Home သတင်း ဒီ‌ကေဘီ‌အေနယ်‌မြေအတွင်း စာသင်‌ကျောင်းအသစ်တည်‌ဆောက်မှု ‌ဒေသခံများ ရပ်ဆိုင်းထားလို

ဒီ‌ကေဘီ‌အေနယ်‌မြေအတွင်း စာသင်‌ကျောင်းအသစ်တည်‌ဆောက်မှု ‌ဒေသခံများ ရပ်ဆိုင်းထားလို

1393

ဩဂုတ် ၂၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ‌တောင်ဘက်ရှိ ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)ထိန်းချုပ်ရာ ‌တောင်နီ(‌လေး‌ဝေါ်)‌ကျေးရွာ စာသင်‌ကျောင်းဝင်းတွင် ကလို့ထူး‌ဘောကုမ္ပဏီက ဦး‌ဆောင်၍ စာသင်‌ကျောင်းအသစ်တစ်လုံး လာ‌ရောက်‌ဆောက်လုပ်‌နေ‌ကြောင့် ရှုတ်‌ထွေးမှု ရှိလာနိုင်သဖြင့် ရပ်ဆိုင်းထား‌စေလို‌ကြောင်း ‌ဒေသခံရွာသားများက ‌ပြောသည်။

ဩဂုတ်လ ၁၆ရက်‌နေ့က စတင်‌ဆောက်လုပ်‌နေသည့် ၎င်းစာသင်‌ကျောင်းအသစ်သည် အစိုးရ သင်ရိုးညွှန်းတမ်းကို အသုံးပြု သင်ကြားသွားမည်ဖြစ်ရာ လက်ရှိ ‌တောင်နီ‌ကျေးရွာစာသင်‌ကျောင်းတွင် ‌ကော်သူး‌လေပညာ‌ရေးဌာန(KED)၏ ပညာ‌ရေးသင်ရိုး ညွန်းတမ်းကို သင်ကြားပို့ချထားပြီဖြစ်သဖြင့် ယခုကဲ့သို့ ရပ်ဆိုင်းလိုခြင်း ဖြစ်သည်ဟု ‌တောင်နီ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး ‌စောမြင့် လှှိုင်က ‌ပြောသည်။

‌စောမြင့်လှိုင်က “ကျ‌နော်တို့က ရပ်ဆိုင်းထား‌စေချင်တယ်။ ဘာဖြစ်လဲဆို‌တော့ ကျ‌နော်တို့‌ကျောင်းက KED သင်ရိုးညွှန်းတမ်းကို ပဲ သင်ထားတယ်။ အစိုးရသင်ရိုးညွှန်းတမ်းကို‌တော့ မသင်‌စေချင်ပါဘူး။ ကိုယ့်ကရင်သမိုင်းကိုပဲ သင်‌စေချင်တယ်။ ပြီး‌တော့ သူတို့မ‌ဆောက်ခင် ကျ‌နော်တို့‌ကျေးရွာက ရွာသူရွာသား‌တွေလည်း ဘာမှ ‌သေ‌သေချာချာ မသိရ‌သေးဘူး။ ကျ‌နော်တို့လည်း ဘာမှမသိရ‌သေးဘူ။ အဲဒါ‌ကြောင့် ‌ကျောင်း‌ဆောက်တာကို ခဏရပ်ဆိုင်းထား‌စေချင်တယ်”ဟု ‌ကေအိုင်စိသု့ိ ‌ပြောသည်။

လက်ရှိ ‌ဆောက်လုပ်သည့် စာသင်‌ကျောင်းကို တာဝန်ယူ‌ဆောက်လုပ်‌နေသူများသည် ဩဂုတ်လ ၁၅ရက်‌နေ့က ‌ဝေါ်‌လေ‌ဒေသရှိ ‌ကျေးရွာ ၈မှ ‌ကျေးရွာတာဝန်ရှိသူများအား ‌တောင်နီ‌ကျေးရွာဘုန်းကြီး‌ကျောင်းတွင် ‌ခေါ်ယူ‌တွေ့ဆုံခဲ့ရာ စာသင်‌ကျောင်း‌ဆောက်လုပ်မည့်ကိစ္စကို ရွာသားများ ကန့်ကွက်သည့်ကြားက ‌ကျောင်း ‌ဆောက်လုပ်မှုကို နှစ်လစီမံကိန်းဖြင့် ဆက်လက်လုပ်‌ဆောင်‌နေသည်ဟု အုပ်ချုပ်‌ရေးမှူး ‌စောမြင့်လှိုင်က ဆက်‌ပြောသည်။

