Home သတင်း ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့များကို EITI သု‌တေသနအဖွဲ့ လာ‌ရောက်‌တွေ့ဆုံ

ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့များကို EITI သု‌တေသနအဖွဲ့ လာ‌ရောက်‌တွေ့ဆုံ

1562

ဇူလိုင် ၁၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

အဂင်္လန်အ‌ခြေစိုက် EITI သု‌တေသန(Adam Smist International) အဖွဲ့သည် ကရင်ပြည်နယ် အ‌ခြေစိုက် လူမှုအဖွဲ့အစည်း များနှင့် ဖားအံမြို့ အမှတ် (၉)ရပ်ကွက်၊ ရတနာဒီပရှိ ငြိမ်း‌ဖောင်း‌ဒေးရှင်းရုံးတွင် ဇူလိုင် ၁ဝရက်‌နေ့က ပထမဦးဆုံးအကြိမ် လာ ‌ရောက်‌တွေ့ဆုံခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ တူး‌ဖော်‌ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု(EITI) အဖွဲ့ဝင်နိုင်ငံဖြစ်လာသည့်အ တွက် EITI ကို ကျင့်သုံးပါက မည်သည့်ပုံသဏ္ဍာန်ဖြင့် ‌ရေရှည် အလားအလာရှိသည်ကို ‌လေ့လာရန် ယခုလို လာ‌ရောက်‌တွေ့ဆုံ ရခြင်းဖြစ်သည်ဟု မြန်မာ EITI ညှိနှိုင်း‌ဖော်‌ဆောင်‌ရေးရုံး၏ ဒုတိယအဖွဲ့‌ခေါင်း‌ဆောင် ဦးမင်းဇာနည်လင်းက ‌ပြောသည်။

“ဒီ‌နေ့လာတာ‌တွေက မြန်မာနိုင်ငံမှာ EITI နဲ့ ပတ်သက်ပြီး‌တော့ Pre-Scoping Study For EITI သု‌တေသနလုပ်တာ တစ်ခုရှိ တယ်။ ဒီသု‌တေသနကို အဂင်္လန်နိုင်ငံမှာ အ‌ခြေစိုက်တဲ့ Adam Smist International အဖွဲ့အစည်းက လုပ်တယ်‌ပေါ့‌နော်။ အဲဒါကို မြန်မာနိုင်ငံ EITI ညှိနှိုင်း‌ရေးရုံးရယ်၊ ကမ္ဘာ့ဘဏ်ရယ် လာပူးတွဲပြီး‌တော့ သူတို့ကို အစည်းအ‌ဝေး‌တွေ ‌မေးခွန်း‌တွေ‌မေး တဲ့အခါ အဆင်‌ပြေ‌အောင် ကျ‌နော်တို့ ကမကထ လုပ်‌ပေးတာဖြစ်တယ်”ဟု ဦးမင်းဇာနည်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် သု‌တေသနအဖွဲ့မှ ပညာရှင် Mr. JEREMY (Extractive Industrials Expert Adam Smith Inter-national)၊ Ms. EMMA IRWIN (Strengthening Policy Development to Meet Millennium Development Goals Senior Advior EITI)၊ ကမ္ဘာ့ဘဏ်မှ Ms. Edie နှင့် ‌ဒေါ်သီရိ၊ မြန်မာ EITI ညှိနှိုင်း‌ဖော်‌ဆောင်‌ရေးရုံးမှ ဒုတိယအဖွဲ့‌ခေါင်း‌ဆောင် ဦးမင်း ဇာနည်လင်း၊ အကြီးတန်းညှိနှိုင်း‌ရေးမှူး ‌ဒေါ်‌ကေသီ၊ မနန္ဒာ(Myanmar Development Resource Institute (MDRI) Centre For Economic and Social Development (CESD)၊ နန်းကြည်ဆွတ် (MEITI)နှင့် ကရင်ပြည်နယ်ရှိ အရပ်ဖက်လူမှုအဖွဲ့အ စည်းများဖြစ်သည့် ၈၈ ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်း၊ သွီးလူမှုအဖွဲ့အစည်း၊ ADRA မြန်မာ EITI အဖွဲ့ဝင်တို့ ‌တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်သူ ကရင်ပြည်နယ် EITI အဖွဲ့ဝင် မန်းသိဏ်း‌ဇော်က “သူတို့ အခု‌ပြောသွားတာက ကမ္ဘာ့ဘဏ်က သူတို့လုပ် ‌ဆောင်ချက်အ‌ကြောင်း‌တွေကို ‌ပြောတယ်။ ဒီ EITI ရဲ့ လုပ်‌ဆောင်ချက်၊ EITI က ဘာလဲဆိုတာ ‌သေ‌သေချာချာရှင်းပြတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် အဂင်္လန်နိုင်ငံအ‌ခြေစိုက်ဖြစ်သည့် Adam Smist International သု‌တေသနအဖွဲ့သည် ဇူလိုင်လ ၉ရက်‌နေ့ကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်အစိုးရရုံးတွင် သွား‌ရောက်‌တွေ့ဆုံခဲ့သလို ရန်ကုန်၊ ‌နေပြည်‌တော်၊ ရှမ်းပြည်နယ်တို့မှ အစိုးရတာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုလည်း ‌တွေ့ ဆုံခဲ့ပြီးဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ဇူလိုင် ၁ရက်မှ ၂ရက်‌နေ့အထိ မက္ကဆီကိုနိုင်ငံတွင် ကျင်းပသည့် နိုင်ငံတကာ EITI ဘုတ်အဖွဲ့ အစည်းအ‌ဝေး၌ မြန်မာနိုင်ငံကို ၄၅နိုင်ငံ‌မြောက် EITI အဖွဲ့ဝင်နိုင်ငံ‌လောင်းအဖြစ် လက်ခံခဲ့သလို တွင်းထွက်သယံဇာတ ပွင့် လင်း မြင်သာမှုနိုင်ငံအဖြစ် နိုင်ငံတကာအတွင်းဝန်ရုံးသို့ ၂၀၁၄ခုနှစ်၊ ‌မေ ၇ရက်က ‌လျှောက်လွှာတင်သွင်းခဲ့ပြီးဖြစ်‌ကြောင်း သိရ သည်။

EITI အဖွဲ့ဝင်နိုင်ငံများအ‌နေဖြင့် ပြည်တွင်းထွက်သယံဇာတမှ ရရှိသည့် ‌ငွေ‌ကြေးများကို ပြည်သူများထံ အပြည့်အဝ ခံစား‌စေကာ ဆင်းရဲမွဲ‌တေမှုကိုလည်း သွယ်ဝိုက်‌သောနည်းဖြင့် တိုက်ဖျက်နိုင်‌ကြောင်း၊ EITI သည် သယံဇာတ တူး‌ဖော်‌ရေးလုပ်ငန်းများ၏ ဝင်‌ငွေနှင့် ပွင့်လင်းမြင်သာ‌ရေးကို အဓိကထားသည့် ကမ္ဘာလုံးဆိုင်ရာ စံချိန် ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာ့နိုင်ငံ ၂၃နိုင်ငံမှာ EITI ကို လိုက်နာကြပြီး မြန်မာ အပါအဝင် ၁၆နိုင်ငံမှာ EITI အဖွဲ့ဝင်‌လောင်းအဆင့် ရရှိထား‌သော နိုင်ငံများဖြစ်သည်။