Home သတင်း ‌တောင်က‌လေးဆရာ‌တော်မှ ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပရန် ‌ကော်မတီဖွဲ့

‌တောင်က‌လေးဆရာ‌တော်မှ ပညာဒါနဆုချီးမြှင့်ပွဲ ကျင်းပရန် ‌ကော်မတီဖွဲ့

1653

ပညာဒါနဆုချီးမြှင့်ပွဲ ‌ကော်မတီဖွဲ့ရန် ပြုလုပ်သည့် အစည်းအ‌ဝေး

ဧပြီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ‌တောင်က‌လေး ဆရာ‌တော် အရှင်ပညာသာမိမှ ၂၀၁၂-၁၃ ခုနှစ် ပညာသင်နှစ် အတွက် ဆယ်တန်းဂုဏ်ထူး ၁ ဘာသာမှ ၆ဘာသာအထိ ‌ဖြေဆို‌အောင်မြင်သည့် ‌ကျောင်းသား‌ကျောင်းသူ များအား ပညာဒါနဆုချီးမြှင့်ကျင်းပရန် ပွဲကျင်းပ‌ရေး‌ကော်မတီအဖွဲ့တစ်ဖွဲ့ကို ဧပြီ ၆ရက်‌နေ့က ဖွဲ့စည်းလိုက်သည်။

ဖားအံမြို့၊ ‌တောင်က‌လေးဘုန်း‌တော်ကြီး‌ကျောင်း၌ အရှင်ပညာသာမိ၏ တပည့်သံဃာ‌တော်များ၊ ပါတီနိုင်ငံ‌ရေးအဖွဲ့များ၊ ‌တောင်က‌လေးရွာ ရပ်မိရပ်ဖများ၊ ဘွဲ့ရလူငယ်ပညာတတ်များနှင့် ‌ကျောင်းဆရာ၊ ဆရာမများ စုစု‌ပေါင်း ၃ဝ ‌ကျော် တက်‌ရောက်‌သော အစည်းအ‌ဝေးပွဲတစ်ရပ်တွင် ထိုသို့ ‌ကော်မတီဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

‌တောင်က‌လေးဘုန်း‌တော်ကြီး ‌ကျောင်းပညာ‌ရေး‌ကျောင်းအုပ်ဆရာ‌တော် အရှင်ဥတ္တမက “‌တောင်က‌လေး ဆရာ‌တော် အရှင်ပညာသာမိက ဂုဏ်ထူးရရှိတဲ့ ‌ကျောင်းသား‌ကျောင်းသူလူငယ်များကို ပညာဒါနဆုချီးမြှင့်ဖို့ ဘယ်လိုအခမ်းအနားနဲ့ စီစဉ်ကျင်းပသွားမလဲ‌ပေါ့။ ဒါကို ကြိုတင်ပြင်ဆင်တဲ့အ‌နေနဲ့ ပွဲကျင်းပ‌ရေး ‌ကော်မတီ ကို ဖွဲ့နိုင်ဖို့ ဆရာ‌တော်တပည့်များကို ဖိတ်ကြားပြီး အခုလို အစည်းအ‌ဝေးနဲ့ ‌ဆွေး‌နွေးတိုင်ပင်ကြတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ မြွက်ကြားသည်။

ထို‌တွေ့ဆုံ‌ဆွေး‌နွေးအစည်း‌ဝေးတွင် အဖွဲ့ဝင် ၁၃ဦးပါဝင်‌သော ပွဲကျင်းပ‌ရေး‌ကော်မတီ ဖွဲ့စည်းခဲ့ပြီး ‌ကော်မတီ ဥက္ကဌအဖြစ် ကြာအင်း‌တောင်ဆရာ‌တော် ဦး‌သောဘိတ၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌တောင်က‌လေး ဘုန်း‌တော်ကြီး‌ကျောင်းအုပ် ဦးဥတ္တမ၊ ဘဏ္ဍာ‌ရေးမှူး ‌ဒေါ်ဝင်းဝင်းသူ စသည်တို့ဖြစ်‌ကြောင်း သိရသည်။

