Home သတင်း တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြား‌စေလိုဟု ကရင်စာ‌ပေ ဥက္ကဌ ‌ပြောကြား

တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြား‌စေလိုဟု ကရင်စာ‌ပေ ဥက္ကဌ ‌ပြောကြား

1854

ဩဂုတ် ၆ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

တိုင်းရင်းသားစာ‌ပေကို အစိုးရ‌ကျောင်းချိန်ပြင်ပတွင် မြန်မာအစိုးရက သင်ကြားခွင့်ပြုသည်ကို အမျိုးသား တန်းတူညီမျှမှုမရှိဘဲ ဖြစ်နိုင်ပါက ‌ကျောင်းစာသင်အချိန်အတွင်း သင်ကြားခွင့်ရလိုသည်ဟု ကရင်ပြည်နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ ‌စော‌အေးမြက ‌ပြောသည်။

ဩဂုတ်လ ၃ရက်‌နေ့က ဖားအံမြို့ရှိ ကရင်‌ကျောင်းသားများရိပ်သာ၌ ကျင်းပ‌သော ဘက်စုံလွှမ်းခြုံနိုင်‌သော ပညာ‌ရေးကဏ္ဍ ‌လေ့ လာသုံးသပ်‌ရေးလုပ်ငန်းအဖွဲ့(CESR)‌ဆွေး‌နွေးပွဲတွင် အမျိုးသားပညာ‌ရေးစီမံကိန်း၏ ဦးစား‌ပေးအစီအစဉ် ‌ရွေးချယ်မှုနှင့်ပတ် သက်၍ ကရင်ပြည်နယ် ကိုယ်စားလှယ်များ၏ သ‌ဘောထားနှင့် အကြံပြုချက်များကို ရယူနိုင်ရန် ထည့်သွင်းသင့်သည့်အချက် များ ‌ဆွေး‌နွေးသည့်အခါ ‌စော‌အေးမြက ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အကြံပြုချက်မှာ တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်အတွင်းမှာ သင်ခွင့်ပြုဖို့ပါတယ်။ အခုက ‌ကျောင်းချိန်ပြင်ပမှာ သင်ခွင့်ပြု တယ်ဆိုတာ ကျ‌နော်တို့ တိုင်းသားရင်း‌တွေစာ‌ပေ‌တွေကို အသိအမှတ်မပြုသလို ဖြစ်‌နေတယ်။ တန်းတူညီမျှမှု မရှိသလို ခံစားရ တယ်”ဟု ‌စော‌အေးမြက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘက်စုံလွှမ်းခြုံနိုင်‌သော ပညာ‌ရေးကဏ္ဍ ‌လေ့လာသုံးသပ်‌ရေးလုပ်ငန်းအဖွဲ့(CESR)‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်ရှိ ဖားအံမြို့၊ မြ ဝတီမြို့၊ ‌ကော့ကရိတ်မြို့၊ မွန်ပြည်နယ် ‌ပေါင်မြို့ရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများမှ ကိုယ်စားလှယ်များအပြင် ဘာသာ ‌ရေး‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးပါတီများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ NGOs အဖွဲ့များ စုစု‌ပေါင်း ၇၀‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။
???????????????????????????????
‌ဆွေး‌နွေးပွဲ ပါဝင်တက်‌ရောက်‌သော ‌တောင်က‌လေး(ဘ.က)‌ကျောင်းအုပ်ဆရာ‌တော် ဦးဥတ္တမက “တိုင်းရင်းသားစာ‌ပေကိစ္စကို ‌ဆွေး‌နွေးဖြစ်တယ်။ ကိုယ်စားလှယ်‌တွေ ဖြစ်ချင်တာက‌တော့ တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းချိန်တွင် သင်ကြား‌ပေးချင်တယ်။ ကရင်ဘာသာမှာဆိုရင် ဆယ်တန်းအထိ သင်ရိုးညွန်းတမ်း‌တွေ ရှိတယ်။ အစိုးရက အသိအမှတ်ပြုရင် အ‌ကောင်းဆုံး‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကိုယ်စားလှယ်များ၏ သ‌ဘောထားအကြံပြုချက်အရ လွှတ်‌တော်မှ အတည်ပြုပြီးဖြစ်သည့် ပညာ‌ရေးဥပ‌ဒေတွင် တိုင်းရင်းသားများစာ‌ပေကို အစိုးရ‌ကျောင်းပြင်ပအချိန်အတွင်း သင်ကြားခွင့်ပြုထားသည်ကို စာ‌ပေ တန်းတူ ညီမျှမှု မရှိ‌ကြောင်း ‌ပြောဆို‌နေကြသည်ဟု ‌စော‌အေးမြက ဖြည့်စွက်‌ပြောဆိုသည်။

တိုင်းရင်းသားစာ‌ပေများကို အစိုးရ‌ကျောင်းတွင် သင်ကြားခွင့်ကို ၂၀၁၃ခုနှစ်က ပြုလုပ်ခဲ့သည့် နဝမအကြိမ်‌မြောက် ပြည်သူ့ လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော် နှစ်ရပ်စလုံးတွင် ပြဌာန်းထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ မြန်မာနိုင်ငံ၌ ဘက်စုံလွှမ်းခြုံနိုင်‌သော ပညာ‌ရေးကဏ္ဍ‌လေ့လာသုံးသပ်‌ရေးလုပ်ငန်းအဖွဲ့(CESR)မှ ထုတ်ထားသည့် အမျိုးသားပညာ‌ရေးစီမံကိန်း‌ရေးဆွဲရန်အတွက် အကြံပြုသ‌ဘောထား အချက်‌ပေါင်း (၂၀)ရှိသည်ဟု သိရသည်။

ဘက်စုံလွှမ်းခြုံနိုင်‌သော ပညာ‌ရေးကဏ္ဍ‌လေ့လာသုံးသပ်‌ရေးလုပ်ငန်းအဖွဲ့(CESR)ကို မြန်မာအစိုးရ သမ္မတရုံးမှ ပညာ‌ရေးဝန်ကြီး ဌာနက ၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်း‌ပေးခဲ့ပြီး ၎င်းအဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ် ဖားအံမြို့တွင် အမျိုးသားပညာ‌ရေး စီမံ ကိန်း၏ ဦးစား‌ပေး အစီအစဉ်‌ရွေးချယ်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကရင်တိုင်းရင်းသားတာဝန်ရှိသူများအား ယခု ပထမဆုံးအ ကြိမ် ‌တွေ့ဆုံခြင်းဖြစ်သည်။