Home တွေ့ဆုံမေးမြန်းခန်း Salween Institute (SI) for Public Policy ဒါရိုက်တာ ‌စောကပီနှင့် ဆက်သွယ်‌မေးမြန်းခြင်း

Salween Institute (SI) for Public Policy ဒါရိုက်တာ ‌စောကပီနှင့် ဆက်သွယ်‌မေးမြန်းခြင်း

2323

‌မေး – Salween Institute ကို ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ဘယ်နှစ်ခုနှစ်က စတင်တည်‌ထောင်ခဲ့တာပါသလဲ။
ကျ‌နော့်အ‌နေနဲ့ အခြားလုပ်‌ဖော်ကိုင်ဖက် ၅ဦးနဲ့အတူ ၂၀၁၂ခုနှစ်မှာ စတင် တည်‌ထောင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသ ဖြင့် တိုင်းရင်းသားလူငယ်များအ‌နေနဲ့ မြန်မာပြည်နဲ့ ပတ်သက်တဲ့ မူဝါဒ‌ရေးရာ သုံးသပ်ချက်စာတမ်းများကို ‌ရေးသား၊ ထုတ်‌ဝေ နိုင်ဖို့အတွက် SI ကို ဖွဲ့စည်းထားတာပါ။ အဲဒီလိုသုံးသပ်တယ် ဆိုတဲ့‌နေရာမှာလည်း ရှု‌ထောင့်မျိုးစုံ၊ ကဏ္ဍ‌ပေါင်းစုံက‌နေပြီး လုပ် နိုင်ဖို့ရယ်၊ ပြီး‌တော့ ကျ‌နော်တို့ရဲ့ မူဝါဒ‌ရေးရာ သုံးသပ်ချက်‌တွေ ‌အောက်‌ခြေလူထု လူမှုအဖွဲ့အစည်းများရဲ့ ပကတိ အ‌ခြေအ‌နေ နဲ့ လိုအပ်မှု‌တွေအ‌ပေါ်မှာ အ‌ခြေခံနိုင်ဖို့အတွက် အ‌ရေးကြီးတယ်လို့ မြင်ပါတယ်။ အဲ့ဒါ‌ကြောင့် Community Empowerment လူထုအ‌ခြေပြုအဖွဲ့အစည်းများရဲ့ စွမ်းရည်မြှင့်တင်‌ရေးလုပ်ငန်းများနဲ့ တစ်ပါတည်း လုပ်‌ဆောင်နိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်။

‌မေး – ဒီအင်စတီကျူဟာ အဓိက ဘယ်လိုလုပ်ငန်းစဉ်မျိုး‌တွေ လုပ်‌ဆောင်‌နေခဲ့ပါသလဲ။ လုပ်ငန်းစဉ် တစ်ခုချင်းစီနဲ့ လွှမ်းခြုံလုပ် ‌ဆောင်‌နေတဲ့ နယ်‌မြေ‌တွေကို ‌ပြောပြ‌ပေး‌စေချင်ပါတယ်။
အ‌ခြေခံလူမှုအဖွဲ့အစည်းများရဲ့ လိုအပ်ချက်‌ပေါ်မှာ မူတည်ပြီး‌တော့၊ ကျ‌နော်တို့ရဲ့ Partner အဖွဲ့အစည်းများနဲ့အတူ ‌ကျောက်ကြီး၊ သံ‌တောင်ကြီး၊ လွိုင်‌ကော်၊ ဖားအံ၊ ရန်ကုန်မြို့‌တွေမှာ Community Empowerment သင်တန်းများကို ပို့ချ‌ပေးပါ တယ်။ ပြီး‌တော့ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူမှုကယ်ဆယ်‌ရေးဆိုင်ရာ မူဝါဒစာတမ်းများကို သက်ဆိုင်ရာ လိုအပ်တဲ့အဖွဲ့အစည်း များအတွက် ‌ရေးသားပြုစု‌ပေးတာမျိုးကို အဓိကအားဖြင့် လုပ်‌ဆောင်‌ပေး‌နေပါတယ်။ အဖွဲ့အစည်းများက‌တော့ ထိုင်း၊ မြန်မာ နယ်စပ်အ‌ခြေစိုက် အဖွဲ့အစည်းများနဲ့ ပိုပြီးလုပ်ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများ ဖြစ်ကြပါတယ်။

