Home သတင်း ဗဟိုချုပ်ကိုင်မှုစနစ် ‌လျော့ချ‌စေလို‌ကြောင်း KDP ဥက္ကဌ ‌ပြောကြား

ဗဟိုချုပ်ကိုင်မှုစနစ် ‌လျော့ချ‌စေလို‌ကြောင်း KDP ဥက္ကဌ ‌ပြောကြား

1997

ဩဂုတ် ၃ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာအစိုးရ၏ ဗဟိုချုပ်ကိုင်မှုစနစ်ကျင့်သုံးခြင်းဖြင့် ကရင်ပြည်နယ်အတွင်း ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများနှင့်အခြားလုပ်ငန်းများ ‌အောင်မြင်သင့်သ‌လောက် မ‌အောင်မြင်သည်ကို ‌တွေ့ရသည့်အတွက် ဗဟိုချုပ်ကိုင်မှုစနစ် ‌လျော့ချ‌စေလို‌ကြောင်း ကရင်ဒီမိုကရက်တစ်ပါတီ(KDP) ဥက္ကဌ ‌စောရဲဝင်းနိုင်က ဩဂုတ် ၂၈ရက်‌နေ့က ‌ပြောဆိုလိုက်သည်။

“အုပ်ချုပ်‌ရေး ဖြစ်ဖြစ်၊ တရားစီရင်‌ရေး ဖြစ်ဖြစ်၊ ဥပ‌ဒေပြုတဲ့‌နေရာပဲ ဖြစ်ဖြစ် ဗဟိုချုပ်ကိုင်မှုက ရှိ‌နေတုန်းပဲ။ အဲဒါ‌တွေ ရှိ‌နေ‌တော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ ဒါ‌ကြောင့် ပြည်နယ်အတွင်းလုပ်ငန်း‌တွေမှာ ‌အောင်မြင်သင့်သ‌လောက် မ‌အောင်မြင်ပဲ ဖြစ်‌နေတယ်”ဟု ‌စောရဲဝင်းနိုင်က ‌ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာသည့်‌နောက်ပိုင်း ဗဟိုချုပ်ကိုင်မှုစနစ် ဆက်ကျင့်သုံးမှု‌အောက်တွင် ကရင်ပြည်နယ်၌ ဖွံ့ဖြိုး‌ရေးစီမံကိန်းများဖြစ်သည့် ဘိလပ်‌မြေစက်ရုံတည်‌ဆောက်‌ရေး အပါအဝင်အခြား ဖွံ့ဖြိုး‌ရေးတို့‌ကြောင့် လယ်ယာ‌မြေသိမ်းဆည်းမှုများဖြစ်‌ပေါ်ကာ ပြည်နယ်အစိုးရက မ‌ဖြေရှင်းနိုင်သဖြင့် ဩဂုတ် ၂၅ ရက်‌နေ့က ဖားအံမြို့တွင် ‌ဒေသခံလယ်သမားများက ဆန္ဒ‌ဖေါ် ထုတ်မှုများ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဖားအံမြို့ခံလည်းဖြစ်၊ ကရင်ယဉ်‌ကျေးမှုဒုံးဆရာဖြစ်သူ ‌စောမြင့်သူက အစိုးရသစ်လက်ထက် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမှ ၂၀၁၄ ကုန်ခါနီးအချိန်ထိ ပြည်နယ်အစိုးရသည် ပြည်နယ်အတွင်းရှိ ဖွံ့ဖြိုး‌ရေး လုပ်‌ဆောင်ချက်များနှင့်ပတ်သက်၍ လူထုထံ ချပြခြင်း၊ ဆန္ဒ‌ကောက်ယူခြင်းများ မ‌တွေ့ရှိရ‌သေးဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော် ကြား‌နေရတာက ဝန်ကြီးဌာနအသီးသီး‌တွေမှာ ဝန်ကြီးချုပ်နဲ့ ကာလုံကိုပဲ ‌ကြောက်‌နေရတယ်။ ကျ‌နော်တို့ ပြည်နယ်ဖွံ့ဖြိုး‌ရေး‌တွေမှာ အစိုးရက ပွင့်ပွင့်လင်းလင်း လူထု‌တွေကို ချပြတာ မ‌တွေ့ရ‌သေးဘူး။ ဖွံ့ဖြိုး‌ရေး‌တွေလည်း ထင်သ‌လောက် ဖြစ်မလာတာကို ‌တွေ့ရတယ်”ဟု ‌စောမြင့်သူက ‌ပြောသည်။

လက်ရှိ ဗဟိုချုပ်ကိုင်မှုစနစ်အ‌ပေါ် ကရင်ပြည်နယ် လျှပ်စစ်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ကြီး ‌စောကြည်လင်း က ပြည်နယ်အစိုးရမှ ချ‌ပေးလိုက်သည့် လုပ်ပိုင်ခွင့်နှင့် လုပ်ထုံးလုပ်နည်းများ‌ကြောင့် ဝန်ကြီးဌာနအသီးသီးအ‌နေဖြင့် ယခင်က နားလည်မှုအားနည်းခဲ့သည်မှာ မှန်‌သော်လည်း ယခုအချိန်တွင် နားလည်မှုများရှိ လာပြီး ‌ဖြေ‌လျှော့မှုအချို့ရှိလာပြီဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောကြည်လင်းက “ပြည်နယ်အစိုးရအ‌နေနဲ့ အရင်က နားမလည်လို့ရှိခဲ့တယ်။ အခု‌တော့ နားလည်လာကြ ပြီ။ ဗဟိုထိန်းချုပ်မှု စနစ်‌တော့ ရှိ‌သေးတာ‌ပေါ့။ ဒါ‌ပေမယ့် ‌ဖြေ‌လျှော့လို့ရတဲ့အဆင့်‌တွေ ဖြည်‌လျော့လိုက်ပါပြီ”ဟု ‌ပြောသည်။

ကရင်ဒီမိုကရက်တစ်ပါတီ(KDP)ကို ပါတီအမှတ်-၅၆ဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီ ၁၁ရက်‌နေ့တွင် တည်‌ထောင်ဖွဲ့စည်းခဲ့သည်။