Home သတင်း အသိမ်းခံလယ်‌မြေများပြန်ရရန် ဆန္ဒထုတ်‌ဖော်သူ ၁ဝဦး ‌ခေါ်ယူစစ်‌ဆေးခံရ

အသိမ်းခံလယ်‌မြေများပြန်ရရန် ဆန္ဒထုတ်‌ဖော်သူ ၁ဝဦး ‌ခေါ်ယူစစ်‌ဆေးခံရ

1572

ဩဂုတ် ၂၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သိမ်းဆည်းခံခဲ့ရသည့် လယ်‌မြေများပြန်ရရှိရန် ဆန္ဒပြခဲ့‌သော‌ကြောင့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားအစည်းအရုံးမှ ၁ဝဦးကို မြို့မရဲစခန်းက ဩဂုတ်လ ၂၆ရက်‌နေ့၌ ‌ခေါ်ယူစစ်‌ဆေးခံရသည်ဟု ကာယကံရှင်များက ‌ပြောသည်။

‌ခေါ်ယူစစ်‌ဆေးခံရသူများမှာ လယ်သမားများဖြစ်ကြသည့် ‌စောအခလိန်း၊ ‌စောအဲ‌ကော်ခူ၊ ‌စောအဘိန်၊ နန်းမူး‌ဖောင်၊ ‌စောမူး ကြည်၊ ‌ဒေါ်မြင့်၊ ဦးတိုင်ပင်စိန်နှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားအစည်းအရုံးမှ ဒုဥက္ကဌ ဦး‌ဇော်ထိုက် အပါအဝင် ဦးညီညီလွင်၊ ဦးဝင်းသူ တို့ဖြစ်ကြပြီး ၎င်းတို့မှာ ဩဂုတ်လ ၂၅ရက်‌နေ့က လယ်သမားများ၏ သိမ်းဆည်းခံလယ်‌မြေများ ပြန်ရ‌ရေးအတွက် ဆန္ဒပြရာတွင် ဦး‌ဆောင်ပါဝင်သူများ ဖြစ်‌ကြောင်း သိရသည်။

‌ခေါ်ယူစစ်‌ဆေးခံရရာတွင် ပါဝင်သည့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများအစည်းအရုံး ဒုဥက္ကဌ ဦး‌ဇော်ထိုက်က “ကျ‌နော်တို့ စစ်‌ဆေးခံရတာ‌ပေါ့‌နော်။ ဓာတ်ပုံ‌တွေရိုက်တယ်။ ကိုယ်‌ရေးအချက်အလက်‌တွေ ယူတယ်။ အဲဒါ‌လေး‌တွေ ပြန်ပြီး‌တော့ စိစစ်‌နေ တယ်။ အာမခံချက်‌တော့ အခုထိ မပြီး‌သေးဘူး။ ကျ‌နော်တို့ လုပ်‌နေတုန်းပဲ”ဟု ‌ပြောသည်။

လာမည့် စက်တင်ဘာလတွင် ‌ခေါ်ယူစစ်‌ဆေးခံထားရသူ အားလုံးကို ရုံးချိန်းအဖြစ် သတ်မှတ်ထားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးက စု‌ဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပ‌ဒေနှင့် နည်းဥပ‌ဒေ ပုဒ်မ ၁၈ ဖြင့် စွဲချက်တင်ရန်ရှိသည်ဟု ဦး‌ဇော်ထိုက်က ဆက်‌ပြော သည်။

