Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၇)၏ ‌ဆောက်လုပ်ပြီး အိမ်ယာစီမံကိန်း၌ ‌နေရာချထား‌ပေးရန် မဖြစ်နိုင်‌သေး

‌ကေအဲန်ယူ တပ်မဟာ(၇)၏ ‌ဆောက်လုပ်ပြီး အိမ်ယာစီမံကိန်း၌ ‌နေရာချထား‌ပေးရန် မဖြစ်နိုင်‌သေး

1600

ဩဂုတ် ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) တပ်မဟာ(၇)နယ်‌မြေ လှိုင်းဘွဲမြို့နယ်ရှိ ‌မော်ဖိုး‌ကေနှင့် မဲ့တရိ‌ဒေသများတွင် ‌ဆောက်လုပ်ပြီးစီးပြီဖြစ်‌သော တန်ဖိုးနည်းအိမ်ရာများတွင် ‌နေထိုင်မည့်သူများအတွက် ‌နေရာချစီစဉ်‌ပေးရန် လက်ရှိတွင် မဖြစ်နိုင် ‌သေး‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးက “အိမ်ရာက ‌ဆောက်ပြီး‌ပေမယ့်လို့ ‌ရေ၊ မီး၊ လမ်း၊ လုပ်ကိုင်စား ‌သောက်ဖို့ ‌နေရာ‌ပေါ့‌နော်။ အဲဒါ‌တွေ အဆင်သင့် မဖြစ်‌သေးတဲ့အတွက် ‌နေရာချထား‌ပေးဖို့က ‌လော‌လောဆယ် အ‌ခြေအ‌နေမှာ မဖြစ်နိုင်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ‌ဆောက်လုပ်‌နေ‌သော အိမ်ယာတွင် ‌မြေကွက်အကျယ်‌ပေ ၂၀၀-၁၀ဝ အကျယ်အဝန်း‌ပေါ်တွင် သွပ်မိုး ပျဉ်‌ထောင်အိမ်အ မျိုးအစား ‌ဆောက်လုပ်‌ပေး‌နေခြင်းဖြစ်ပြီး ‌မြေ‌နေရာအကျယ်အဝန်းမှာ အနည်းငယ် ကျဉ်းကြပ်‌နေသည့်အတွက် အဆင်‌ပြေနိုင် ရန် ဆက်လက် စီစဉ်သွားရမည်ဦးမည်ဖြစ်‌ကြောင်းလည်း ပဒို‌စော‌အောင်‌မော်‌အေးက ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၇)မှ ဦး‌ဆောင်၍ ယခုနှစ် ဧပြီလ ၁ရက်‌နေ့က စတင်‌ဆောက်လုပ်ခဲ့သည့် ‌မော်ဖိုး‌ကေရှိ အိမ်ယာအလုံး ၅ဝမှာ ဇူလိုင်လ ၁၅ရက်‌နေ့က ပြီးစီးသွားခဲ့‌သော်လည်း မဲ့တရိရှိ အိမ်ယာ ၅ဝလုံးကိုမူ ယခု ဩဂုတ်လကုန်တွင် အပြီးသတ် ‌ဆောက်လုပ်သွားပြီး ‌နေထိုင်မည့်သူများအတွက် ပြည့်စုံ‌အောင် ဆက်လက် ‌ဆောင်ရွက်သွားမည်ဟု သိရသည်။

ထို့အပြင် အိမ်ရာပြီးစီးသွားပါက ‌နေရာချ‌ရေးအစီအစဉ်အတွက် ဖွဲ့စည်းထားသည့် ‌ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ‌စော‌ဖောဒိုက “အိမ်ရာ‌ဆောက်ပြီးပြီဆိုရင်‌တော့ ‌နေချင်တဲ့သူ‌တွေက များတယ်‌လေ။ တကယ့် IDP (ပြည်တွင်းဌာ‌နေမဲ့ဒုက္ခ သည်) အစစ်အမှန်လား။ အဲဒါ‌တွေကို စိစစ်ပြီးမှ ‌နေသင့်‌နေထိုက်တဲ့သူ‌တွေကို ‌နေရာချထား‌ပေးမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယခု ‌ဆောက်လုပ်‌နေ‌သော အိမ်ရာများကို တိုက်ပွဲဖြစ်ပွားမှုများ‌ကြောင့် ‌တောထဲတွင် စစ်‌ပြေး‌ရှောင်အဖြစ် အိမ်ယာမဲ့၊ ‌မြေယာမဲ့ အ‌ခြေအ‌နေမဲ့ ‌ရွှေ့‌ပြောင်းရသူများ‌နေထိုင်ရန်သာ စီစဉ်‌ဆောက်လုပ်‌ပေးထားခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၇)က ‌ပြော ဆိုထားသည်။