Home သတင်း ‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများအတွက် နယ်စပ်မြို့ သုံးမြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်‌ပေးမည်

‌ရွှေ့‌ပြောင်းမြန်မာအလုပ်သမားများအတွက် နယ်စပ်မြို့ သုံးမြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်‌ပေးမည်

1853

ဩဂုတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် ထိုင်း-မြန်မာ နယ်စပ်မြို့များဖြစ်သည့် မြဝတီ၊ ‌ကော့‌သောင်း၊ တာချီ လိတ်မြို့များတွင် သာမန်နိုင်ငံကူးလက်မှတ်(Passpost)ကို ထုတ်‌ပေးသွားမည်ဖြစ်‌ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ‌ပြောဆိုလိုက်သည်။

ယင်းနိုင်ငံကူးလက်မှတ် ‌လျှောက်ထားလိုသူများအ‌နေဖြင့် မြန်မာနိုင်ငံသားစိစစ်‌ရေးကဒ်(မှတ်ပုံတင်)၊ မှတ်ပုံတင်အိမ်‌ထောင်စုစာ ရင်း ယာယီနိုင်ငံကူးလက်မှတ်(ဘတ်)၊ အလုပ်လုပ်ခွင့်လက်မှတ်(Work Permit) စသည့်အ‌ထောက်အထားများ အဓိက လိုအပ် ‌ကြောင်း၊ မြန်မာနိုင်ငံသားမှတ်ပုံတင်နှင့် သန်း‌ခေါင်စာရင်း မရှိသူများအ‌နေဖြင့် မိမိ‌နေထိုင်ခဲ့သည့် ‌နေရပ်တွင် ပြန်လည်ရယူရ မည်ဖြစ်ကာ ထိုသို့ပြန်ယူမည့်သူများကို သက်ဆိုင်ရာက ဦးစား‌ပေး ထုတ်‌ပေးနိုင်ရန် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးတွင် အ‌ထောက်အ ထားပြ ‌ထောက်ခံချက် ရယူနိုင်‌ကြောင်း သံရုံးတာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“‌ထောက်ခံချက်တင်ရင် အဓိက အိမ်‌ထောင်စုစာရင်းနဲ့ မှတ်ပုံတင် ‌နောက်ပြီး အ‌ထောက်အထား‌တွေပြည့်စုံရင် သံရုံးကို‌လျှောက် လို့ရတယ်”ဟု ထိုင်းနိုင်ငံ မြန်မာအလုပ်သမားသံရုံးမှ တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ထောက်ခံချက်ဖြင့် မိမိရပ်ရွာမြို့များသို့ လွယ်ကူ‌ချော‌မွေ့စွာ ပြန်နိုင်ပြီး ထိုင်းနှင့် မြန်မာရဲများ၊ လူဝင်မှုကြီးကြပ်‌ရေးဌာနများ က ‌ငွေ‌ကြေး‌တောင်းခံ၍ မရသလို အ‌ထောက်အထားများ ပြန်လည်ရရှိလာပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် အထက်ပါ မြို့ သုံးမြို့၌ မြန်မာအစိုးရအစီအစဉ်ဖြင့် သာမန်နိုင်ငံကူးလက်မှတ် (အနီ‌ရောင်စာအုပ်ကြီး Passpost)ကို လွယ်ကူစွာ ပြုလုပ်နိုင်မည် ဟု မဲ‌ဆောက်မြို့အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

၎င်းက “အနီ‌ရောင် ပတ်စပို့ကြီးလုပ်ဖို့ကို မှတ်ပုံတင်/အိမ်‌ထောင်စုစာရင်းက ရှိရမယ်။ အဲဒါ‌တွေမရှိရင် ထိုင်းနိုင်ငံ မြန်မာသံရုံးက ‌နေပြီး ဒီအလုပ်သမားက ထိုင်းနိုင်ငံမှာ တကယ်အလုပ်လုပ်တဲ့လူဖြစ်တယ်။ သူ့မှာ အလုပ်သမားလက်မှတ်လည်း ရှိပါတယ်။ သူ့ မှာ စာရွက်စာတမ်း မပြည့်စုံ‌သေးတဲ့အတွက် အိမ်‌ထောင်စုစာရင်း အမျိုးသားမှတ်ပုံတင် လုပ်‌ပေးလိုက်ပါလို့ အဲလို ‌ထောက်ခံ ချက်‌တွေကို ‌ပေးလိုက်မယ်။ အဲဒီ‌ထောက်ခံချက်ကိုယူပြီး မိမိ‌ဒေသမှာ အိမ်‌ထောင်စုစာရင်း မှတ်ပုံတင်ကို တစ်ရက်ထဲ လွယ်ကူ စွာပြန်လုပ်လို့ရတယ်”ဟု ဦးမိုးကြိုးက ‌ပြောသည်။

လက်ရှိ မြန်မာမှတ်ပုံတင်နှင့် အိမ်‌ထောင်စုစာရင်း မရှိ‌သေးဘဲ မဟာချိုင်‌ဒေသတွင် အလုပ်လုပ်သည့် နန်းမိုင်မိုင်က “ကျမ အိမ် ‌ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်မရှိဘူး။ အဲဒါကို မြန်မာပြည်မှာ ကျမက‌လေး‌တွေကို ‌ကျောင်းပြန်ထားဖို့ ကျမမှာ ဘာမှမရှိလို့ က‌လေး‌တွေကို ‌ကျောင်းအပ်လို့မရဘူး။ ထိုင်းမှာ အလုပ်သမားကဒ်‌တော့ အကုန်ရှိတယ်။ အဲဒါကို အိမ်‌ထောင်စုစာရင်းလုပ်ဖို့ သံရုံးက ‌ထောက်ခံချက်‌ပေးရင် ‌ကောင်းမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်က နိုင်ငံကူးလက်မှတ်ကို မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး ၁၅မြို့တွင်သာ သွား‌ရောက်ပြုလုပ်ရသည်ဟု သိရပြီး ယခုအချိန် တွင် ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ် လွယ်ကူစွာ လုပ်‌ပေးနိုင်ရန် မြန်မာအ လုပ်သမား၊ အလုပ်အကိုင်နှင့် လူမူဖူလုံ‌ရေးဝန်ကြီးဌာနမှ ‌ဆောင်ရွက်‌ပေးခြင်းဖြစ်‌ကြောင်း သိရသည်။