ဂုဏ်ထူးဖြင့် ဆယ်တန်း‌အောင်မြင်သည့် မျိုးဆက်သစ်လူငယ်များအား ‌တောင်က‌လေးဆရာ‌တော်မှ ယခု ဧပြီ ၂၇ ရက်‌နေ့၊ ‌တောင်က‌လေး‌ကျောင်း၌ ပညာဒါနဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဂုဏ်ထူး ၆ ဘာသာဖြင့် ‌အောင်မြင်သူများကို ‌ရွှေစင်ဆု (‌ရွှေ ၂ ကျပ်သား)၊ ၅ ဘာသာ (‌ရွှေ ၁ ကျပ်ခွဲသား)၊ ၄ ဘာသာ (‌ရွှေ ၁ ကျပ်သား)၊ ၃ ဘာသာ (‌ရွှေ ၅ မူးသား) စသဖြင့် ဆုချီးမြင့်သွားမည့်အပြင် အခြား ၁ဘာသာ၊ ၂ ဘာသာ ဂုဏ်ထူးရရှိသူများကိုလည်း ချီးမြှင့်သွားရန်ရှိသည်ဟု ‌တောင်က‌လေးဘုန်း‌တော်ကြီး ‌ကျောင်းပညာ‌ရေး ‌ကျောင်းအုပ်ဆရာ‌တော် အရှင်ဥတ္တမက မြွက်ကြားသည်။

ထိုသို့ ကျင်းပပြုလုပ်မည့် ယင်းပွဲကို ‌တောင်က‌လေးဆရာ‌တော် ညွန်ကြားချက်နှင့်အညီ နိုင်ငံ‌တော်ပွဲ အဆင့်ဖြင့် ကျင်းပသွားမည် ဖြစ်ပြီး ဆုများကို ‌ငွေသားဖြင့် ‌ရွှေကာလ‌ပေါက်‌ဈေးအတိုင်း ‌ပေး‌ဆောင်သွား မည်ဖြစ်သည်ဟု ဆရာ‌တော်၏ ဒါယကာတစ်ဦးဖြစ်သူ ဦးမြင့်‌ဌေးက ‌ပြောသည်။

၎င်းအပြင် ဂုဏ်ထူးဖြင့် ‌အောင်မြင်ကြသည့် ‌ကျောင်းသား‌ကျောင်းသူများသည် ‌တောင်က‌လေးဆရာ‌တော်မှ လူမျိုးဘာသာမ‌ရွေး ဆုချီးမြှင့်သွားမည်ဖြစ်‌ကြောင်း၊ စိတ်အားထက်သန်သည့် အခြားအလှူရှင်များရှိပါက လည်း ပါဝင်ပူး‌ပေါင်း အလှူ‌ငွေများထည့်နိုင်‌ကြောင်းနှင့် ဆုရရှိသူများအ‌နေဖြင့် မိမိရိုးရာတိုင်းရင်းသားဝတ်စုံ များ ဝတ်ဆင်ကာ ဆုတက်‌ရောက်ယူရမည်ဖြစ်သည်ဟု သတ်မှတ်ထား‌ကြောင်း သိရသည်။

ပွဲကျင်းပ‌ရေး‌ကော်မတီ၏ ဘဏ္ဍာ‌ရေးမှူး ‌ဒေါ်ဝင်းဝင်းသူ “ဆုများကို အခြားမည်သူမဆို ပါဝင်ချီးမြှင့်လိုပါက မိမိ‌စေတနာအ‌လျှောက် ချီးမြှင့်လှူဒါန်နိုင်ပါတယ်။ ‌တောင်က‌လေး ‌ကော်မတီအဖွဲ့သို့ ဆက်သွယ်နိုုင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၂-၁၃ ခုနှစ် ပညာသင်နှစ်အတွက် ဆယ်တန်းဂုဏ်ထူး ၁ ဘာသာမှ ၆ဘာသာအထိ ‌အောင်မြင်သည့် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေမှာ (၅၆)ဦးရှိပြီး ကရင်ပြည်နယ်အတွင်း၌ ‌တောင်က‌လေးဆရာ‌တော် အရှင်ပညာသာမိမှ ပထမဆုံးအကြိမ် ချီးမြှင့်မည့် ပညာဒါနဆုချီးမြှင့်ပွဲဖြစ်‌ကြောင်း သိရသည်။