Home ဆောင်းပါး “ဖက်ဒရယ်”စကား သတိထား

“ဖက်ဒရယ်”စကား သတိထား

2088

‌မောင်‌ကျော်စွာ

(၂၀၁၄ခုနှစ်၊ ဩဂုတ် ၂ဝရက်)
၂၀၀၈ အ‌ခြေခံဥပ‌ဒေ တည်မြဲ‌နေသမျှ “ဖက်ဒရယ်ပြည်‌ထောင်စု” မည်သို့မျှ မတည်‌ဆောက်နိုင်ပါ။ ထို့အပြင် တန်းတူ‌ရေးနှင့် ဒီမိုက‌ရေစီအခွင့်အ‌ရေးများကို ဖိနှိပ်ကန့်သတ်ချုပ်ချယ်ထားသည့် “တည်ဆဲဥပ‌ဒေများ”ကိုလည်း ဖျက်သိမ်းပစ်ရလိမ့်မည်။

ဤအချက် ၂ရပ်မှာ “ဖက်ဒရယ်ပြည်‌ထောင်စု”တည်‌ဆောက်‌ရေးအတွက် အ‌ခြေခံလိုအပ်ချက်ပင် ဖြစ်ပါသည်။ ယင်းသို့ အ‌ခြေခံ အချက်များမရှိဘဲ “ဖက်ဒရယ်ပြည်‌ထောင်စု” တည်‌ဆောက်‌ရေးကို သ‌ဘောတူသည်/လက်ခံသည် စသဖြင့် ‌ရေးသား‌ပြောဆို‌နေ မှုများသည် အ‌ခြေအမြစ်မဲ့ ‌ပြောဆို‌နေမှုများ/ လှည့်ဖြားမှုများပင် ဖြစ်‌နေလိမ့်မည်။

အလွယ်ကူဆုံး ဥပမာတစ်ခု‌ပေးရလျှင် ‌တောင်ယာစပါး စိုက်ပျိုးမည်ဆိုလျှင် ပထမဦးစွာ မိမိ‌ရွေးချယ်ထားသည့် ‌တောင်‌စောင်း ‌ပေါ်ရှိ သစ်ပင်ကြီးငယ်များကို ခုတ်ထွင်ပစ်ရမည်။ ယင်း‌နောက် အဆိုပါ ခုတ်ထွင်ထားသည့် သစ်ပင်များကို မီးရှို့မည်၊ “ကျွန်း‌ခွေ” ရမည်။ ယင်း‌နောက်မှ စပါး‌စေ့ချ၍ စိုက်ပျိုးနိုင်မည်။ ယင်းသို့ မပြုလုပ်ဘဲ ‌တောင်ယာစပါးစိုက်၍ မရနိုင်ပါ။ စိုက်လျှင်လည်း စပါး ပင်များ ချိနဲ့ကျုံလှီပြီး စပါးထွက်ညံ့ဖျင်းလိမ့်မည်သာ ဖြစ်သည်။

ယခုလည်း ယင်းသ‌ဘောပင်။ “ဖက်ဒရယ်ပြည်‌ထောင်စု”ဆိုသည့် မျိုး‌စေ့၊ အပင်‌ကောင်းစွာ ‌ပေါက်‌ရောက်ရှင်သန်နိုင်ရန် ‌ကောင်း မွန်သည့် ‌ရေခံ‌မြေခံနှင့်တူ‌သော အ‌ခြေခံ‌ကောင်းများ လိုအပ်ပါသည်။ ‌လောင်းရိပ်မိုး‌နေသည့် အပင်နှင့်တူ‌သော “၂၀၀၈ အ‌ခြေခံ ဥပ‌ဒေ”ကို ခုတ်ထွင်သုတ်သင်ရလိမ့်မည်။ ‌ပေါင်းပင်များနှင့်တူသည့် “တည်ဆဲဥပ‌ဒေများ” ဆိုသည်ကို ဆွဲနှုတ်တူး ထုတ်ပစ်ကြရ လိမ့်မည်။ ထို့အပြင် ကြက်ငှက်တိရစ္ဆာန်များနှင့်တူသည့် “ပြင်ပမှ အခြား‌သောအန္တရာယ်များ”ကိုလည်း တိုင်းရင်းသား ပြည်သူ များ၏ ‌သွေးစည်းညီညွတ်မှုဖြင့် စု‌ပေါင်းကာကွယ်ကြရမည်။ သို့မှသာ “ဖက်ဒရယ်ပြည်‌ထောင်စု”ဟူ‌သောအပင်သည် ကြီးထွား သန်မာပြီး ‌ရေရှည် ရှင်သန်ဖူးပွင့်‌ဝေဆာနိုင်‌ပေလိမ့်မည်။

