Home သတင်း သိမ်းဆည်းခံလယ်‌မြေများပြန်ရရန် လယ်သမား ၁၀၀‌ကျော် ဖားအံ၌ ဆန္ဒထုတ်‌ဖော်

သိမ်းဆည်းခံလယ်‌မြေများပြန်ရရန် လယ်သမား ၁၀၀‌ကျော် ဖားအံ၌ ဆန္ဒထုတ်‌ဖော်

1442

ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ‌ဒေသခံလယ်သမား ၁၀၀‌ကျော်သည် ယ‌နေ့မနက် ၉နာရီမှ ၁၁နာရီအထိ ၎င်းတို့၏ သိမ်းဆည်းခံ လယ်‌မြေများ ပြန်ရရှိရန် ၈၈မျိုးဆက်ကရင်‌ကျောင်းသားများအစည်းအရုံး၏ ဦး‌ဆောင်မှုဖြင့် ပထမဦးဆုံးအကြိမ် လမ်း‌လျှောက် ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒထုတ်‌ဖော်သူများမှာ ဖားအံမြို့နယ်ရှိ လှာက‌ဒေါင်၊ ‌ကော့စလို၊ ‌ရွေခြံ‌လေး၊ လှာကမြင်၊ ‌တောင်သူကုန်း၊ စံပရီး‌ကျေးရွာတို့မှ လယ်သမားများဖြစ်ကြပြီး ၎င်းတို့သည် ဖားအံမြို့နာရီစင်မှ စတင်ကာ ကုန်းက‌လေးလမ်း၊ ကန်သာယာလမ်းမှ ပြည်နယ်အစိုးရရုံး အနီးရှိ (သီရိကွင်း)အထိ ဆိုင်းဘုတ်များ ကိုင်‌ဆောင်ကာ ဆန္ဒ‌ဖော်ထုတ်လမ်း‌လျှောက်ခဲ့ကြခြင်းဖြစ်သည်။

လယ်သမားများ ဆန္ဒ‌ဖော်ထုတ်ပွဲနှင့် ပတ်သက်ပြီး ဦး‌ဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများအစည်းအရုံး ဒုဥက္ကဌ ဦး‌ဇော်ထိုက်က “ကျ‌နော်တို့က‌တော့ အမြန်ဆုံး‌ပေါ့‌နော်။ မှန်မှန်ကန်ကန်နဲ့ ဒီနစ်နာ‌နေတဲ့ ‌တောင်သူလယ်သမားလက်ဝယ်ကို ထိထိ‌ရောက်‌ရောက် ပိုင်ဆိုင်မှုအပြည့်အဝနဲ့ အမြန်ဆုံးပြန်လည်ပြီး‌တော့ ‌ပေးအပ်နိုင်ဖို့ ကျ‌နော်တို့ ဆန္ဒ‌ဖော်ထုတ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ ‌ဒေသခံများ ပိုင်ဆိုင်သည့် ‌မြေယာများ အများဆုံးပါဝင်ပြီး စုစု‌ပေါင်း ‌မြေယာဧက‌ပေါင်း ၅ ‌ထောင်ဝန်းကျင်ရှိပြီး ယင်း‌မြေယာများကို ကုမ္ပဏီများအပြင် အစိုးရကလည်း သိမ်းထားမှုအချို့ရှိခဲ့‌ကြောင်း ဦး‌ဆောင်ခဲ့သူ ဦး‌ဇော် ထိုက်က ဆက်‌ပြောသည်။

လယ်‌မြေအသိမ်းခံထားရ‌သော လယ်သမားများ၏ တရားဝင်‌တောင်းဆိုမှုဖြင့် ၈၈ မျိုးဆက် ကရင်‌ကျောင်းသားများက မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ လွှတ်‌တော်အဆင့်ဆင့်သို့ သက်‌သေဓာတ်ပုံမှတ်တမ်းနှင့် စာရင်းဇယားများ အတိအကျ တင်ပြထားမှုများ ရှိခဲ့ ‌သော်လည်း အထက်မှ ပြန်ကျလာသည့်အမိန့်ကို ‌အောက်‌ခြေဌာနဆိုင်ရာဝန်ထမ်းများက အချိန်နှင့်တ‌ပြေးညီ လုပ်‌ဆောင်ခြင်း မရှိ‌သော‌ကြောင့် ယခုလို ဆန္ဒထုတ်‌ဖော်ရခြင်းဖြစ်‌ကြောင်း ပါဝင်သူများက ‌ပြောဆိုသည်။

