Home သတင်း ၆၇နှစ်‌မြောက် KNDO ‌နေ့ အခမ်းအနား ကျင်းပပြီးစီး

၆၇နှစ်‌မြောက် KNDO ‌နေ့ အခမ်းအနား ကျင်းပပြီးစီး

2722

ဇူလိုင် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်‌နေ့တွင် ကျ‌ရောက်‌သော ၆၇နှစ်‌မြောက် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO)ကို ကရင်အမျိုး သားအစည်းအရုံး (‌ကေအဲန်ယူ) ဖာပွန်(မု‌တြော်)ခရိုင်၊ တပ်မဟာ-၅ ရှိ KNDO တပ်ရင်း(၁)‌နေရာနှင့် ဗဟိုဌာနချုပ်တွင် ကျင်းပ ပြီးစီးခဲ့သည်။

အခမ်းအနားတွင် KNDO အပါအဝင် ‌ကေအဲန်ယူ အရပ်ဘက်၊ စစ်ဘက်တာဝန်ရှိသူများ၊ ကရင်လူထုအ‌ခြေပြုအဖွဲ့ အစည်းများ၊ ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များနှင့် ထိုင်းစစ်ဘက် အရပ်ဘက်အရာရှိများ၊ ရခိုင်တပ်မ‌တော် ‌ခေါင်း‌ဆောင်များ စသည်တို့ အပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၄၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ယင်းအခမ်းအနားတွင် KNDO ဦးစီးချုပ် ဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြက KNDO စတင် ဖြစ်‌ပေါ်လာပုံ၊ ရပ်တည်ချက်၊ လုပ်‌ဆောင် ချက်၊ ‌နောက်ခံသမိုင်း‌ကြောင်းနှင့် ‌ခေါင်း‌ဆောင်များ၏ မိန့်ခွန်းစကားများကို ‌ပြောကြားခဲ့သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့ဟာ တကယ့်အ‌ရေးကြီးတဲ့‌နေ့ KNDO က ၁၉၄၉ ခုနှစ်ကစပြီး အခုချိန်ထိ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်‌နေတုန်း ပဲ။ ဆက်ပြီး‌တော့ ရည်မှန်းချက်‌ရောက်တဲ့အထိ လုပ်‌ဆောင်‌နေဦးမှာပဲ”ဟု ဗိုလ်မှူးချုပ်‌စောနယ်ဒါးမြက ‌ပြောဆိုသည်။

ယခု ၂၀၁၄ခုနှစ်တွင် ကျ‌ရောက်‌သော ၆၇နှစ်‌မြောက် KNDO ‌နေ့ကို KNU တပ်မဟာ‌နေရာများ၌ ပြုလုပ်ကျင်းပခဲ့ကြသလို ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းရှိ စာသင်‌ကျောင်းအချို့၌လည်း ‌ဟော‌ပြောပွဲများ ကျင်းပခဲ့သည်ဟု သိရသည်။

“KNDO ‌နေ့ကို ကျ‌နော်တို့ဒုက္ခသည်စခန်းက စာသင်‌ကျောင်းအချို့‌တွေမှာ‌တော့ ‌ဟော‌ပြောပွဲ‌တွေ ကျင်းပတာ‌တော့ ရှိတယ်။ အခုလို ဒီ‌နေ့နဲ့ပတ်သက်ပြီး ‌ဟော‌ပြောပွဲ‌တွေ လုပ်‌ပေးတဲ့အတွက် မသိထားတဲ့အရာ‌တွေလည်း သိလာရတယ်။ ဗဟုသုတ‌တွေ လည်း အများကြီး ရလာတာ‌ပေါ့”ဟု နို့ဖိုးဒုက္ခသည်စခန်းမှ ‌ကျောင်းသားတစ်ဦးဖြစ်သူ ‌စောဝါးရှီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

KNDO သည် လက်ရှိ အစိုးရနှင့် ‌ကေအဲန်ယူ အပစ်အခတ်ရပ်စဲထားချိန်တွင် မိုင်းရှင်းလင်း‌ရေးလုပ်ငန်းများနှင့် မိုင်းရှင်းလင်း‌ရေး သင်တန်းများကို ပြုလုပ်‌ပေးလျှက်ရှိပြီး ‌ကျေးရွာကာကွယ်‌ရေးတပ်ဖွဲ့အဖြစ်လည်း‌ကောင်း၊ ကာကွယ်‌ရေးနှင့် လုံခြုံ‌ရေးရဲတာဝန် အဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်လျှက်ရှိသည်။

KNDO ကို ၁၉၄၆ခုနှစ်၊ ဇူလိုင် ၁၆ရက်တွင် ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ယင်း‌နောက် ရန်ကုန်၊ အလုံ၊ စမ်း‌ချောင်းတွင် စစ်သင်တန်းများ‌ပေးကာ ၁၉၄၉ခုနှစ် ကရင်‌တော်လှန်‌ရေး စတင်ဖြစ်‌ပေါ်လာသည့်အချိန်တွင် KNDO သည် ကရင်အမျိုးသားတရပ်လုံးအတွက် တိုက်ပွဲဝင်ကာ ယခုအချိန်ထိဖြစ်သည်။