Home သတင်း မွန်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသား‌ရေးရာကဏ္ဍ သတင်းစာ‌စောင် ထုတ်‌ဝေမည်

မွန်နှင့် ကရင်ပြည်နယ်တို့တွင် တိုင်းရင်းသား‌ရေးရာကဏ္ဍ သတင်းစာ‌စောင် ထုတ်‌ဝေမည်

1656

ဇူလိုင် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

မြန်မာအစိုးရ၏ အစီအစဉ်ဖြင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ကရင်(စ‌ကော၊ ပိုး)၊ မွန်၊ ပအိုဝ်း စသည့်စာ‌ပေ ၄မျိုး ပါဝင် ‌သော “တိုင်းရင်းသား‌ရေးရာကဏ္ဍ”အမည်ရှိ အပတ်စဉ်ထုတ် ဘာသာပြန်သတင်းစာ‌စောင်ကို လာမည့် ဩဂုတ် ၃ရက်‌နေ့တွင် စတင် ဖြန့်‌ဝေ‌တော့မည်ဟု သိရသည်။

အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်း ထုတ်‌ဝေမည့် ၎င်းသတင်းကဏ္ဍကို မြန်မာအစိုးရပိုင် မြန်မာ့အလင်းနှင့် ‌ကြေးမုံ ‌နေ့စဉ် သတင်းစာ၌ အချပ်ပိုအဖြစ် ထည့်သွင်းမည်ဖြစ်ပြီး တစ်ကြိမ်ထုတ်‌ဝေလျှင် တိုင်းရင်းသားဘာသာတစ်ခုချင်းစီအတွက် စာတစ်မျက်နှာစီ ထည့် သွင်း‌ဖော်ပြခွင့်ရမည်ဟု တိုင်းရင်းသား‌ရေးရာကဏ္ဍတွင် ပအိုဝ်းဘာသာပြန်အဖြစ် ဦး‌ဆောင်ပါဝင်သူတစ်ဦးဖြစ်သည့် ခွန်မင်း ‌အောင်က ‌ပြောသည်။

“အစိုးရအ‌နေနဲ့‌တော့ သတင်း‌တွေကို သက်ဆိုင်ရာ တိုင်းရင်းသားဘာသာနဲ့ ဖတ်နိုင်ဖို့ ရည်ရွယ်ပြီး ထုတ်‌ဝေတာ ဖြစ်ပါတယ်။ ကရင်က‌တော့ စ‌ကောနဲ့ ပိုး စာနှစ်မျိုးပါမယ်‌ပေါ့။ အစပိုင်းမှာ‌တော့ အပတ်စဉ်အ‌နေနဲ့ပဲ ထုတ်မယ်။ အဆင်‌ပြေသွားရင် ‌နေ့စဉ်အ ထိ ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်”ဟု ခွန်မင်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းသွားမည့် အဆိုပါ တိုင်းရင်းသားသတင်းကဏ္ဍကို ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်အတွင်း ဖြန့်‌ဝေရန် စုစု‌ပေါင်းအ‌စောင်‌ရေ နှစ်‌သောင်း ထုတ်‌ဝေသွားရန် လျာထားကာ သင့်‌တော်သည့်‌ဈေးနှုန်းဖြင့် ‌ရောင်းချသွားမည်ဟု ခွန်မင်း‌အောင်က ဆက်‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ရက်မှ ၂၅ရက်‌နေ့အထိ ဖားအံမြို့ရှိ၊ ခရိုင်အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနတွင် တိုင်းရင်းသား‌ရေးရာကဏ္ဍ ထုတ်‌ဝေ‌ရေးအတွက် ကရင်ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် ရက်တိုသတင်းသင်တန်းတစ်ခုကို ပြုလုပ်ခဲ့ရာ ပြည်‌ထောင်စု အစိုး ရရုံး၏ ပြန်ကြား‌ရေးနှင့် ဆက်သွယ်‌ရေးဝန်ကြီးဌာနမှ သင်တန်းဆရာနှစ်ဦး လာ‌ရောက်သင်ကြား‌ပေးခဲ့ပြီး ပြည်နယ်အတွင်းရှိ ပိုးကရင်၊ စ‌ကောကရင်၊ ပအိုဝ်း တိုင်းရင်းသားအဖွဲ့များမှ သင်တန်းသား ၈ဦး၊ သင်တန်းသူ ၁ဦး တက်‌ရောက်ခဲ့ကြသည်။

ယင်းသင်တန်း တက်‌ရောက်ခဲ့သူ ‌စောသိန်းဖယ်‌ဖော့က “ကျ‌နော်တို့ အဲဒီသင်တန်းမှာ တက်တဲ့သူ‌တွေကို အထူးသဖြင့် သတင်း စာမှာပါမယ့် သတင်း‌တွေကို ဘယ်လို‌ကော်လံခွဲမလဲ။ ‌နောက် ဘယ်သတင်းက ဘယ်‌နေရာမှာ ဦးစား‌ပေးထားသင့်လဲ အဲဒါ‌တွေ သင်‌ပေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

တိုင်းရင်းသား‌ရေးရာကဏ္ဍ ထုတ်‌ဝေရာတွင် ပါဝင်သွားမည့် ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားများက ဖားအံတွင်လည်း‌ကောင်း၊ မွန်တိုင်းရင်းသားများက ‌မော်လမြို့တွင် အ‌ခြေစိုက်ကာ လုပ်ငန်းလည်ပတ်သွားမည်ဖြစ်ပြီး ပုံနှိပ်တိုက်ကိုမူ မွန်ပြည်နယ်၊ ‌မော်လ မြိုင်မြို့တွင် ထားရှိသည်ဟု သိရသည်။

အဆိုပါပြည်နယ်နှစ်ခုတွင် အစိုးရအစီအစဉ်ဖြင့် မြန်မာ့အလင်းနှင့် ‌ကြေးမုံသတင်းအတွင်း ယခုလို တိုင်းရင်းသား‌ရေးရာကဏ္ဍကို ထည့်သွင်းထုတ်‌ဝေ‌ရေး ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၁ရက်‌နေ့တွင် ပြုလုပ်ကျင်းပသွားရန်ရှိသည်ဟုလည်း ခွန်မင်း‌အောင်က ‌ပြောသည်။