Home သတင်း မယ်လဒုက္ခသည်စခန်းတွင် လူစာရင်း‌ကောက်ခံမှု ပြီးစီး

မယ်လဒုက္ခသည်စခန်းတွင် လူစာရင်း‌ကောက်ခံမှု ပြီးစီး

1514

ဩဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းရှိ လူဦး‌ရေ ၄‌သောင်း‌ကျော် ‌နေထိုင်‌သော မယ်လကရင်ဒုက္ခသည်စခန်း၌ ဇူလိုင် ၁၈ရက် ‌နေ့က ထိုင်းအာဏာပိုင်များမှ စတင်‌ကောက်ခံခဲ့သည့် လူဦး‌ရေစာရင်းမှာ ဇူလိုင် ၃၁ရက်‌နေ့တွင် ‌ကောက်ခံပြီးစီးသွားပြီဖြစ်သည် ဟု မယ်လစခန်း ဥက္ကဋ္ဌ ‌စော‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စော‌အောနက်က “‌နောက်ဆုံး ရပ်ကွက်တစ်ခုဖြစ်တဲ့ ဇုံစီ ရပ်ကွက်(၅)ကို ဒီ‌နေ့မနက် (၁၀)နာရီ‌လောက်မှာ ပြီးသွားပြီဖြစ်တယ်။ ပစ္စည်း‌တွေကို ကျ‌နော်တို့ သိမ်းဆည်း‌နေပြီ။ ‌ရှေ့ဆက် ဘာအစီအစဉ်ရှိ‌သေးသလဲ ဆိုတာက‌တော့ ‌ပြောတာမရှိ‌သေးဘူး”ဟု ‌ပြောဆိုသည်။

ဒုက္ခသည်စခန်း ထိုင်းအာဏာပိုင်နှင့် ထိုင်းစစ်တပ်တို့ ပူး‌ပေါင်းပြီး သီတင်း ၂ပတ်နီးပါးကြာသည့် ၎င်းလူစာရင်း‌ကောက်ခံမှုကို ပြီး စီးသွားပြီဖြစ်‌သော်လည်း လူစစ်‌ဆေးမှု မလုပ်ခင်ကတည်းက ထုတ်ပြန်ထားသည့် စခန်းတွင်း ဝင်ထွက်သွားလာမှု တင်းကြပ် ထားသည့်စည်းကမ်းကို ပြန်လည်ရုပ်သိမ်း‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

ထိုသို့ လူစာရင်း‌ကောက်ခံရာတွင် ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အသိအမှတ်ပြု လက်မှတ်ရှိသူများကို အစိမ်း ရင့်‌ရောင်၊ အစိမ်းနု‌ရောင်နှင့် UNHCR လက်မှတ်မရှိသူ(လူသစ်)များကို အနီ‌ရောင်ကဒ်များ‌ပေးပြီး ဓာတ်ပုံရိုက် လူစာရင်း‌ကောက် ခံလျှက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

သို့‌သော် ဒုက္ခသည်လူဦး‌ရေ စာရင်းအတိအကျ သိရှိရန်ဟု ‌ပြောဆိုထား‌သော ယခု လူစာရင်း‌ကောက်ခံမှုမှ ရရှိလာသည့် လူစာ ရင်းများကို မည်သို့အသုံးပြုသွားမည်ကို ထိုင်းအာဏာပိုင်များက ဒုက္ခသည်များအား ရှင်းရှင်းလင်းလင်း အသိ‌ပေးထားခြင်း မရှိ ‌သေးသဖြင့် ‌နေရပ်အတင်းပြန်ပို့ခြင်းခံရမည်ကို ဒုက္ခသည်များက စိုးရိမ်‌နေကြသည်။

မယ်လစခန်း၊ ဇုံဘီ ရပ်ကွက်(၃)တွင် ‌နေထိုင်သူ အသက် ၆ဝအရွယ် ဖထီး‌ကျော်‌ကျော်က “အခု လူစစ်တဲ့ပုံက အိမ်မှာရှိသမျှ လူ ‌တွေကို အကုန်‌ခေါ်ခဲ့ဆိုပြီး‌တော့ ‌ခေါ်စစ်တာ၊ စခန်းက လူကြီး‌တွေကို‌မေးလည်း အတိအကျ မ‌ပြောနိုင်ဘူး။ အခု လူစစ်တာ ပြန် ပို့ဖို့အတွက် လုပ်တာလို့ သတင်းကလည်း အမျိုးမျိုးထွက်‌နေတယ်။ စိုးရိမ်တာ အမှန်ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ လူစာရင်း‌ကောက်ခံရာတွင် ပုံစံတစ်မျိုးဖြင့် ၃ကြိမ် ‌ကောက်ခံ ‌ကြောင်း၊ ပထမနှင့် ဒုတိယအကြိမ်များ၌ အစိမ်း‌ရောင်ကဒ် ထုတ်‌ပေးပြီး ‌နောက်ဆုံးအကြိမ်တွင် အဖြူ‌ရောင်ကဒ်ကို ထုတ်‌ပေး ‌ကြောင်း အုန်းဖျန်စခန်း ရပ်ကွက်(၂)တွင် ‌နေထိုင်သူ ‌နော်မူးဂါးဒါးက ‌ပြောသည်။

၎င်းက “အခု စစ်တာ (၃)ခါရှိပြီ။ ဘယ်နှစ်ခါ ထပ်စစ်အုံးမလဲ မသိဘူး။ အ‌ဒေါ်အ‌နေနဲ့ ရှည်ရှည်‌ဝေး‌ဝေး မစဉ်းစားချင်‌တော့ဘူး။ ဘယ်နှစ်ကြိမ်စစ်ချင်သလဲ စစ်ပါ။ အခုအ‌ခြေအ‌နေက ပြန်လို့မဖြစ်‌သေးဘူးဆိုတာ အများက အသိ‌ပေး‌လေ။ စဉ်းစားရင် စိတ် ‌သောက‌ရောက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်း (၉)ခုမှ ဒုက္ခသည်ဦး‌ရေ ၃သိန်း‌ကျော်ကို စစ်‌ဆေးရန် လက်ရှိ အာဏာသိမ်း ထိုင်း စစ်တပ်ဘက်မှ ယခုနှစ် ဇွန်လကုန်ပိုင်းက ထုတ်‌ဖော်‌ပြောထားပြီး‌နောက် လူစာရင်း‌ကောက်ခံမှုကို တာ့ခ်ခရိုင်ရှိ အုန်းဖျန်၊ နို့ဖိုး၊ မယ်လနှင့် ကန်ချနဘူရီရှိ ဘန့်ဒုံယမ်း၊ မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီအမှတ် (၁)စခန်းတို့ကို လူဦး‌ရေစာရင်း ‌ကောက်ခံခဲ့ သည်။ ထို့အပြင် ကန်ချနဘူရီခရိုင်ရှိ ထမ်းဟင်ဒုက္ခသည်စခန်းကို ဇူလိုင် ၃၁ရက်‌နေ့က စတင်စစ်‌ဆေး‌နေပြီး ဩဂုတ်လဆန်းပိုင်း တွင်လည်း မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီစခန်းအမှတ်(၂)၊ မယ်ရာမိုနှင့် မယ်လအူးစခန်းများကိုလည်း ဆက်လက် ‌ကောက် ခံရန်ရှိသည်ဟု ဒုက္ခသည်များအ‌ရေး ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။