Home သတင်း PSDP ထုတ်ပြန်ချက်ထားသည့် အချက်များကို ‌ထောက်ခံ‌ကြောင်း သူရ ဦး‌ရွှေမန်း ‌ပြောဆို

PSDP ထုတ်ပြန်ချက်ထားသည့် အချက်များကို ‌ထောက်ခံ‌ကြောင်း သူရ ဦး‌ရွှေမန်း ‌ပြောဆို

1753

လွှတ်‌တော်‌လေ့လာ‌ရေးခရီးစဉ် သွားခဲ့သည့် PSDP အဖွဲ့ဝင်များ

ဇူလိုင် ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့ အ‌ခြေစိုက် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ထုတ်ပြန်ထားသည့် အချက် ၅ ချက်ပါ ‌ကြေညာချက်ကို ပြည်သူ့လွှတ်‌တော်ဥက္ကဌ သူရဦး‌ရွှေမန်းက ‌ထောက်ခံ‌ကြောင်း ဇူလိုင် ၂၁ရက်‌နေ့ က ‌ပြောကြားခဲ့သည်ဟု PSDP က ‌ပြောဆိုသည်။

လွှတ်‌တော်‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ‌နေပြည်‌တော်သို့ ဇူလိုင် ၂ဝ ရက်မှ ၂၁ ရက်‌နေ့အထိ သွား‌ရောက်ခဲ့ သည့် PSDP အဖွဲ့ဝင် ၅၄ဦးကို သူရဦး‌ရွှေမန်းက ‌နေပြည်‌တော်ရှိ ပြည်သူ့လွှတ်‌တော် ရုံးခန်းမ‌ဆောင်၌ လက်ခံ‌တွေ့ဆုံစဉ် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်ဟု PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ ပြည်သူ့လွှတ်‌တော်ကို တစ်နာရီ‌လောက် ‌လေ့လာတယ်။ ပြီး‌တော့ ဦး‌ရွှေမန်းက ကျ‌နော်တို့အဖွဲ့ ‌တွေကို မနက် ၁၁နာရီ‌ကျော်မှာ ဆယ့်ငါးမိနစ်‌လောက် သီးသန့်လာ‌ရောက်‌တွေ့ဆုံတယ်။ ‌တွေ့ဆုံပွဲမှာ သူက တိုင်းရင်းသား‌တွေရဲ့ ခံစားချက်‌တွေကို နားလည်မိပြီး PSDP ထုတ်ပြန်ချက် ၅ချက်ကိုလည်း ‌ထောက်ခံတယ်လို့ ‌ပြောသွားတာဖြစ်ပါတယ်”ဟု မန်း‌အောင်ပြည်စိုးက ‌ပြောသည်။

ယခင်လ ဇွန် ၁၆ရက်‌နေ့က PSDP သည် ၂၀၀၈ ဖွဲ့စည်းပုံတွင် ပြင်လိုသည့် အချက်များကို အ‌ခြေခံဥပ‌ဒေ ‌လေ့လာသုံးသပ်‌ရေး ‌ကော်မတီသို့ PSDP မှ အကြံပြုသည့်အတိုင်း ထပ်‌လောင်းအကြံပြုခြင်း၊ PR စနစ်ကျင့် သုံးပါက သမာသမတ် ကျ‌သော ‌ရွေး‌ကောက်တစ်ရပ် ဖြစ်‌ပေါ်ရန် ခက်ခဲခြင်း၊ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် တည်‌ဆောင်နိုင်မှသာ ငြိမ်းချမ်း‌ရေးအမှန်ရရှိမည်ဟု ယုံကြည်ခြင်း၊ သမ္မတဦးသိန်းစိန် ‌နောက်သက်တမ်း အတွက် ‌ပြောဆို‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)စကားသည် ကရင်လူထုတရပ်လုံး၏ ဆန္ဒကို ယူသင့်ခြင်းနှင့် မူးယစ်‌ဆေးဝါး အန္တရာယ်ကို အစိုးရမှ ပြတ်ပြတ်သားသား ‌ဆောင်ရွက်‌ပေး‌စေချင် လိုခြင်း စသည့် အချက်များကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လွှတ်‌တော်‌လေ့လာ‌ရေးခရီးစဉ်တွင် လိုက်ပါခဲ့သူ PSDP ဗဟို၏ အမျိုးသမီးဥက္ကဌ ‌နော်ယုဇနဝါက “ကျမတို့ လွှတ်‌တော်ကို သွား‌လေ့လာတဲ့အခါ လွှတ်‌တော်မှာ ထူးခြားချက်က ကြံ့ခိုင်‌ရေးပါတီ လွှတ်‌တော် အမတ်‌တွေက‌တွေပဲ အဆိုတင်သွင်း၊ သူတို့‌တွေပဲ ပြန်‌ဖြေကြားတာကို သတိထားမိတယ်။ အခြားပါတီက လွှတ်‌တော် အမတ်‌တွေက ဝင်‌ရောက်‌မေးမြန်တာတို့၊ ‌ဆွေး‌တွေးတာတို့ မ‌တွေ့ရဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နေပြည်‌တော်အတွင်း ကျင်းပလုပ်‌ဆောင်‌နေသည့် လွှတ်‌တော်တွင် နိုင်ငံအနှံ့ရှိ ‌ကျောင်းသား‌ကျောင်းသူ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများက မကြာခဏဆိုသလို သွား‌ရောက်‌လေ့လာမှုများ ရှိပြီး လွှတ်‌တော်၏ လုပ်ပုံကိုင်ပုံ၊ သ‌ဘောသဘာဝနှင့် ထိ‌ရောက်မှုရှိ မရှိတို့ကို သိရှိရရ၍ အကျိုးရှိ‌ကြောင်း ခရီးစဉ်၌ လိုက်ပါသွားခဲ့ကြသည့် PSDP အဖွဲ့ဝင်များက ‌ပြောဆိုသည်။

PSDP သည် ‌နေပြည်‌တော်သို့ ပထမဆုံးအကြိမ် လွှတ်‌တော်‌လေ့လာ‌ရေးခရီးစဉ်အဖြစ် ဇူလိုင် ၂ဝ ရက်‌နေ့ တွင် စတင်ခရီးထွက်ခွာပြီး ဇူလိုင် ၂၂ ရက်‌နေ့၊ နံနက်ပိုင်းတွင် ဖားအံမြို့သို့ ပြန်လည်‌ရောက်ရှိလာခဲ့သည်။