‌မေး – ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အရ အခုဆိုရင် ဘယ်‌လောက် ထိ‌ရောက် ‌အောင်မြင်မူ‌တွေရရှိ‌နေပါသလဲ။ သာဓကက‌လေး တစ်ခု‌လောက် ‌ဖော်ပြ‌ပေးပါ။
မြန်မာနိုင်ငံမှာ ဖြစ်‌ပေါ်‌ပြောင်းလဲ‌နေတဲ့ နိုင်ငံ‌ရေး‌ရေချိန်ကို ညှိပြီးမှလုပ်ရတာဖြစ်တဲ့အတွက် ဆန္ဒရှိသ‌လောက်လုပ်ဖို့က စိန်‌ခေါ်မှု‌လေး‌တွေ‌တော့ ရှိပါတယ်။ ပြီး‌တော့ ကျ‌နော်တို့က နိုင်ငံတကာအ‌ထောက်အပံ့ဆိုတာမျိုးကို အားကိုးအားထားပြုပြီး လုပ်တာမဟုတ်‌တော့ ကိုယ့်အ‌နေအထားနဲ့ပဲ အ‌ကောင်းဆုံးဖြစ်‌အောင် ကြိုးစား‌နေတာပါ။ ‌အောင်မြင်မှုရှိတယ်လို့ ‌ပြောလို့ရသ လို၊ အားရ‌ကျေနပ်မှုလည်း ရှိသင့်သ‌လောက်ရှိပါတယ်။ ဒီထက် အများကြီးလုပ်နိုင်ဖို့‌တော့ ‌မျှော်လင့်ထားပါတယ်။ အစီအစဉ်‌တွေ လည်း ရှိပါတယ်။

‌မေး – ရည်မှန်းချက်အရ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်တဲ့အခါမှာ ‌တွေ့ကြုံရတဲ့အခက်အခဲ‌တွေက ဘာ‌တွေပါလဲ။ အဲ့ဒါကို ဘယ်လိုရင်ဆိုင်‌ဖြေရှင်းခဲ့ပါသလဲ။
အဓိကစိန်‌ခေါ်မှုက ဘာလဲဆို‌တော့ ‌ငွေ‌ကြေး‌ထောက်ပံ့မှုအင်အား လိုပါတယ်။ ပြီး‌တော့ တိုင်းရင်းသား အဖွဲ့အစည်း များရဲ့ အမြင်ကျယ်မှုနဲ့သ‌ဘောထားကြီးမှု၊ ပူး‌ပေါင်း‌ဆောင်ရွက်မှုရှိဖို့လည်း လိုအပ်ပါတယ်။ ကျ‌နော်တို့က တိုင်းရင်းသားအဖွဲ့အ စည်းနဲ့ လူမှုအဖွဲ့အစည်းများရဲ့ soft power ကို တည်‌ဆောက်‌နေတာလည်းဖြစ်‌တော့ ဒီ soft power လို့‌ခေါ်တဲ့ အသိ၊ အတတ် နဲ့ ‌လေ့လာသုံးသပ်နိုင်တဲ့ စွမ်းအားရှိဖို့၊ အ‌ရေးကြီးမှုကိုသိဖို့က အင်မတန် အ‌ရေးကြီးပါတယ်။ ဒီအချက်ကို သ‌ဘော‌ပေါက်ဖို့ လုပ် ‌ဆောင်ရတာကိုက စိန်‌ခေါ်မှုတစ်ရပ်ပါ။

‌မေး – အခြားဘယ်အဖွဲ့အစည်းနဲ့‌ကော ပူးတွဲလုပ်‌ဆောင်မှု‌တွေ ရှိ‌နေပါသလဲ။ ဥပမာ သ‌ပြေပညာ‌ရေး‌ဖောင်‌ဒေးရှင်းလိုမျိုး‌ပေါ့။
တိုင်းရင်းသားလူငယ်အဖွဲ့အစည်း ‌တော်‌တော်များများနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ် အ‌ခြေ ပြုအဖွဲ့ထဲမှာဆိုရင်‌တော့ HCCG လို့‌ခေါ်တဲ့ Health Convergence Core Group လို့ ကျန်းမာ‌ရေးဆိုင်ရာအဖွဲ့များ ပူး‌ပေါင်း ထားတဲ့အဖွဲ့နဲ့ မူဝါဒ‌ရေးရာ စာတမ်း‌ရေးသားပြုစုတဲ့‌နေရာမှာ ပူး‌ပေါင်း‌ဆောင်ရွက်မှုရှိပါတယ်။ တိုင်းရင်းသားပညာ‌ရေးအဖွဲ့ များနဲ့လည်း လုပ်ပါတယ်။ ကရင်အမျိုးသားကျန်းမာ‌ရေးနဲ့ ကယ်ဆယ်‌ရေးဌာန KDHW နဲ့လည်း ပူး‌ပေါင်း‌ဆောင်ရွက်မှု‌တွေ ရှိပါ တယ်။ Burma Relief Center (BRC) နဲ့လည်း အတူပါဝင်လုပ်‌ဆောင်မှု ရှိပါတယ်။
အဓိက က‌တော့ ကျ‌နော်တို့ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများအ‌နေနဲ့ မိမိတို့ ‌နေရပ်‌ဒေသမှာ သက်‌ရောက်မှု ရှိလာမဲ့ မူဝါဒ‌ရေးရာ ‌ဆွေး‌နွေးမှု၊ ပြုစု‌ရေးသားမှု၊ ချမှတ်မှု‌တွေမှာ ပိုပြီးထိ‌ရောက်‌အောင် ပါဝင်လုပ်‌ဆောင်နိုင်ဖို့ ရည်ရွယ်တာဖြစ် လို့ Policy matters ‌တွေမှာ (Salween Institute အ‌နေနဲ့) ပါဝင်အင်အားဖြည့် လုပ်‌ဆောင်‌နေခြင်းဖြစ်ပါတယ်။ ‌ကျေးဇူးတင်ပါ တယ်။