Home ကဗျာ အလှည့်

အလှည့်

1798

(လကင်္ာဒီပ)

မ‌ဝေးဘူး နီးနီး‌လေးနီးနီး
Sea game မှာ တလွင်လွင်
‌ပေါ်တင်‌ပြောပြခဲ့ပြီးပြီပဲဟာ
ငါတို့ဟာ “မဟာ” “မဟာ”
ဒါကို‌တောင် မသိချင်‌ယောင်‌ဆောင်
လိုက်နား‌ယောင်‌နေကြဦးမလား
နား‌တွေ နား‌တွေ ကြားတတ်ကြ‌စေချင်တယ်။

အကြိမ်ကြိမ်လည်း ‌ဆွေး‌နွေးခဲ့ပြီးပြီ
ပြည်တွင်းငြိမ်းချမ်း‌ရေးတဲ့
လှလိုက်တဲ့စကားလုံးနဲ့ အ‌ပြောင်းအလဲ‌တွေ
ဥပ‌ဒေ‌ဘောင်တွင်း ဝင်‌ရောက်‌ရေးတဲ့
လှည့်လိုက်ပြန်ပြီ ‌နောက်စကားလုံးအကွက်
လက်နက်နဲ့ ငြိမ်းချမ်း‌ရေးတဲ့ခင်ဗျာ
လာပြန်ပြီ တစ်ပြည်လုံးအတိုင်းအတာအဖြစ်
အပစ်အခတ်ရပ်စဲ‌ရေးတဲ့
အိုဘယ့်….လက်နက်ချအညံ့ခံ‌ရေးကြီးပါပဲလား
အသား‌တွေ ‌ကြေလို‌ကြေ
အရိုး‌တွေ ကျိုးစမ်းပျက်စီး
‌ခေါင်း‌ဆောင်ကြီး အာဇာနည်‌တွေ
မ‌တွေ‌ဝေခဲ့ဘူးဆိုတာအမှန်
‌တော်လှန်‌ရေး နှစ်(၆၀)‌ကျော်က သက်‌သေရှိ‌နေတယ်။

သူ့‌ခေတ်နဲ့ သူ့အခါ
သူ့တာဝန်‌တွေ
သူတို့‌ကျေပြွန်ခဲ့ကြ
မရဏ သခင်္ါရတရား
လားလားမှ မဆိုင်ခဲ့ကြသလို
ထိုထို‌သောအာဇာနည်များ ကျင့်ကြံခဲ့ကြတယ်။

တဦးကိုပဲ အမှီသဟဲများ
မပြုထားကြ‌လေနဲ့
မိမိရဲ့ယုံကြည်ခိုင်မာတဲ့ ‌ခြေလှမ်း
လမ်းမှန်‌အောင် ‌လေ့ကျင့်
ရဲရင့်တဲ့ အာဇာနည်စိတ်‌တွေ ‌မွေးထားကြ
တစ်‌ယောက်ကျ တစ်‌ယောက်အဆင်သင့်
သင့်‌တော်လှန်‌ရေးကို သင်ဦး‌ဆောင်နိုင်ရမယ်။

ဘဝအချိုးအ‌ကွေ့
‌ရှေ့လာမယ့် အနာဂတ်ခရီး
မပြီးဆုံး‌သေးတဲ့ တာဝန်
တံခွန် အလံ စည်းရိုး‌တွေ
‌နေရာမှန် ပြန်စိုက်ရမယ့်
အလှည့်ကျ မနွဲ့မိကြ‌စေဖို့
တို့‌တွေ တို့‌တွေ ကိုယ်စီသတိရှိကြစို့။

ဇူလိုင် ၂၃၊ ၂၀၁၄