Home သတင်း သန်း‌ခေါင်စာရင်း‌ကောက်ယူမှုရလဒ် အဆင့် (၃)ဆင့်ဖြင့် ထုတ်ပြန်မည်

သန်း‌ခေါင်စာရင်း‌ကောက်ယူမှုရလဒ် အဆင့် (၃)ဆင့်ဖြင့် ထုတ်ပြန်မည်

1440

ဇူလိုင် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

၂၀၁၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း‌ကောက်ယူမှုနှင့်ပတ်သက်၍ လူဦး‌ရေစာရင်း ထုတ်ပြန်ချက်ကို အဆင့်(၃)ဆင့်ဖြင့် ထုတ်ပြန်သွားမည်ဖြစ်သည်ဟု ကုလသမဂ္ဂ လူဦး‌ရေရန်ပုံ‌ငွေအဖွဲ့(UNFPA)က ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမကြား‌တောရ‌ကျောင်း၌ ဇူလိုင် ၂၅ ရက်‌နေ့တွင် ‌ပြောသည်။

UNFPA မှ နိုင်ငံခြားပညာရှင်ဖြစ်သူ Mr Rogecio၊ Ms Sarahနှင့် ‌ဒေါ်ခင်ဇာနိုင်၊ ‌ဒေါ်ကြည်ကြည်စိမ်း ပါဝင်သည့် အဖွဲ့တို့သည် ကရင်ပြည်နယ်ရှိ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်းအာဦးစီးဌာန(လဝက) တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းရင်းသား‌ခေါင်း‌ဆောင်များ၊ ဘာသာ‌ရေး‌ခေါင်းများ၊ လူမှု‌ရေးအဖွဲ့များနှင့် သု‌မေဓာ ရာမကြား‌တောရ‌ကျောင်း၌ ပြုလုပ်သည့် ‌တွေ့ဆုံပွဲတွင် ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်လုံးကျွတ် သန်း‌ခေါင်းစာရင်း‌ကောက်ယူမှုလူဦး‌ရေစာရင်း ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တစ်နိုင်ငံလုံး စုစု‌ပေါင်း လူဦး‌ရေနှင့် ကျား/မ လူဦး‌ရေစာရင်းကို ယခုနှစ် ဩဂုတ်လတွင် တစ်ကြိမ်၊ ‌မေးခွန်း(၄၁)ချက် ‌ဖြေဆိုထားသည့် အချက်များကို ၂၀၁၅ ခုနှစ်၊ ‌မေလ သို့မဟုတ် ဇွန်လတွင် တစ်ကြိမ်နှင့် မြန်မာနိုင်ငံ၏ မျိုးနွယ်စုလူဦး‌ရေစာရင်းကို ၂၀၁၅ ဒီဇင်ဘာလ သို့မဟုတ် ၂၀၁၆ ဇန်နဝါရီလတွင် တစ်ကြိမ် စသည့် အဆင့် ၃ဆင့်တို့ဖြစ်‌ကြောင်း UNFPA က ‌ပြောသည်။

၎င်း‌တွေ့ဆုံပွဲတွင် UNFPA မှ ပညာရှင်ဖြစ်သူ Mr Rogecio က “အခု မြန်မာနိုင်ငံမှာ ‌ကောက်ယူ‌နေတဲ့ သန်း‌ခေါင်စာရင်းမှာ ‌မေးခွန်း‌တွေ၊ အချက်အလက်‌တွေ များတဲ့အတွက် ပြန်လည်စိစစ်ရတဲ့အခါမှာ အချိန်ယူရပါတယ်။ ဒါ‌ကြောင့် အခုလို သုံးဆင့်ခွဲပြီး ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

‌တွေ့ဆုံပွဲတွင် UNFPA အပါအဝင် ကရင်ပြည်နယ်ရှိ လဝကမှ ဖားအံခရိုင် ဦးစီးဌာနမှ ဒုတိယညွှန်ကြား ‌ရေးမှူး ဦး‌ကျော်ဆန်း၊ ကရင်ပြည်နယ်လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနလက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦး‌စောတင့်လွင်၊ တိုင်းရင်းသား ‌ခေါင်း‌ဆောင်များ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များနှင့် လူမှု‌ရေးအဖွဲ့များ စုစု‌ပေါင်း လူဦး‌ရေ ၅ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

“ဒီသန်း‌ခေါင်စာရင်းနဲ့ ပတ်သက်ပြီး သူတို့ UNFPA ‌ပြောတဲ့ အဆင့် သုံးဆင့်ထုတ်ပြန်ဖို့ကိစ္စမှာ ‌ကောင်းပါ တယ်။ ဒီသန်း‌ခေါင်စာရင်းထုတ်ပြန်ချက်ကို ဘယ်လိုပုံစံနဲ့ ထုတ်ပြန်သင့်တယ်ဆိုတာ ပြည်သူ‌တွေဆီက အကြံဉာဏ်လာ‌တောင်းသွားတယ်။ ‌နောက်ပြီး ဒီလိုလာရှင်းပြမှုလုပ်တာဟာ ပွင့်လင်းမြင်သာမှုရှိတယ်လို့ မြင်တယ်”ဟု ‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သည့် လူမှုအဖွဲ့အစည်းများဘက်မှ နန်းမြသီတာက ‌ကေအိုင်စီသို့ ‌ပြောသည်။

UNFPA မှ ‌ဒေါ်ခင်ဇာနိုင်ကလည်း “ကျမတို့က မန္တ‌လေးမှာ‌တော့ သွား‌ရောက်ရှင်းပြခဲ့ပြီးပြီ။ အခု ကရင်ပြည်နယ်ပြီးရင် မွန်ပြည်နယ်ကို ဆက်သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်း‌ခေါင်စာရင်း ‌ကောက်ယူမှုကို ၂၀၁၄ ခုနှစ်၊ မတ်လ (၃၀) ရက်‌နေ့မှ ဧပြီလ (၁၀) ရက်‌နေ့အထိ နိုင်ငံတစ်ဝှမ်းအတိုင်းအတာဖြင့် ‌ကောက်ကွက်‌ပေါင်း (၈၁၀၀၀)ရှိ‌ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။