ယင်းဆန္ဒ‌ဖော်ထုတ်ပွဲတွင် ပါဝင်သည့် လှာက‌ဒေါင်စံပြ‌ကျေးရွာမှ လယ်‌မြေသိမ်းခံထားသူ နန်းခင်မြက “ကျမ လယ်အသိမ်းခံရ လို့ အခုလို ဆန္ဒလာ‌ဖော်ထုတ်တာဖြစ်တယ်။ ကျမလယ်က‌တော့ ‌ပြေစာထဲမှာ ၁၄ဧက ရှိတယ်။ သူတို့ (အစိုးရ)‌မွေးမြူ‌ရေးဇုန် လုပ်‌တော့ သိမ်းလိုက်တာ တစ်ဧက‌ကျော်ပဲကျန်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ လယ်သမားများဆန္ဒ‌ဖော်ထုတ်ပွဲကို ‌နှောက်ယှက်ဟန့်တားမှုများ မရှိ‌သော်လည်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ဝင် အင် အား ၂ဝခန့်က အကာအကွယ်များ၊ လက်နက်များ ကိုင်‌ဆောင်ပြီး လိုက်ပါသွားကြသလို ကင်မရာ၊ ဖုန်းများတို့ဖြင့် ဓါတ်ပုံရိုက်ယူ ခြင်းများ၊ ဆန္ဒ‌ဖော်ထုတ်ရန် ဦး‌ဆောင်သူများအား ‌မေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။

“ဒီအထဲမှာ ‌တော်‌တော်များများက လွှတ်‌တော်ထဲမှာ တင်ပြီး‌တော့ ‌ကော်မရှင်အ‌နေနဲ့ ပြန်လာစစ်တာ‌တွေ ပါပါတယ်။ ဒါ‌ပေမယ့် ကျမတို့က စိစစ်တဲ့အပိုင်း၊ အပိုင်း‌လေးပိုင်းအထိ‌တော့ ‌ရောက်လာပါပြီ။ ပြန်‌ပေးသင့်တယ်လို့လည်း တချို့က အကြံပြုတင်ပြတာ ‌တွေ ပါတယ်။ တကယ့်လက်‌တွေ့မှာ‌တော့ စိစစ်ဆဲ‌ပေါ့‌နော်။ စိစစ်တာကြာ‌နေလို့ လယ်သမား‌တွေက အချိန်တစ်ခုကို မ‌စောင့်နိုင် ‌တော့လို့ အခုလို ဆန္ဒ‌ဖော်ထုတ်တယ်လို့ ကျမယူဆပါတယ်”ဟု ဆန္ဒထုတ်‌ဖော်မှုကို သွား‌ရောက်ကြည့်ရှုခဲ့သည့် ပြည်သူ့လွှတ် ‌တော်ကိုယ်စားလှယ် နန်း‌စေအွာက ‌ပြောသည်။

‌ဒေသခံလယ်သမားများသည် ဆန္ဒ‌ဖော်ထုတ်ရန် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများ၏ အကူအညီဖြင့် ယခုလ ၁၆ရက်‌နေ့က ဖားအံမြို့နယ် အုပ်ချုပ်‌ရေးမှူးရုံးတွင် ခွင့်ပြုချက်‌တောင်းခံခဲ့‌သော်လည်း တာဝန်ရှိသူများက ခွင့်ပြု၊ မပြုကို အ‌ကြောင်းပြန်ကြား ခြင်း မရှိခဲ့ဟု ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများအစည်းအရုံးက ‌ပြောသည်။