ထို့အပြင် လက်ရှိ “အစိုးရ၊ လွှတ်‌တော်၊ စစ်တပ်”တို့ကို ကိုယ်စားပြုသည်ဆို‌သော မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းကမျှ တစ်ဦးချင်း‌သော်လည်း‌ကောင်း၊ အစုအဖွဲ့အလိုက်‌သော်လည်း‌ကောင်း “ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ပါမည်”ဟု တည် ကြည်‌လေးနက်‌သောစကားကို တိတိကျကျ၊ မှန်မှန်ကန်ကန် ထုတ်‌ဖော်‌ပြောဆိုသည်ကို လူမျိုး‌ပေါင်းစုံပြည်သူများ၏နား၌ တခါ မျှ မကြားခဲ့ဖူး‌သေး‌ချေ။

တစ်‌ခေတ်တစ်ခါက တိုင်းရင်းသားတန်းတူ‌ရေးနှင့် ညီညွှတ်‌ရေးအတွက် တည်ကြည်‌လေးနက်စွာ ‌ပြောဆိုခဲ့သူ ဗိုလ်ချုပ်‌အောင် ဆန်း၏ ကတိစကားကိုပင် ဗိုလ်ချုပ်ကွယ်လွန်ပြီးသည့်‌နောက် အာဏာရလာသည့် အုပ်စိုးသူအဆက်ဆက်သည် ဖခင်က လက် နဲ့‌ရေးခဲ့သည်ကို သား‌မြေးများက ‌ခြေနှင့်ဖျက်ကြသကဲ့သို့ ဖျက်ဆီးပစ်ခဲ့ကြသည် မဟုတ်သ‌လော။ နှုတ်‌ပြောစကားဖြင့် လုံးဝမလုံ ‌လောက်‌ချေ။ စာနှင့်‌ပေနှင့် အခိုင်အမာရှိရမည်။ “ကတိ‌ပေးသူ ‌သေလျှင် ပြီးပြီ”ဟူ‌သော ခပ်တိမ်တိမ်၊ ခပ်ညံ့ညံ့သ‌ဘောထားမျိုး မထားရှိသင့်။

ယခုလည်း (UPWC) ဦး‌အောင်မင်းတို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတို့ “အလွတ်သ‌ဘောအကြိမ် ၂၅၀‌ကျော်” ‌တွေ့ ဆုံ၍ စကား‌တွေ ‌ပြောခဲ့ကြဖူးပြီ။ “တရားဝင်‌တွေ့ဆုံမှု အကြိမ် ၅၀” ပြုလုပ်ခဲ့ကြဖူးပြီ။ ယင်းသို့ တရားမဝင် အလွတ်သ‌ဘော‌ရော၊ တရားဝင်‌တွေ့ဆုံမှုတို့တွင် (UPWC) ဦး‌အောင်မင်းတို့ဘက်မှ “ဖက်ဒရယ်ပြည်‌ထောင်စု” တည်‌ဆောက်‌ရေးနှင့် ပတ်သက်၍ တာ ဝန်ယူသည့်၊ တာဝန်ခံမှုရှိသည့် ‌လေးနက်တည်ကြည်‌သောစကားကို ကြားခဲ့ကြဖူးပါသလား။ (UPWC)မှ ဦး‌အောင်မင်းသည် အဆုံးအဖြတ်‌ပေးနိုင်သူ မဟုတ်သည်ကို အားလုံးသိကြပါသည်။

(UPWC) ဦး‌အောင်မင်း၏ အထက်တွင် “ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး ဗဟို‌ကော်မတီ (UPCC)” ရှိပါသည်။ ထို (UPCC) တွင် သမ္မတ၊ လွှတ်‌တော်ဥက္ကဋ္ဌ ၂ဦး၊ ကာချုပ်တို့ပါသည်။ ၎င်းတို့ညွန်ကြားသမျှကို (UPWC) ဦး‌အောင်မင်းတို့က နာခံ ပြီး လုပ်‌ဆောင်‌နေကြခြင်းသာဖြစ်သည်။ (MPC) က ‌ဒေါက်တာမင်း‌ဇော်ဦး၊ ဦး‌အောင်နိုင်ဦး စသူတို့မှာ (UPWC) ဦး‌အောင်မင်း၊ ဦးလှ‌မောင်‌ရွှေ၏ လက်‌အောက်ခံ ရုံးလုလင်က‌လေးများသာ ဖြစ်သည်။

“ဖက်ဒရယ်ပြည်‌ထောင်စုစနစ်ကို အစိုးရက လက်ခံသည်/ ဖက်ဒရယ်တပ်မ‌တော် တည်‌ထောင်မည်”စသဖြင့် ကျားကျားမီးယပ် လုပ်ပြီး ‌ပြော‌နေ‌သော်လည်း စာချုပ်တွင်ထည့်သွင်းရန် သ‌ဘောတူကြသည့်အချက်မှာ “ဒီမိုက‌ရေစီနှင့် ဖက်ဒရယ်စနစ်ကို အ‌ခြေ ခံသည့် ပြည်‌ထောင်စုကို နိုင်ငံ‌ရေး‌တွေ့ဆုံပွဲ ရရှိသည့်ရလဒ်များဖြင့် အ‌ကောင်အထည်‌ဖော် တည်‌ဆောက်သွားရန်၊ ပြည်‌ထောင်စု တပ်မ‌တော်ဖွဲ့စည်း‌ရေးကိစ္စကို နို်င်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများတွင် ထည့်သွင်း‌ဆွေး‌နွေးသွားရန်”ဟူ၍သာ ပါရှိပါတယ်။ ယင်းအ ချက်ကိုပင် ဩဂုတ်လ ၁၇ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် “ပူးတွဲသတင်းထုတ်ပြန်ချက်”၌ပင် ‌ဖော်ပြမထား‌ချေ။