‌ခေါ်ယူစစ်‌ဆေးမှုနှင့်ပတ်သက်၍ ဖားအံမြို့မရဲစခန်းမှ ဒုရဲမှူးဦးတင်‌မောင်ဦးက “သူတို့က ခွင့်ပြုချက် မရှိဘဲ ငြိမ်းချမ်းစွာ စု‌ဝေးပြီး ဆန္ဒ‌ဖော်ထုတ်တယ်။ ဥပ‌ဒေအရ ခွင့်ပြုချက်မကျဘဲနဲ့ ဆန္ဒ‌ဖော်ထုတ်တဲ့အတွက် အထက်က‌နေပြီး‌တော့ ပုဒ်မ ၁၈ နဲ့ အ‌ရေးယူ အမှုဖွင့်ခံရတယ်။ ပုဒ်မ ၁၈ နဲ့ တိုင်စာ‌ရောက်လာပြီး အမှုဖွင့်လိုက်ပါတယ်။ အမှုက‌တော့ အာမခံ‌ပေးရတဲ့ အမှုဖြစ်တယ်။ ဒါကို ကျ‌နော်တို့က ရဲလုပ်ငန်းအားလုံး ပြည့်စုံသွားရင် ကျ‌နော်တရားစွဲတင်ဖို့ ရှိမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စီတန်းလှည့်လည်သည့် ဆန္ဒ‌ဖော်ထုတ်ပွဲ ပြုလုပ်မည်ဆိုလျှင် စည်းကမ်းချက်များနှင့် ဥပ‌ဒေရှိသည့်အတွက်‌ကြောင့် ဆန္ဒ‌ဖော် ထုတ်ခြင်း၊ မိမိ‌ပြောချင်သည့်အရာများ၊ မိမိထုတ်‌ပြောချင်သည့် စာသားများ၊ ‌ဟော‌ပြောမည့် အ‌ကြောင်းအရာများ၊ စီတန်းလှည့် လည်မည့် လူဦး‌ရေများ စသည်တို့ကို စာနှင့် ‌ဖောင်များနှင့်တကွ သက်ဆိုင်ရာသို့ ပို့ရမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါဆန္ဒထုတ်‌ဖော်ခွင့်ရရှိရန် သက်ဆိုင်ရာ အစိုးရဌာနများသို့ စာနှင့်‌ဖောင်တို့ကို ဩဂုတ်လ ၁၆ရက်‌နေ့က ခွင့်ပြုချက် တင် ထား‌သော်လည်း တစုံတရာ တုံ့ပြန်ခြင်းမရှိသည့်အတွက် အချိန်မ‌စောင့်‌တော့ဘဲ ဆန္ဒထုတ်‌ဖော်ပွဲ ပြုလုပ်ခဲ့ကြခြင်းဖြစ်‌ကြောင်း လယ်သမားများနှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများအစည်းအရုံးက ‌ပြောဆိုသည်။

ရဲများက လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများကို ‌ခေါ်ယူစစ်‌ဆေးမှုအ‌ပေါ် ကိုယ်တိုင် သွား‌ရောက်ခဲ့သည့် ကရင် ပြည်နယ် ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာက “ရဲစခန်းက‌တော့ သူတို့ရဲ့ စည်းချက်အတိုင်း၊ ဥပ‌ဒေအတိုင်း ဆက်ပြီး ‌တော့ လုပ်သွားမယ်။ ပုဒ်မ ၁၈နဲ့ သူတို့ကို ရဲက တရားစွဲဆိုပြီး တရားရုံးတင်မယ်လို့ သိရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ပုဒ်မ ၁၈ကို အစိုးရ၏ လွှတ်‌တော်တွင် ရုပ်သိမ်းရန် တင်ပြထား‌သော်လည်း ယခုအချိန်ထိ ရုပ်သိမ်းခွင့်မရ‌သေး‌ကြောင်း နန်း‌စေအွာက ဖြည့်စွက်‌ပြောဆိုသည်။

‌ခေါ်ယူစစ်‌ဆေးခံ‌နေရသည့် လယ်သမားနှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသား ၁ဝဦးကို အာဏာပိုင်ရဲများက ပုဒ်မ ၁၈ အရ စွဲချက် တင်ပါက ‌ငွေဒဏ်ကျပ်သုံး‌သောင်း သို့မဟုတ် ‌ထောင်ဒဏ်တနှစ်အထိ သို့မဟုတ် ‌ငွေဒဏ်၊ ‌ထောင်ဒဏ် နှစ်ရပ်စလုံး‌သော်လည်း ‌ကောင်း ပြစ်ဒဏ်ကျခံရနိုင်သည်ဟု သိရသည်။