Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခန်း

‌တွေ့ဆုံ‌မေးမြန်းခန်း

2337

မ‌လေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ အ‌ခြေစိုက် မ‌လေးရှားကရင်အဖွဲ့အစည်း-Malaysia Karen Organization (MKO)၏ ကရင် အကျိုးပြုလုပ်ငန်း လုပ်‌ဆောင်မှုများနှင့် ပတ်သက်၍ ဥက္ကဌဖြစ်သူ မန်းဒုံ‌ယောင်းထံ ‌ကေအိုင်စီသတင်း‌ထောက် စဖန်း‌ရှောင်းက ဆက်သွယ်‌မေးမြန်းထားခြင်း ဖြစ်သည်။

‌မေး ။ ။ မ‌လေးရှားကရင်အဖွဲ့အစည်း (MKO) ကို ဘယ်တုန်းက စတင်ဖွဲ့စည်းခဲ့တာပါလဲ။ ဘယ်လိုရည်ရွယ်ချက်‌တွေနဲ့ စတင် ဖွဲ့စည်းခဲ့တာပါလဲခင်ဗျာ။
‌ဖြေ ။ ။ မ‌လေးရှား‌ရောက်‌နေတဲ့ ကရင်‌တွေက‌နေပြီး‌တော့ ၁၉၉၉-၂၀၀ဝခုနှစ်မှာ MKYO ဆိုပြီးစဖွဲ့တယ်။ အဲဒီက‌နေပြီး‌တော့ MKO ကို ၂၀၀၄ခုနှစ်မှာ ‌ပြောင်းလဲဖွဲ့စည်းတယ်။ ဒါမယ့်အဖွဲ့အစည်းက ပီပီပြင်ပြင် ‌ပေါ်မလာ‌သေးဘူး။ ‌နောက်‌တော့ မ‌လေးရှား ‌ရောက်‌နေတဲ့ ကရင်လူမျိုး‌တွေအ‌ရေးကို ရည်ရွယ်လုပ်‌ဆောင်ဖို့ဆိုပြီး‌တော့ ၂၀၀၅ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်(ကရင့်‌တော်လှန် ‌ရေး)‌နေ့မှာ Malaysia Karen Organization( MKO )ကို သတ်သတ်မှတ်မှတ်နဲ့အတည်ပြုဖွဲ့စည်းလိုက်တာပါ။

‌မေး ။ ။ MKO အဖွဲ့ဝင်ဘယ်‌လောက်ရှိပြီး တာဝန်အရ ဖွဲ့စည်းထားပုံက ဘယ်လိုပါလဲခင်ဗျာ။
‌ဖြေ ။ ။ ဖွဲစည်းပုံက ဥက္ကဌ မန်းဒုံ‌ယောင်း၊ ဒုဥက္ကဌ(၁) ‌စောဖား၊ ဒုဥက္ကဌ(၂) မန်းကံမြင့်၊ အတွင်း‌ရေးမှူး ‌နော်အယ်ဖိုး၊ တွဲဖက် အတွင်း‌ရေးမှူး ‌စောထွန်းဝင်းနဲ့ အလုပ်အမှု‌ဆောင်အဖွဲ့‌တွေ ‌နောက် နယ်‌မြေတာဝန်ခံ‌တွေ‌လောက်ပါပဲ။ စတင်ဖွဲ့စည်းကတည်းက အခုထိဆို (အဖွဲ့ဝင်)မန်ဘာအားလုံး ၁၃၄၀၀‌ကျော်ရှိပါတယ်။

‌မေး ။ ။ MKO အ‌နေနဲ့ ဘယ်မှာအ‌ခြေစိုက်ပြီး‌တော့ ဘယ်လိုလုပ်‌ဆောင်ချက်‌တွေရှိလဲ။ ဘာ‌တွေလုပ်‌ဆောင်‌နေလဲဆိုတာ သိ ပါရ‌စေခင်ဗျာ။
‌ဖြေ ။ ။ MKO အဖွဲ့အစည်းအ‌နေနဲ့ မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အ‌ခြေစိုက်ပြီး‌တော့ မ‌လေးရှား‌ရောက်‌နေတဲ့ ကရင် ဒုက္ခသည်အ‌ရေး၊ ပညာ‌ရေး၊ ကျန်းမာ‌ရေးလုပ်ငန်း‌တွေကို အဓိကထားပြီး လုပ်‌ဆောင်‌နေပါတယ်။ ပညာ‌ရေးအ‌နေနဲ့က‌တော့ MKO မှာ၂၀၀၈ က‌နေပြီး Learning Center တစ်ခုဖွင့်ပြီး‌တော့ ဒီမှာရှိတဲ့က‌လေး‌တွေကို အဂင်္လိပ်စာ၊ ကရင်စာ(သုံးမျိုးစလုံး) ကွန်ပြူတာ အဲဒါ‌တွေကို အဓိကထားပြီး သင်ကြား‌ပေး‌နေပါတယ်။ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုအ‌နေနဲ့က‌တော့ ဒီမှာအလုပ်လုပ် ‌နေကြတဲ့ ကရင်‌တွေကို ‌ဆေးဝါးအခမဲ့‌ပေးတာ၊ လိုအပ်ရင်ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုမျိုး‌တွေ ‌ဆေးဝါးကုသ‌ပေးတာ‌တွေ လုပ်ပါ တယ်။ ‌နောက်ပြီး မ‌လေးရှားမှာ ‌ရောက်ရှိ‌နေတဲ့ ကရင်ဒုက္ခသည်‌တွေကိုလည်း တတိယနိုင်ငံ ထွက်ခွာနိုင်‌အောင် စီစဉ်‌ဆောင် ရွက်‌ပေးတာမျိုးလည်း ရှိပါတယ်။

