Home သတင်း ဘိလပ်‌မြေစက်ရုံမှူးက ကျူး‌ကျော်အ‌ဆောက်အဦများ အမြန်ဆုံးဖယ်ရှားရန် အ‌ကြောင်းကြားစာ‌ပေးပို့

ဘိလပ်‌မြေစက်ရုံမှူးက ကျူး‌ကျော်အ‌ဆောက်အဦများ အမြန်ဆုံးဖယ်ရှားရန် အ‌ကြောင်းကြားစာ‌ပေးပို့

1901

ဩဂုတ် ၂၇ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ဖားအံမြို့နယ်၊ မြိုင်က‌လေး‌ကျေးရွာရှိ မြန်မာစီးပွား‌ရေး‌ကော်ပို‌ရေးရှင်း၏ တန် ၉၀ဝထွက် အမှတ်(၁) ဘိလပ်‌မြေစက်ရုံပိုင်နယ် ‌မြေတွင် ‌နေထိုင်လျှက်ရှိသည့် ဘုန်းကြီး‌ကျောင်းများနှင့် လူ‌နေအိမ်များကို ကျူး‌ကျော်အ‌ဆောက်အဦဟု သတ်မှတ်ကာ အမြန် ဆုံး ဖယ်ရှား‌ပေးရန် စက်ရုံမှူးက ‌ဒေသခံများထံသို့ အ‌ကြောင်းကြားစာ ‌ပေးပို့ခဲ့‌ကြောင်း သိရသည်။

ဩဂုတ်လ ၁၉ရက်‌နေ့စွဲဖြင့် ရုံးအမိန့်စာအမှတ် (၁၆၇/၂၀၁၄) နှင့် စာအမှတ်၊ ၂၀/၂၀/ ၁၈/ အခ/ မစက/တန် ၉၀ဝ (၁၇၂၄) ပါရှိသည့် အဆိုပါအ‌ကြောင်းကြားစာတွင် စက်ရုံပိုင်ဧရိယာအတွင်း၌ ကျူး‌ကျော်ဝင်‌ရောက်ကာ ‌ဆောက်လုပ်‌နေထိုင်ကြသည့် အ‌ဆောက်အဦများကို ညွှန်ကြားစာရရှိသည့်‌နေ့မှ ‌နောက်ဆုံးထားကာ အမြန်ဆုံးဖယ်ရှားရန်နှင့် ဖယ်ရှား‌ပေးခြင်းမရှိပါက တရား ဥပ‌ဒေအရ အမှုဖွင့် အ‌ရေးယူ ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ‌ဖော်ပြထားသည်။

၎င်းဘိလပ်‌မြေစက်ရုံဧရိယာအတွင်း တည်ရှိသည့် သာမည‌ကျောင်းခွဲဘုန်း‌တော်ကြီး‌ကျောင်းမှ ‌ကျောင်းထိုင်ဆရာ‌တော် ဦးဥတ္တမ က “အ‌ကြောင်းစာကို‌တော့ ဦးဇင်းတို့ဆီ ဒီလ ၂၁ရက်‌နေ့က ‌ရောက်လာတယ်။ ဒီမှာလာ‌နေတာ ဆရာ‌တော်ဘုရားရဲ့ အမိန့်ဩ ဝါဒကို နာခံပြီး လာ‌နေတာပါ။ ‌နေလာတာ နှစ်‌ပေါင်း နှစ်ဆယ်‌ကျော်ပါပြီ။ သူတို့(ဘိလပ်‌မြေစက်ရုံတာဝန်ရှိသူ‌တွေ)က ဦးဇင်းတို့ ကို ‌ကျောင်း‌ရွှေ့ရမယ်ဆိုပြီး လာ‌ပြောတယ်။ ဦးဇင်းတို့ ‌မြေကျူး‌ကျော်တာလည်း မဟုတ်ဘူး”ဟု ‌ကေအိုင်စီသို့ မိန့်ကြားသည်။

ကရင်ပြည်နယ်သံဃာ့အကြီးအကဲများ၏ ချမှတ်ထားတဲ့ စည်းကမ်းအ‌နေအထားအ‌ပေါ် မူတည်ပြီး သာမည‌ကျောင်းခွဲ ဘုန်း‌တော် ကြီး‌ကျောင်းကို ‌ပြောင်း‌ရွှေ့သင့်မသင့်နှင့်ပတ်သက်၍ နာခံသွားမည်ဟု ယင်းဘိလပ်‌မြေ တာဝန်ရှိသူများအား တုံ့ပြန်ထားသည်ဟု ဦးဥတ္တမက ဆက်လက်မိန့်ကြားသည်။

