဲ့‌နေရာ‌တွေကို လည်း ကျ‌နော်တို့ လူ‌တွေ ထည့်ပြီး‌တော့ ကူညီ‌စောင့်ကြည့်တာ‌တွေ ရှိတယ်။ အဲဒီအတွက်‌တော့ ဘာမှ ပြသနာ မရှိဘူး။ ဒါ‌ပေမယ့် ရွာပုန်းရွာ‌ရှောင် ရှိတဲ့ ‌နေရာမျိုးကျ‌တော့ မြန်မာအစိုးရအဖွဲ့ကို ‌ပေးမဝင်ဘူး”ဟု ‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက ‌ပြောသည်။

ထိုသို့ ‌ပေးမဝင်ရခြင်းမှာ ‌ကေအဲန်ယူ တပ်မဟာ (၂) နယ်‌မြေကို အစိုးရက စစ်ဆင်‌ရေးနယ်‌မြေအဖြစ် သတ်မှတ်ထားသည်ကို ရုပ်သိမ်းခြင်းမရှိသည့်အတွက် အစိုးရဘက်မှ ဝင်ထွက် သန်း‌ခေါင်စာရင်း ‌ကောက် ယူမှုကို ခွင့်မ‌ပေးခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

သို့‌သော် ပြည်တွင်း ငြိမ်းချမ်း‌ရေးကို ‌ရှေ့ရှု‌သောအားဖြင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုကို အစိုးရနှင့် အတတ်နိုင်ဆုံးလုပ်‌ဆောင်‌နေပြီး သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ယခင်က ‌ဒေသခံပြည်သူ ‌တွေနှင့် ညှိနှိုင်း‌ဆောင်ရွက်မှု မရှိခြင်း၊ ‌ဒေသအတွင်း ‌တောင်ကုန်း‌ပေါ များသည့်အတွက် သွားလာရခက်ခဲခြင်း‌ကြောင့် မှန်ကန်ပြည့်စုံ သည့် စာရင်းထွက်ရန် မလွယ်ကူ ‌ကြောင်း ပဒို‌စောအယ်ဝါးက ဆက်‌ပြောသည်။

‌ကေအဲန်ယူ ‌တောင်ငူခရိုင်အတွင်း အစိုးရတပ်ဘက်က စစ်ဆင်‌ရေးနယ်‌မြေအဖြစ် သတ်မှတ်ထားသည့် ‌ဒေသများမှာ ‌တောင်ငူနှင့် ‌ဘောဂလိရွာအကြား မိုင်နှစ်ဆယ်မှစ၍ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းမှ ‌ခေးပူ‌ဒေသအထိနှင့် ‌တောင်ငူခရိုင်၏ ‌တောင်ဘက်ခြမ်းရှိ ‌မော်နီပွား‌ဒေသ၊ သံ‌တောင်ကြီး မြို့နယ် ‌သောက်‌ရေခတ်‌ချောင်း အ‌နောက်ဘက်ခြမ်းတို့ ဖြစ်သည်။
ထို့အတူ ‌ကေအဲန်ယူ တပ်မဟာ(၅)ထိန်းချုပ်ရာနယ်‌မြေဘက်တွင်လည်း သန်း‌ခေါင်စာရင်း ‌ကောက်ခံမှုကို နယ်‌မြေခံ ‌ကေအဲန်ယူ တာဝန်ရှိသူများမှ ခွင့်မပြုသဖြင့် အစိုးရ ထိန်းချုပ်မှု‌အောက်ရှိ နယ်‌မြေတစ်ချို့၌သာ သန်း‌ခေါင်စာရင်း ‌ကောက်ခံနိုင်ခဲ့သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံတွင် တနိုင်ငံလုံးဆိုင်ရာ သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် ဧပြီလ ၉ရက်‌နေ့အထိ ကရင်ပြည်နယ်အတွင်း သန်း‌ခေါင်စာရင်း ၇၂ရာခိုင်နှုန်းနှင့် ပဲခူးတိုင်း‌ဒေသကြီးတွင် ၈ဝ ရာခိုင်နှုန်း‌ကျော် ‌ကောက်ယူပြီးစီး သွားပြီးဖြစ်သလို တနိုင်ငံလုံးတွင် အိမ်‌ထောင်စု‌ပေါင်း ကိုးသန်းခွဲ‌ကျော် ‌ကောက်ယူနိုင်ခဲ့သည်ဟု ဗဟိုသန်း‌ခေါင်စာရင်း‌ကောက်ယူမှု ‌ကော်မရှင်၏ ထုက်ပြန်ချက်များအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်အစိုးရရုံးတွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များနှင့် လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနမှ ပြည်‌ထောင်စုဝန်ကြီး ဦးခင်ရီတို ့‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ရာ သန်း‌ခေါင်စာရင်း‌ကောက်ယူမှုကို အစိုးရနှင့် ပူး‌ပေါင်းလုပ်‌ဆောင်ရန် ‌ကေအဲန်ယူက လက်ခံခဲ့ခြင်းဖြစ်သည်။