Home သတင်း DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောလားပွယ်‌မွေး‌နေ့ ရန်ကုန်တွင် ကျင်းပ

DKBA ‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး‌စောလားပွယ်‌မွေး‌နေ့ ရန်ကုန်တွင် ကျင်းပ

2174

ဇူလိုင် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ဒီမိုက‌ရေစီအကျိုးပြုကရင်တပ်မ‌တော်(DKBA) စစ်ဦးစီးချုပ်၊ ဗိုလ်ချုပ်ကြီး‌စောလားပွယ်၏ ၅၂နှစ်ပြည့်‌မွေး‌နေ့ကို ရန်ကုန်မြို့၊ ကန် ‌တော်ကြီး၊ ‌ရေချိုငါးဥယျာဉ်ရှိ ‌ဒေါ့ဖိန်(Dolphin) စား‌သောက်ဆိုင်ခမ်းမတွင် ယ‌နေ့နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပခဲ့သည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်၏ ကျန်းမာ‌ရေးပြန်လည် ‌ကောင်းမွန်လာသည့်အချိန်၌ ‌မွေး‌နေ့ပွဲကို ရန်ကုန်မြို့‌ပေါ်တွင် အလွှာစုံလူထု နှင့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ ပိုမိုထိ‌တွေ့နိုင်ရန်အတွက် နီးစပ်ရာ မိတ်‌ဆွေများက ‌မွေး‌နေ့ဖြစ်‌မြောက် ‌ရေးကို ဝိုင်းဝန်းကူညီခဲ့ကြသည်ဟုလည်း DKBA ဗျူဟာမှူး ဗိုလ်မှူးကြီး‌စောဆန်း‌အောင်က ‌ပြောဆိုသည်။

“ကျ‌နော်တို့က နှစ်‌ပေါင်း(၆၀)‌လောက် ‌တောထဲမှာ ဖြစ်သန်းခဲ့ရတယ်။ အခု ဒီမိုက‌ရေစီ တဝက်တပျက် အချိန်အခါမျိုးမှာ အဖူး ‌မွေး‌နေ့ကို ရန်ကုန်မှာ ကျင်းပ‌ပေးတယ်။ ဆိုလိုချင်တာဒီမှာရှိတဲ့ လူတန်းစားအလွှာ‌ပေါင်းစုံနဲ့ လက်နက်ကိုင်တိုင်းရင်းသား ‌တော် လှန်‌ရေးအဖွဲ့‌တွေ ဆက်စပ်မှုလိုအပ်တယ်။ ဆက်စပ်မှု‌တွေရှိ‌အောင် ဒီ‌မွေး‌နေ့ပွဲကို ကျင်းပ‌ပေးတာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး‌စော ဆန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးနာရီ‌ကျော်ကြာမြင့်သည့် ယင်း‌မွေး‌နေ့ပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ဗိုလ်မှူးကြီး‌စော‌ဖောဒို၊ DKBA ဒုတိယစစ်ဦး စီးချုပ် ဒုဗိုလ်ချုပ်ကြီးမို‌ရှေး၊ ကယန်းပြည်သစ်ပါတီ ဒုဥက္ကဌ ဦးသန်းစိုးနိုင်၊ ရန်ကုန်မြို့ရှိ ကရင်နိုင်ငံ‌ရေးသမားများနှင့် အလွှာစုံ ကရင်အမျိုးသားများ၊ တိုင်းရင်းသားပါတီများမှ ခွန်ထွန်းဦး၊ ဦး‌အေးသာ‌အောင်၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦး၊ ၈၈မျိုးဆက်‌ကျောင်းသား‌ခေါင်း‌ဆောင်များ၊ အနုပညာရှင်များ၊ နီပွန်‌ဖောင်‌ဒေးရှင်းနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စား လှယ် စုစု‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

‌မွေး‌နေ့ပွဲ တက်‌ရောက်ခဲ့သူ NLD နာယက ဦးတင်ဦးက “ဗိုလ်ချုပ်ကြီး‌စောလားပွယ်အ‌နေနဲ့ ဒီမိုက‌ရေစီ တပ်မ‌တော်ဆိုတဲ့အတိုင်း ဒီမိုက‌ရေစီအခွင့်အ‌ရေးနဲ့အညီ၊ လူ့အခွင့်အ‌ရေးနဲ့အညီ၊ စည်းလုံးညီညွတ်စွာဖြင့် ပြည်‌ထောင်စုအကျိုး ဆထက်ထမ်းပိုး ‌ဆောင် ရွက်နိုင်ပါ‌စေ‌ကြောင်း ဆု‌တောင်း‌ပေးလိုက်ပါတယ်”ဟု ‌မွေး‌နေ့ဆု‌တောင်းစကား ‌ပြောခဲ့သည်။

ဗိုလ်ချုပ်‌စောလားပွယ်သည် လည်‌ချောင်းကင်ဆာ ‌ဝေဒနာအတွက် စကင်္ာပူနိုင်ငံသို့ ‌ခြောက်လ‌ကျော်ကြာ သွား‌ရောက်ကုသခဲ့ရ ပြီး‌နောက် ၎င်းကျန်းမာ‌ရေးအ‌ခြေအ‌နေနှင့်ပတ်သက်၍ သတင်းမျိုးစုံ ထွက်‌ပေါ်ခဲ့သည်။ လက်ရှိတွင် ၎င်း‌ဝေဒနာမှာ ၉ဝရာခိုင်နှုန်း ခန့် ‌ပျောက်ကင်းသွားပြီး ကင်ဆာကုသစဉ် ဖြစ်‌ပေါ်တတ်သည့် ‌ဘေးထွက်ဆိုးကျိုးများကိုသာ အနည်းငယ် ခံစား‌နေရသည်မှလွဲ ၍ ကျန်းမာ‌ရေး‌ကောင်းမွန်လျှက်ရှိ‌ကြောင်း ဒီ‌ကေဘီ‌အေ တာဝန်ရှိသူများ၏ ‌ပြောပြချက်များအရ သိရသည်။

ဗိုလ်ချုပ်ကြီး‌စောလားပွယ်သည် လည်‌ချောင်းတွင် အကြိတ်ဖြစ်ပွားရာမှ ရန်ကုန်မြို့ရှိ ပင်လုံ‌ဆေးရုံကြီးသို့ ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာ ၂၃ရက်‌နေ့ကစ၍ သွား‌ရောက်ကာ ‌ဆေးကုသမှုခံယူပြီး‌နောက် ဆရာဝန်ကြီးများ၏ လမ်းညွန်မှုဖြင့် ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလဆန်း ပိုင်းတွင် စကင်္ာပူနိုင်ငံရှိ Glen Eagle ‌ဆေးရုံသို့ သွား‌ရောက်‌ဆေးကုသခဲ့သည်။