လက်ရှိ စက်ရုံပိုင်နယ်‌မြေထဲတွင် ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီး‌ကျောင်း ၁၈‌ကျောင်းနှင့် လူ‌နေအိမ် အ‌ဆောက်အဦး ၂၀‌ကျော်ရှိပြီး စက်ရုံပိုင်‌မြေအတွင်း ‌နေထိုင်သူများအား ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က လိုအပ်ပါက ‌နေရာဖယ်ရှား‌ပေးရန် စက်ရုံက လက်မှတ်နှစ် ကြိမ် ထိုးခိုင်းခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ကျူး‌ကျော်ဝင်‌ရောက်‌နေထိုင်သည့် အ‌ကြောင်းကြာစာနှင့် ပတ်သက်၍ အမှတ်(၁) ဘိလပ်‌မြေစက်ရုံမှ ဘဏ္ဍာ‌ရေးမှူးဖြစ်သူ ဦး တင်လှိုင်ကို ဆက်သွယ်‌မေးမြန်းခဲ့ရာ ၎င်းက “ဒီ(အသိ‌ပေးအ‌ကြောင်းကြားစာ) သတင်းထည့်သွင်း‌ဖော်ပြမယ်ဆိုရင် ကာကွယ် ‌ရေးဦးစီးချုပ်ရုံးသို့ တင်ပြစာဖြစ်တဲ့ သတင်းထည့်သွင်း‌ဖော်ပြချက် ခွင့်ပြုချက်‌တောင်းရမယ်”ဟု ပြန်လည် ‌ဖြေကြားခဲ့သည်။

ဘိလပ်‌မြေ စက်ရုံပိုင်နယ်‌မြေအတွင်း၌ ‌နေထိုင်သူများသည် ‌ပြောင်း‌ရွှေ့ရန် အ‌ကြောင်းကြားစာ လက်ခံရရှိထား‌သော်လည်း အမှန်တကယ် ‌ပြောင်း‌ရွှေ့ရမည်ဆိုပါက မည်သည့်‌နေရာသို့ သွား‌ရောက် အ‌ခြေစိုက် ‌နေထိုင်ရမည်ကို မသိရှိကြ‌သေး‌ကြောင်း ၎င်း‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ထို့အပြင် ယခုနှစ်၊ မတ်လ ၁၄ရက်‌နေ့ကလည်း ၎င်းဘိလပ်‌မြေနယ် ဧရိယာအတွင်း မြိုင်က‌လေးရွာအနီးရှိ လှာကာ‌ကျေးရွာ၊ လှာကာ‌ဈေးတန်းကို အမှတ် ၉၁၅ စစ်‌မြေပြင်အင်ဂျင်နီယာတပ်ပိုင်‌မြေဖြစ်သည်ဟုဆိုကာ ဖျက်သိမ်းဖယ်ရှား‌ပေးရန် အစိုးရစစ် တပ် တပ်မ(၉၁၅)က ‌ဒေသခံများထံ ညွန်ကြားစာတစ်‌စောင် ‌ပေးပို့ခဲ့‌သျေးသည်ဟု သိရသည်။

မြန်မာစီးပွား‌ရေး‌ကော်ပို‌ရေးရှင်း၏ တန် ၉၀ဝ အမှတ်(၁) ဘိလပ်‌မြေစက်ရုံပိုင်‌မြေမှာ ဧက‌ပေါင်း ၁၄၄၇.၇၂ ဧကရှိပြီး ၁၉၈၅ခုနှစ် တွင် စက်မှုဝန်ကြီးဌာန (‌ကြွေထည်‌မြေထည်) လက်‌အောက်ခံ အမှတ် (၁) ဘိလပ်‌မြေစက်ရုံ မြိုင်က‌လေးဟူ၍လည်း‌ကောင်း၊ ၁၉၈၉ခုနှစ်‌နောက်ပိုင်းတွင် တပ်မ‌တော်ဘိလပ်‌မြေစက်ရုံနှင့် ၂၀၀၅ခုနှစ်‌နောက်ပိုင်းတွင် မြန်မာစီးပွား‌ရေး‌ကော်ပို‌ရေးရှင်း အမှတ် (၁) ဘိလပ်‌မြေစက်ရုံဟူ၍ ‌ပြောင်းလဲ‌ခေါ်‌ဝေါ်လာခဲ့သည်။

၎င်းစက်ရုံနှင့် မနီးမ‌ဝေး လှာကာ‌ကျေးရွာအတွင်းတွင်မူ မြန်မာစီးပွား‌ရေး‌ကော်ပို‌ရေးရှင်း၏ တန် ၄၀၀ဝထွက် အမှတ်(၂) ဘိလပ်‌မြေစက်ရုံတခုလည်း တည်ရှိသည်။