Home သတင်း ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင် ၅ဦးကို လိုင်ဇာညီလာခံတက်ရန် အ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ ‌ရွေးချယ်

‌ကေအဲန်ယူ ‌ခေါင်း‌ဆောင် ၅ဦးကို လိုင်ဇာညီလာခံတက်ရန် အ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ ‌ရွေးချယ်

1720

ဇူလိုင် ၁၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

လာမည့် ဇူလိုင် ၂၄ရက်‌နေ့၌ ကချင်ပြည်နယ်၊ လိုင်ဇာမြို့တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ညီလာခံ သို့ တက်‌ရောက်ရန် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး ပါဝင်သည့် ကိုယ်စား လှယ်‌ခေါင်း‌ဆောင် ၅ဦးကို ယမန်‌နေ့က အတည်ပြု ‌ရွေးချယ်လိုက်သည်။

ဇူလိုင်လ ၁၄ရက်မှ ၁၆ရက်‌နေ့အထိ ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ပြုလုပ်‌သော ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ အ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ဥက္ကဌ ‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ဗဟိုအလုပ်အမှု‌ဆောင်များဖြစ်ကြသည့် ပဒို‌စောတာဒို့မူး၊ ပဒိုမန်းငြိမ်း‌မောင်နှင့် KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်တို့ကို လိုင်ဇာတွင်ကျင်းပမည့် ယင်းညီလာခံအတွက် ‌ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လိုင်ဇာညီလာခံသို့ သွား‌ရောက်မည့် ကိစ္စနှင့်ပတ်သက်၍ ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “အခု သွားမယ့် ကိုယ်စားလှယ်‌တွေအ‌နေနဲ့ ကျ‌နော်တို့ တိုင်းရင်းသားဘက်က NCCT နဲ့ အစိုးရဘက်က UPWC တို့ သ‌ဘောတူထား တဲ့ ဒုတိယမူကြမ်းအ‌ပေါ် အ‌ခြေခံပြီး‌တော့ NCCT ဘက်က‌နေ ကြုံ‌တွေ့ရတဲ့ အခက်အခဲ‌တွေ၊ သုံးသပ်ချက်‌တွေ၊ အကြံပြုချက် ‌တွေကို အ‌ခြေခံပြီး ညီလာခံမှာ ‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လိုင်ဇာညီလာခံ ဆုံးဖြတ်ချက်အ‌ပေါ်မှုတည်ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ‌ရေး စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် ထပ်မံ ‌ဆွေး‌နွေး မည့်အချိန်ကို ဆုံးဖြတ်နိုင်မည်ဖြစ်ပြီး ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ညှိနှိုင်း‌ရေးအဖွဲ့ (NCCT) တို့မှ ဆက် လက်ညှိုနှိုင်း ‌ဆွေး‌နွေးသွားရမည်ဖြစ်‌ကြောင်း ပဒိုကွယ်ထူးဝင်းက ဆက်‌ပြောသည်။

ထို့အပြင် ‌လေးဝါးစခန်းတွင် ပြုလုပ်သည့် ၎င်းအ‌ရေး‌ပေါ်အစည်းအ‌ဝေးတွင် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် အရပ် ဘက်၊ တပ်ဘက်‌ခေါင်း‌ဆောင် ၃၈ဦး တက်‌ရောက်ခဲ့ကြပြီး လိုင်ဇာတွင် ဇူလိုင်လ ၂၄-၂၆ရက်အထိ ကျင်းပမည့် ညီလာခံနှင့် တပ်ပြန်လည်‌နေရာချထား‌ရေး Code of Conduct ၊ ကရင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် မူးယစ်‌ဆေးဝါးကိစ္စများ၊ လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော ဒုက္ခသည်အ‌ရေးများ၊ ကရင်အမျိုးသားအဖွဲ့များ စည်းလုံးညီညွတ်‌ရေး စသည့်ကိစ္စရပ်များကို အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးခဲ့ကြသည်။

အစည်းအ‌ဝေးတွင် ပါဝင်သူ ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန တာဝန်ခံ ပဒို‌စောလှထွန်းက “အဓိက‌ဆွေး‌နွေး တာက‌တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်‌ရေးအတွက် အစိုးရနဲ့ ကျ‌နော်တို့ တိုင်းရင်းသားတို့ ချုပ်ဆိုခဲ့တဲ့ ဒုတိယမူကြမ်း ထဲမှာပါတဲ့ ရပ်တည်ချက်‌တွေ စကားလုံး‌ဝေါဟာရ အနက်အဓိပ္ပါယ်‌တွေနဲ့ ပတ်သက်ပြီး အဓိက ‌ဆွေး‌နွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိုယ်စားလှယ်များအ‌နေဖြင့် မည်သည့်‌နေ့ရက်တွင် လိုင်ဇာသို့ စတင်ထွက်ခွာမည်ကို လက်ရှိအချိန်တွင် အတိအကျ မ‌ပြောဆိုနိုင်‌သေး‌ကြောင်းလည်း ပဒို‌စောလှထွန်းက ဆက်လက်‌ပြောဆိုသည်။

‌ကေအဲန်ယူအ‌နေဖြင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ‌လော်ခီးလာသ‌ဘောတူစာချုပ်နှင့် အစိုးရဘက်က ပြင်ဆင်ထားသည့် စာချုပ်များကို မူကြမ်းတစ်ခုတည်းဖြစ်‌အောင် ပြင်ဆင်‌ရေးဆွဲနိုင်ရန်အတွက် ၎င်းတို့၏ ဗဟိုအမြဲတမ်း‌ကော်မတီဝင်များ အ‌ရေး‌ပေါ် အစည်းအ‌ဝေးကို ‌လေးဝါးစခန်းတွင် ပြီးခဲ့သည့် မတ်လ ၂၄ရက်မှ ၂၇ရက်‌နေ့ကလည်း ကျင်းပပြုလုပ်ခဲ့‌သေးသည်။