‌တောင်နီ(‌လေး‌ဝေါ်)‌ကျေးရွာစာသင်‌ကျောင်းသည် KED၏ ပညာ‌ရေးသင်ရိုးညွန်းတမ်းကို အသုံးပြု သင်ကြား‌နေသည့်အ‌ပေါ် နယ် ‌မြေခံ KED ပညာ‌ရေးမှူးများနှင့်တိုင်ပင်ပြီးမှ လက်ရှိ ‌ကျောင်း‌ဆောက်လုပ်မှုကို ဆက်လက်လုပ်‌ဆောင်သင့်သည်ဟု ‌ကော့ကရိတ် မြို့နယ် KED လက်‌ထောက်ပညာ‌ရေးမှူး ‌စောမြင့်သန်းကလည်း ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခု‌ကျောင်းလာ‌ဆောက်တာက ခဏ‌တော့ရပ်ဆိုင်းထား‌စေချင်တာ‌ပေါ့။ ရွာသား‌တွေကလည်း အဲလိုသ‌ဘောထားရှိတယ်။ ဘာဖြစ်လို့ဆို‌တော့ အခု‌ဆောက်ရင် ‌ရှေ့ဆက်ပူး‌ပေါင်းပြီး ဘယ်လိုလုပ်မလဲ။ ဘယ်လိုသင်မလဲဆိုတာ ကျ‌နော်တို့လည်း တိုင်ပင် ‌စေချင်တယ်။ ပြီး‌တော့ ရွာသား‌တွေနဲ့ နှစ်ဦးနှစ်ဖက်တိုင်ပင်‌စေချင်‌သေး တယ်”ဟု ‌စောမြင့်သန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ‌ကျောင်းသစ်‌ဆောက်လုပ်မှုနှင့် ပတ်သက်ပြီး ဒီ‌အေဘီ‌အေမှ တာဝန်ရှိသူတစ်ဦး ဖိုးမူးခို့က “အခု ‌ဆောက်လုပ်တဲ့‌ကျောင်း က ဘယ်အစိုးရနဲ့မှ မပါဘူး။ ဂျပန်အလှူရှင်က ပိုက်ဆံချ‌ပေးတယ်။ ကလို့ထူး‌ဘောကုမ္ပဏီက ‌ဆောက်လုပ်‌ပေးတယ်။ ဒီ‌ကျောင်း ‌ဆောက်ပြီးရင်လည်း အဲဒီက သူတို့သင်တဲ့အတိုင်းပဲသင်မယ်။ ရှိထားတဲ့ ဆရာမ‌တွေပဲ သင်မယ်။ ဘာမှမထူးပါဘူး။ ‌ဆောက်ပြီး ရင် ‌ကျောင်းသား‌တွေက ‌ကျောင်းအသစ်ကို ပြန်တက်‌နေဖို့ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အိမ်‌ခြေ ၈ဝ ဝန်းကျင်ရှိ ‌တောင်နီ(‌လေး‌ဝေါ်)‌ကျေးရွာ၏ မူလတန်းအဆင့် ဖွင့်လှစ်‌ပေး‌နေသည့် လက်ရှိ စာသင်‌ကျောင်းတွင် အစိုး ရလခစား ‌ကျောင်းဆရာမတစ်ဦး၊ ရွာမှခန့်ထားသည့် ‌ကျောင်းဆရာ/မ ‌လေးဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား ၈၀‌ကျော်အား ပညာ သင်ကြား‌ပေးလျှက်ရှိသည်ဟု သိရှိရသည်။