Home သတင်း မြဝတီ-‌ကော့ကရိတ်ကားလမ်းမှ ခရီးသည်တင်ယာဉ်တိမ်း‌မှောက်မှု‌ကြောင့် ၇ဦး‌သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိ

မြဝတီ-‌ကော့ကရိတ်ကားလမ်းမှ ခရီးသည်တင်ယာဉ်တိမ်း‌မှောက်မှု‌ကြောင့် ၇ဦး‌သေဆုံးပြီး ၃၈ဦး ဒဏ်ရာရရှိ

2660

ဧပြီ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ မြဝတီ-‌ကော့ကရိတ်‌တောင်‌ပေါ်ကားလမ်းတွင် ခရီးသည်များတင်‌ဆောင်လာ‌သော မှန်လုံကားတစ်စီးသည် ယမန်‌နေ့က ဘရိတ်‌ပေါက်ပြီး ‌ချောက်ထဲသို့ ထိုးဆင်းတိမ်း‌မှောက် သွား‌သော‌ကြောင့် ခရီးသည် ၇ဦး‌သေဆုံးပြီး ၃၈ ဦးဒဏ်ရာရရှိ‌ကြောင်း အဆိုပါလူနာများကို လိုက်လံ ကူညီ‌ပေး‌နေသူများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ ကားတိမ်း‌မှောက်မှု‌ကြောင့် ဒဏ်ရာရရှိခဲ့သည့် ခရီးသည်များကို ‌ကော့ကရိတ်မြို့ ‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေကြပြီး ဒဏ်ရာပြင်းထန်သည့် လူနာများကို ရန်ကုန်နှင့် ဖားအံမြို့သို့ ပို့‌ဆောင်ခဲ့‌ကြောင်း လူနာများကို လိုက်လံကူညီ‌ဆောင်ရွက်‌ပေး‌နေသည့် ‌ကော့ကရိတ်မြို့ခံ မအားညိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလက်ရှိ‌ပေါ့‌နော် ‌သေတာက မိန်းက‌လေး ၅ ‌ယောက်နဲ့ ‌ယောက်ကျား‌လေး ၂‌ယောက်။ အ‌ခြေအ‌နေဆိုးတဲ့ လူနာက‌တော့ ရန်ကုန်မှာတစ်‌ယောက်နဲ့ ဖားအံမှာတစ်‌ယောက်ပို့ထားတယ်” ဟု သူမက ‌ပြောသည်။

ဧပြီလ ၁ဝရက်‌နေ့က တိမ်း‌မှောက်သွားသည့် မြဝတီ-ဖြူး-‌တောင်ငူ ယာဉ်လိုင်းမှ ခရီးသည်တင် အို‌အေစစ်မှန်လုံကားသည် မြဝတီမှ အဆင်း တရုတ်ဖြူ‌တောင်နှင့် အလယ်ဗိုလ်တဲကြား၊ မိုင်တိုင် အမှတ် ၈၄/၈၅ အ‌ရောက်တွင် ဘရိတ်‌ပေါက်ပြီး လမ်း၏ဘယ်ဘက် ‌ပေတစ်ရာခန့် အနက်ရှိသည့် ‌ချောက်ထဲသို့ ထိုးဆင်းသွားခဲ့ခြင်း ဖြစ်သည်။

၎င်းမှန်လုံကားတွင် ထိုင်းနိုင်ငံမှ အလုပ်သွား‌ရောက်လုပ်ကိုင်ပြီး သကြင်္န်အတွင်း ‌နေရပ်သို့ ပြန်လာလည်သည့် ခရီးသည် (၄၅)ဦး ပါရှိပြီး ထိုအခင်းဖြစ်ပွားရာ‌နေရာသို့ မြဝတီမြို့ ‌စေတနာ နာ‌ရေး ကူညီမှုအသင်းမှ ‌ဒေါက်တာကိုကို‌အောင်၊ ဦးလှထွန်းနှင့် အ‌ရေး‌ပေါ်ကယ်ဆယ်‌ရေး သင်တန်းမှ သင်တန်းသား ၄ဝ ‌ကျော်တို့က သွား‌ရောက်ကာ ကားနှင့်အတူ ‌ချောက်ထဲသို့ ကျပြီး ဒဏ်ရာရရှိသည့်လူနာများကို ကယ်ဆယ်ကူညီ‌ပေးခဲ့‌ကြောင်း သိရသည်။

လက်ရှိ ‌ကော့ကရိတ်‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေကြသည့် လူနာများကို ‌ကော့ကရိတ်ခရိုင်၊ မြို့နယ်အုပ်ချုပ်‌ရေးမှူးနှင့်အဖွဲ့၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ ‌ကော့ကရိတ် ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝင်းကြီးရပ်ကွက်မှလူငယ်များ၊ ‌ကော့ကရိတ် ‌သွေး အကူညီ‌ပေး‌ရေးအဖွဲ့တို့မှ ကူညီ‌စောင့်‌ရှောက်‌ပေးလျက်ရှိ‌ကြောင်း ၈၈မျိုးဆက်အဖွဲ့မှ ဦး‌အောင်တိုးက ‌ပြောသည်။

ဦး‌အောင်တိုးက “လက်ရှိမှာ‌တော့ ဒရိုင်ဘာကို‌တော့ မ‌တွေ့‌သေးဘူး။ ထွက်‌ပြေးတာလား။ ကား‌အောက်မှာပဲ ညှပ်‌နေလား‌တော့ မသိ‌သေးဘူး။ ကားပိုင်ရှင်က‌တော့ လက်ရှိ ‌ကော့ကရိတ် ‌ဆေးရုံမှာ အတွင်းလူနာအ‌နေနဲ့ ‌ဆေးကုသခံ‌နေရတယ်” ဟု ‌ပြောသည်။

‌ကော့ကရိတ်‌ဆေးရုံသို့ ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းခဲ့‌သော်လည်း ဆရာဝန်များ မအားသည့်အတွက်‌ကြောင့် ‌မေးမြန်း၍ မရခဲ့ပါ။
မြဝတီ-‌ကော့ကရိတ် ‌တောင်‌ပေါ်ကားလမ်းသည် ကျဉ်း‌မြောင်း၍ အ‌ကွေ့အ‌ကောက်များပြီး လမ်းကြမ်းသည့်အတွက်‌ကြောင့် ဆိုင်ကယ်များ၊ ကားများ မ‌တော်တဆဖြစ်ပွားမှု၊ ‌ချောက်ထဲသို့ တိမ်း‌မှောက်ပြုတ်ကျမှုများ မကြာခဏ ဖြစ်ပွားလျက်ရှိ‌ကြောင်း သိရသည်။