Home သတင်း ‌နော်အုန်းလှနှင့်အဖွဲ့ အာရှငြိမ်းချမ်း‌ရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာဆု ရရှိ

‌နော်အုန်းလှနှင့်အဖွဲ့ အာရှငြိမ်းချမ်း‌ရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာဆု ရရှိ

1131

ဩဂုတ် ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

N Peace Network အဖွဲ့မှ ၂၀၁၄ခုနှစ်အတွက် အာရှနိုင်ငံရှိ ငြိမ်းချမ်း‌ရေး တက်ကြွလှုပ်ရှားမှုဆိုင်ရာ ဆုများထဲမှ N peace award Thinking outside the box ဒီမိုက‌ရေစီအ‌ရေး တီထွင်ကြံဆမှုဆုကို ‌နော်အုန်းလှ ဦး‌ဆောင်‌သော ဒီမိုက‌ရေစီနှင့် ငြိမ်း ချမ်း‌ရေး အမျိုးသမီးကွန်ရက်က ရရှိခဲ့သည်။

ဆု‌ရွေးချယ်သည့် N Peace Network အဖွဲ့သည် အာရှနိုင်ငံအတွင်း အ‌ကောင်းဆုံး လုပ်‌ဆောင်‌ပေးနိုင်သူ အမျိုးသမီးများကို ဆု အမျိုးအစားများခွဲ၍ ‌ပေးအပ်ခြင်းဖြစ်ပြီး ယခုနှစ်အတွက် မြန်မာနိုင်ငံမှ အဆိုတင်သွင်းခံရသူ (၁၀)ဦးအနက် သုံးဦး ဆု‌ပေး‌ရွေး ချယ်ခံရသည့်အထဲတွင် ‌နော်အုန်းလှတို့အဖွဲ့လည်း ရရှိခဲ့ခြင်းဖြစ်သည်။

ဆုရရှိမှုအ‌ပေါ် ‌နော်အုန်းလှက “ဒီဆုက အန်တီတို့ ဒီမိုက‌ရေစီအ‌ရေး အမျိုးသမီးကွန်ရက်ရှိတယ်။ ဒီဆုက ငြိမ်းချမ်း‌ရေး‌တွေ လုပ်‌ဆောင်တာကို ‌ပေးတယ်။ အခု အန်တီတို့နိုင်ငံမှာ လယ်ယာ‌မြေ ငြိမ်းချမ်း‌ရေးပြဿနာ မငြိမ်းချမ်းဘူး။ အဲဒါကို အန်တီတို့ အမျိုးသမီးကွန်ရက်‌တွေက လုပ်‌ပေးတယ်။ လုပ်‌ပေးတာက ၈နှစ်‌လောက်‌တော့ရှိပြီ။ အဲဒါကို အမျိုးသမီးကွန်ယက်ထဲက တစ် ‌ယောက်ကို ‌ရွေးချယ်တာလို့ ထင်တာ”ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

သူမသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားတိုင်း ခံစား‌နေရသည့် လယ်ယာ‌မြေ ပြဿနာအ‌ရေးတွင် လုပ်‌ဆောင်‌ပေးလျှက်ရှိပြီး ယခု အ‌ရေးကိစ္စနှင့်ပတ်သက်၍ ငြိမ်းချမ်းမှု ရနိုင်သည့်အထိ ဆက်လက် လုပ်‌ဆောင်သွားမည်ဟုလည်း ‌နော်အုန်းလှက ဆက်လက် ‌ပြောဆိုသည်။

ယခုနှစ် ဧပြီလမှစ၍ အွန်လိုင်းမဲ‌ပေးစနစ်ဖြင့် ၎င်းဆုကို ‌ရွေးချယ်ခဲ့ကြရာ ‌နော်အုန်းလှတို့အဖွဲ့အပြင် ဆု‌ရွေးချယ်ခံရသည့် မြန်မာ နိုင်ငံမှ အခြားအမျိုးသမီးနှစ်ဦးမှာ မွန်အမျိုးသမီးအ‌ရေး‌ဆောင်ရွက်‌နေသူ မိခင်ခင်ကြူနှင့် နိုင်ငံ‌ရေးလှုပ်ရှားသူ မ‌ဝေ‌ဝေနုတို့ ဖြစ် ကြသည်။ ၎င်းတို့ကို ဇူလိုင်လ ၃၁ရက်‌နေ့က ဆု‌ရွေးချယ်လိုက်ခြင်းဖြစ်ပြီး လာမည့် ‌အောက်တိုဘာလတွင် ထိုင်းနိုင်ငံ၊ ဘန် ‌ကောက်မြို့၌ ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ကျင်းပမည်ဟု သိရသည်။

အဆိုပါဆုအတွက် အဆိုတင်သွင်း‌ပေးသည့် ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့မှ ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးက “ကျမက အရမ်းဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်။ သူ့ကိုလည်း ‌လေးစားတယ်။ ဘာဖြစ်လဲဆို‌တော့ ကိုယ်က သူ့လိုလည်း မလုပ်နိုင်ဘူး‌လေ။ သူက လယ်သမား‌တွေအတွက် ‌ထောင်ကျခံရတယ်။ မားမားမတ်မတ် ရပ်တည်‌ပေးတယ်။ ဒီဆုက သူတို့အဖွဲ့ နဲ့ အရမ်းပဲ ထိုက်တန်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

N-peace Network သည် UNDP ၏ စီမံမှု၊ Australian Aid အဖွဲ့၏ ‌ထောက်ပံ့မှုဖြင့် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အ‌ရှေ့တီ‌မော၊ သီရိ လကင်္ာ၊ အာဖဂ္ဂနစ္စတန်နှင့် နီ‌ပေါနိုင်ငံများရှိ ပဋိပက္ခဖြစ်ပွားမှုကို တားဆီးနိုင်ရန်နှင့် ငြိမ်းချမ်း‌ရေး၊ ဖွံ့ဖြိုးတိုးတက်လုပ်ငန်းများတွင် ‌ခေါင်း‌ဆောင်နိုင်ရန် အရည်အချင်း တိုးမြှင့်လုပ်‌ဆောင်‌ပေး‌နေသည့် အဖွဲ့အစည်းတခုဖြစ်သည်။

ယခုနှစ်အတွက် ဆု ၁၁ခုကို လူပုဂ္ဂိုလ် ဆယ်ဦးရရှိခဲ့ပြီး ‌နော်အုန်းလှတို့၏ ဒီမိုက‌ရေစီနှင့် ငြိမ်းချမ်း‌ရေး အမျိုးသမီးကွန်ရက်တဖွဲ့ သာ အဖွဲ့အ‌နေဖြင့် ရရှိခြင်းဖြစ်သည်။ ယင်းဆု‌ရွေးချယ်‌ပေးအပ်ခြင်းကို ၂၀၁၁ခုနှစ်ကတည်းက စတင်ခဲ့ရာ ယခုနှစ်တွင် ‌လေး ကြိမ်‌မြောက်ရှိပြီဖြစ်‌ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက် http://n-peace. net/ တွင် ‌ဖော်ပြထားသည်။