စာချုပ်တွင်ထည့်သွင်းရန် သ‌ဘောတူသည့် စကားရပ်၏ အဓိပ္ပါယ်မှာ ယင်းကိစ္စ‌တွေကို “နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဖြစ်လာ‌သော အခါ ထည့်သွင်း‌ဆွေး‌နွေးသွားမည်” ဟူသည့်သ‌ဘောသာဖြစ်သည်။ “ဖက်ဒရယ်ကို အစိုးရကလက်ခံသည်”ဟူ၍ လုံးဝ အဓိပ္ပါယ် ‌ကောက်ယူ၍ မရနိုင်ပါ။ ယင်းသို့ အဓိပ္ပါယ်‌ကောက်ယူသည်/ ‌ပြောဆို‌နေသည်ဟုဆိုလျှင် မိမိကိုယ်ကိုမိမိနှင့် အများကိုပါ လိမ် ညာလှည့်ဖြားခြင်းသာ ဖြစ်ပါလိမ့်မည်။

သို့ပါ၍ ‌ရေရာတိကျမှု မရှိ‌သော၊ တာဝန်ခံမှုမရှိ‌သော “အလွတ်သ‌ဘော ‌တွေ့ဆုံကြရာ၌” ‌ပြောသည့်စကားများအ‌ပေါ် ရင်ခုန်မ‌နေ သင့်ပါ။ အချိန်ကုန်မခံသင့်ပါ။ (UPWC) ဦး‌အောင်မင်း၊ ဦးလှ‌မောင်‌ရွှေတို့သည် “အထက်”က ညွန်ကြား‌နေသည့် ဇာတ်ညွန်းအ တိုင်း ကပြ အသုံး‌တော်ခံ‌နေကြခြင်းဖြစ်သည်။

ယခုအခါ (UPWC) ဦး‌အောင်မင်းတို့ ဖန်တီးသည့် “သုံးပွင့်ဆိုင်”ဆိုတာ ပွဲထွက်လာ‌နေသည်။ ‌နောက်ထပ် “‌လေးပွင့်ဆိုင်”၊ “ငါး ပွင့်ဆိုင်”၊ “‌ခြောက်ပွင့်ဆိုင်”၊ “ရှစ်ပွင့်ဆိုင်”‌တွေ ‌ပေါ်လာဖို့ မခက်ပါ။ ဤသို့ ဖန်တီး‌နေသည်မှာလည်း ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ဒီချုပ်ပါတီက ‌တောင်းဆို‌နေသည့် “‌လေးပွင့်ဆိုင်” ‌တွေ့ဆုံကြ‌ရေးကို တန်ပြန်‌နေခြင်းဖြစ်သည်။

အာဏာရအုပ်စိုးသူသည် အဖက်ဖက်က လက်ဦးမှုယူနိုင်သည်ချည်း ဖြစ်ပါသည်။ အတုအ‌ယောင်‌တွေ အမျိုးမျိုး ဖန်တီးနိုင် သည်။ (မဆလ) အ‌ခြေခံဥပ‌ဒေ(၁၉၇၄)ဖြင့် ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်‌တွေ ဖန်တီး‌ပေးခဲ့သည်။ “၂၀၀၈ အ‌ခြေ ခံဥပ‌ဒေ”တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/‌ဒေသဖြင့် မြှူဆွယ်ထားပြီ။ “၂၀၀၈အ‌ခြေခံဥပ‌ဒေ”ထဲက ဇယား(၂)နှင့် (၃)ကို ပြင် ဆင်လိုက်လျှင်ပင် “ဖက်ဒရယ်ပြည်‌ထောင်စု” ဖြစ်‌တော့မ‌ယောင် နှပ်‌ကြောင်း‌ပေး‌နေပါသည်။

“၂၀၀၈အ‌ခြေခံဥပ‌ဒေ” တည်မြဲ‌နေသမျှ စစ်မှန်‌သော ဒီမိုက‌ရေစီ၊ စစ်မှန်‌သော ဖက်ဒရယ်ပြည်‌ထောင်စုနှင့် စစ်မှန်‌သော ပြည် တွင်းငြိမ်းချမ်း‌ရေး ဖြစ်ထွန်း‌ပေါ်‌ပေါက်လာနိုင်လိမ့်မည် မဟုတ်‌ချေ။