Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1619

လွှတ်‌တော်ပြင်ပက ဖက်ဒရယ်အ‌ရေးအရာ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးဆိုင်ရာ ‌ဆွေး‌နွေး‌နေကြ‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် တိုင်းပြည် ကို ဖက်ဒရယ်ပြည်‌ထောင်စုအဖြစ် တည်‌ဆောက်ရန် လိုလားကာ အစိုးရနှင့် တစိုက်မတ်မတ် ‌ဆွေး‌နွေးလာခဲ့ကြသည်။ ယခင် မြန်မာစစ်အစိုးရလက်ထက်က အများပြည်သူဆန္ဒမပါဘဲ ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို တစ်ဖက်သတ် အတည်ပြုခဲ့ပြီး ထိုဖွဲ့ စည်းပုံဖြင့်ပင် မြန်မာနိုင်ငံကို အုပ်ချုပ်လျှက်ရှိ‌သော စစ်အစိုးရ အသွင်‌ပြောင်း ဦးသိန်းစိန်အစိုးရကလည်း ၎င်းတို့လက်ရှိ အ‌ကောင်အထည်‌ဖော်‌နေသည်မှာ ဖက်ဒရယ်စနစ်ပင်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့ဖူးသည်။

မြန်မာအစိုးရ မျက်‌မှောက် ဖွဲ့စည်းထားသည့် ဖက်ဒရယ်ပြည်‌ထောင်စု ဆိုသည်မှာ ဗဟိုအစိုးရနှင့် တိုင်း‌ဒေသကြီး၊ ပြည်နယ်‌ဒေ သကြီးများတွင် အစိုးရအဖွဲ့များ ကိုယ်စီရှိ‌နေပြီး ထိုတည်‌ဆောက်ပုံမှာ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေး စသည့် အာ ဏာကြီးသုံးရပ်ကို ဗဟိုကသာလျှင် တိုက်ရိုက် ထိန်းချုပ်ကိုင်တွယ်ထားခြင်းဖြစ်သည်။ တိုင်းရင်းသားများ လိုလား‌သော ဖက်ဒ ရယ်ပုံစံမှာမူ ပြည်နယ်၊ တိုင်းတစ်ခုချင်းစီတွင် သက်ဆိုင်ရာ အစိုးရအဖွဲ့က မိမိနယ်‌မြေ‌ဒေသကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်နှင့် အုပ်ချုပ်သွားလိုသည့်ပုံစံမျိုးဖြစ်ရာ အမည်နာမ သုံးနှုန်းမှုသာတူညီပြီး အနှစ်သာရက မတူကွဲပြား ခြားနား‌နေ‌ပေသည်။

၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၁၅ရက်မှ ၁၇ရက်‌နေ့အထိ ရန်ကုန်မြို့ရှိ MPC တွင် ပြုလုပ်ခဲ့‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး ဆိုင်ရာ စာချုပ်မူကြမ်း‌ဆွေး‌နွေးသည့် အစည်းအ‌ဝေးတွင် တိုင်းရင်းသားများဘက်က စိုက်လိုက်မတ်တပ် ‌တောင်းဆိုလာခဲ့သည့် “ဒီမိုက‌ရေစီ‌ရေး၊ အမျိုးသားတန်းတူ‌ရေးနဲ့ ကိုုယ်ပိုုင်ပြဋ္ဌာန်းခွင့်ရှိ‌သော ဖက်ဒရယ်ပြည်‌ထောင်စုု တည်‌ဆောက်‌ရေး”အချက်ပါ အ ‌ခြေခံမူများ – အခန်း(၁)ကို အစိုးရဘက်က သ‌ဘောတူလိုက်ကြသည်။ သို့‌သော်လည်း မည်သည့်ပုံစံဖြင့် အ‌ကောင်အထည်‌ဖော် သွားမည်ကို မသိရှိရ‌သေးသလို ဆက်လက်ညှိနှိုင်း‌ဆွေး‌နွေးသွားရမည့် စာချုပ်မူကြမ်းပါ ကွဲလွဲချက်အချို့ကလည်း ကျန်ရှိ‌နေ‌ပေ ‌သေးရာ ပန်းတိုင်သို့သွားရာ လမ်းစ‌လေးမျှသာ ရှိ‌နေဆဲဖြစ်သည်။

အဆိုပါ ‌ဆွေး‌နွေးပွဲကို ဦး‌ဆောင်ခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့-NCCT ကို ဖွဲ့စည်း‌ပေးခဲ့ သည့် ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ-UNFC ကလည်း ၎င်းတို့၏ ပထမအကြိမ် ညီလာခံကို ဩ ဂုတ်လ ၂၅ရက်မှ ၂၈ရက်‌နေ့အထိ ကျင်းပခဲ့ပြီး အ‌ပြောင်းအလဲကာလက မွမ်းမံပြင်ဆင်လျှက်ရှိသည်။ ၎င်းတို့အ‌နေဖြင့် ညီလာ ခံနှင့် တစ်ဆက်တည်းပင် ညီညွှတ်‌သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့-UNA၊ ၈၈မျိုးဆက်‌ကျောင်းသားများအဖွဲ့၊ ဒီမိုက‌ရေစီ အင်အားစုများနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမည်ဖြစ်ရာ ဤသည်မှာ ဖက်ဒရယ်အ‌ရေးကို လွှတ်‌တော်ပြင်ပက ‌ဆွေး‌နွေးလုပ်‌ဆောင် ‌နေသည့် လုပ်ရပ်များဟု ဆိုနိုင်‌ပေသည်။

အလားတူ ယခုနှစ်အတွင်း အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD ပါတီအ‌နေဖြင့် ၂၀၀၈ဖွဲ့စည်းပုံ ပြင်ဆင်‌ရေးဆိုင်ရာ ပုဒ်မ ၄၃၆နှင့် ပတ်သက်၍ တစ်နိုင်ငံလုံး အတိုင်းအတာ လက်မှတ်‌ရေးထိုး စည်းရုံးလှုံ့‌ဆော်မှုများကို စိုင်းပြင်း ပြုလုပ်‌နေကြသည်မှာလည်း လွှတ်‌တော်အပြင်ဖက်က နိုင်ငံ‌ရေးလှုပ်ရှားမှုများသာ ဖြစ်သည်။ ‌ပြောင်းလဲမှုပုံ‌ဆောင်‌နေ‌သော နိုင်ငံတနိုင်ငံ၏ အ‌ရေးအရာတိုင်း တွင် ပါဝင်ရန်မှာ ‌တောကြိုအုံကြား မြို့များပါမကျန် ‌နေထိုင်‌နေကြသည့် နိုင်ငံသားတိုင်း၏ တာဝန်များဖြစ်သည်နှင့်အညီ ဒီမိုက ‌ရေစီထွန်းကားမည့် ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ရာတွင် လွဲ‌ချော်မှုမရှိ‌စေ‌ရေးအတွက် လွှတ်‌တော်အတွင်းအပြင်ရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးအ‌နေဖြင့် ကျရာကဏ္ဍများက‌နေ၍ နိုင်ငံကြီးသားပီသစွာ အသိစိတ်ရှိရှိ ပူး‌ပေါင်းပါဝင် ‌ဆောင်ရွက်ကြ‌စေလိုပါသည်။