‌မေး ။ ။ MKO အ‌နေနဲ့‌ရောလုပ်ငန်း‌တွေ လုပ်‌ဆောင်တဲ့အခါမှာ ဘယ်လိုအဖွဲအစည်း‌တွေနဲ့ ဆက်စပ်လုပ်‌ဆောင်လဲဆိုတာ သိပါရ‌စေခင်ဗျာ။
‌ဖြေ။ ။ ကျ‌နော်တို့က‌တော့ UNHCR နဲ့လည်း ဆက်စပ်လုပ်ပါတယ်။ ပြီး‌တော့ NGO အဖွဲ့အစည်း‌တွေနဲ့ အများဆုံး ဆက်စပ် ‌ဆောင်ရွက်ပါတယ်။ ဒီအပြင် မ‌လေးရှား‌ရောက်‌နေတဲ့ တိုင်းရင်းသား‌တွေဖြစ်တဲ့ ကချင်၊ ကရင်နီ၊ ချင်း၊ ရခိုင်၊ မွန်၊ ရှမ်း စတဲ့ တိုင်း ရင်းသား‌တွေနဲ့ စု‌ပေါင်းဖွဲ့စည်းထားတဲ့ (COBEM) အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ပြီး‌တော့ တိုင်းရင်းသားအ‌ရေး‌တွေမှာ ပါဝင်‌ဆောင် ရွက်တာမျိုး‌တွေရှိပါတယ်။ ကရင်လူမျိုး‌တွေရဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေဖြစ်တဲ့ ကရင်နှစ်သစ်ကူး‌နေ့၊ ချည်ဖြူဖွဲ့ အခမ်းအနား‌တွေကို လည်း MKO က‌နေ ဦး‌ဆောင်ပြီး ဒီမှာရှိတဲ့ ကရင်လူမျိုး‌တွေနဲ့အတူ နှစ်စဉ်ကျင်းပမြဲဖြစ်ပါတယ်။

‌မေး။` ။ မ‌လေးရှားမှာ အ‌ခြေစိုက်ပြီးလုပ်‌ဆောင်တဲ့အခါကျ‌တော့ အခက်အခဲရှိလား ။ ဘယ်လ အခက်ခဲ‌တွေကြုံရတာရှိပါလဲ။
‌ဖြေ။ ။ အရင်က မ‌လေးရှားမှာ ကရင်‌တွေရှိတယ်ဆိုတာကို UN က မသိဘူး။ ဒီမှာက ချင်း လူမျိုး‌တွေ အများဆုံးရှိပါတယ်။ ‌နောက်ပိုင်း တဖြည်းဖြည်းကြိုးစားမှ UN က‌နေ အသိအမှတ်ပြုပြီး‌တော့ လုပ်ကိုင်ရတာ အဆင်‌ပြေလာတယ်။ ‌နောက်တစ်ခုက သူများနိုင်ငံမှာလည်းဖြစ်တယ်။ UN ရဲ့အကူအညီနဲ့ လုပ်‌ဆောင် ရတဲ့ အခါကျ‌တော့ ရည်မှန်းချက်ကြီးကြီးမားမား ‌မျှော်မှန်းထား လို့ မရဘူး ဖြစ်‌နေတယ်။ ဒီမှာက အစိုးရရဲ့ ဥပ‌ဒေ‌ပေါ်မှာလည်း လိုက်နာရ‌သေးတယ်။ ‌နောက်ပြီး မြန်မာပြည်မှာ ကုလားနဲ့ ပြဿ နာဖြစ်ပြီဆို ဒီမှာ‌နေရတာ နည်းနည်းကျပ်ပါတယ်။ အဲလိုဖြစ်ရင် အစည်းအ‌ဝေး‌တွေ‌ခေါ်ပြီး‌တော့ ဘယ်လိုသွားလာ ‌နေထိုင်ရမယ် ဆိုတာကို သတိ‌ပေး‌ဟော‌ပြောမှု‌တွေလုပ်ရပါတယ်။

‌မေး။ ။‌နောက်ဆုံးအ‌နေနဲ့ မ‌လေးရှားကရင်အဖွဲ့အစည်း MKO ရဲ့ ဥက္ကဌ အ‌နေနဲ့ ဘာများ ‌ပြောကြား ချင်ပါလဲခင်ဗျာ။
‌ဖြေ။ ။ ကြားရသ‌လောက်က‌တော့ မြန်မာပြည်မှာလည်း ကိုယ့်ကရင်တိုင်းရင်းသား အချင်းချင်း‌ရော၊ တိုင်းရင်းသား‌တွေ‌ရော မညီညွတ်တာ‌လေးကြားရ‌တော့ သိပ်ပြီးမ‌ကောင်းလှဘူး။ ဒီက MKO က‌တော့ ကရင်တိုင်းရင်းသား‌တွေ စည်းလုံးညီညွတ်မှုကို ‌ရှေးရှုပြီး ဖွဲ့စည်းထား‌တော့ ကရင်အချင်းချင်းတင် မကဘူး။ ဒီမှာရှိတဲ့ အခြား‌သော တိုင်းရင်းသား‌တွေနဲ့လည်း စည်းစည်းလုံးလုံး ‌နေကြရတယ်။ ‌ပြောချင်တာက‌တော့ ကိုယ့်ကရင်တိုင်းရင်းသား‌တွေ စည်းစည်းလုံးလုံးရှိဖို့ပါပဲ။