Home ဆောင်းပါး ပြည်သူ့ဆန္ဒ ပြည်သူ့စွမ်းအားဖြင့် အကြပ်ကိုင်ရ‌တော့အံ့

ပြည်သူ့ဆန္ဒ ပြည်သူ့စွမ်းအားဖြင့် အကြပ်ကိုင်ရ‌တော့အံ့

1468

‌မောင်‌ကျော်စွာ

(၁၁ ဩဂုတ် ၂၀၁၄ )

ဒီချုပ်ပါတီနှင့် ၈၈ – ငြိမ်း/ပွင့် တို့ ပူးတွဲ‌ဆောင်ရွက်ခဲ့ကြသည့် “ပုဒ်မ ၄၃၆ ပြင်ဆင်‌ရေး လက်မှတ်‌ရေးထိုးလှုပ်ရှားမှု”သည် လူထု ဆန္ဒလက်မှတ်‌ပေါင်း ၅သန်းနီးပါး (၄ ၉၄၁ ၉၉၈) ရရှိခဲ့‌ကြောင်း သိရသည်။

ထိုသို့ ပြည်သူ ၅သန်းနီးပါးက ဆန္ဒပြုခဲ့ကြသည်များကို သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော်က ‌လေးစားပါမည်‌လော၊ လက်ခံအသိအမှတ်ပြုပါမည်‌လော။ သမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော်တို့သည် (နဝတ-နအဖ) စစ်အစိုးရ၏ အ‌မွေ စား အ‌မွေခံ ဖြစ်ပါသည်။

မ‌ဝေးလှ‌သော အတိတ်ကို တချက်မျှ ငှဲ့‌စောင်းကြည့်လျှင် လူထုဆန္ဒနှင့်ပတ်သက်၍ လိုလျှင်တမျိုး၊ မလိုလျှင်တမျိုး ပြုမူခဲ့ကြ သည့် ၎င်းတို့၏ သ‌ဘောထားနှင့် လုပ်ရပ်ကို အထင်အရှား ‌တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

(နဝတ-နအဖ) စစ်အစိုးရသည် “လူထုဆန္ဒ”နှင့် ပတ်သက်လာလျှင် ၎င်းတို့စိတ်ကြိုက်မရလျှင် ပစ်ပယ်လျစ်လျူရှုရန် ဝန်မ‌လေး သကဲ့သို့ ၎င်းတို့စိတ်ကြိုက် ရဖို့အတွက်ဆိုလျှင်လည်း “ရသာလျှင် ဘနဖူးသိုက်တူးမည်” ဆိုတဲ့ အစားထဲက ဖြစ်သည်။

(နဝတ-နအဖ)စစ်အစိုးရတွင် “လူထုဆန္ဒ”ကို “မလိုလျှင် ပစ်ပယ်/ လိုလျှင်အတည်ပြု”ခဲ့‌သော သမိုင်းအမည်းစက် ထာဝစဉ် စွန်း ‌ပေ‌နေမည့် သာဓက ၃ခုရှိသည်။

– ၁၉၉ဝပြည့်နှစ်၊ ‌မေလ ၂၇ရက် “‌ရွေး‌ကောက်ပွဲရလဒ်”
– ၂၀၀၈ခုနှစ်၊ ‌မေလ ၁ဝရက် “၂၀၀၈ အ‌ခြေခံဥပ‌ဒေ လူထုဆန္ဒခံယူမှု”
– ၂၀၁ဝပြည့်နှစ်၊ ဧပြီလ ၇ရက် “‌ရွေး‌ကောက်ပွဲရလဒ်”

တစ်ချက်ချင်းကို လိုအပ်သလို ရှင်းလင်းတင်ပြပါမည်။

“၁၉၉ဝ ‌မေ ၂၇ ‌ရွေး‌ကောက်ပွဲရလဒ်”သည် ၎င်းတို့‌မျှော်လင့်ထားသည့်ရလဒ် [(တစည) အနိုင်မရသည့်အတွက်] မရခဲ့သဖြင့် ပစ်ပယ်လျစ်လျူရှုခြင်းခံခဲ့ရသည်။ “ကျိုက္ကဆံညီလာခံ”နှင့် “လမ်းပြ‌မြေပုံ ၇ဆင့်”တို့သည် “၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်” ပစ်ပယ် ‌ရေးနှင့် စိတ်ကြိုက်အ‌ခြေခံဥပ‌ဒေတစ်ရပ် ‌ရေးဆွဲပြီး အဓမ္မအတည်ပြု‌ရေး၏ ကနဦး‌ခြေလှမ်းများပင် ဖြစ်သည်။

“၂၀၀၈ အ‌ခြေခံဥပ‌ဒေ လူထုဆန္ဒခံယူမှု”မှာ ၎င်းတို့စိတ်ကြိုက် အတည်ပြုနိုင်‌ရေးအတွက် နာဂစ်မုန်တိုင်းကြီးကျ‌ရောက်သဖြင့် အိုးမဲ့၊ အိမ်မဲ့၊ လင်‌သေ၊ သားဆုံး အပူလုံးကြွ‌နေကြသည့် ပြည်သူများ၏ ‌သောကမျက်ရည်စက်များကို စာနာ‌ထောက်ထားမှု အလျင်းမရှိဘဲ ကိုယ်ကျိုးအတ္တကြီးမားစွာဖြင့် “ဘယ်သူ‌သေ‌သေ – င‌တေမာ” ပြီး‌ရောဆိုသည့်စိတ်ထားဖြင့် အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။

“၂၀၁ဝ နိုဝင်ဘာ ၇ ‌ရွေး‌ကောက်ပွဲရလဒ်”မှာမူ စိတ်ကြိုက်‌ရေးဆွဲခဲ့ပြီး အဓမ္မအတည်ပြုခဲ့‌သော “၂၀၀၈ အ‌ခြေခံဥပ‌ဒေ”‌အောက် တွင် “ကြိုတင်မဲများ”ဖြင့် ကြံ့ဖွံ့ပါတီအနိုင်ရ‌အောင် ကြံစည်ခဲ့ကြခြင်းဖြစ်ပါသည်။ ကြံစည်သည့်အတိုင်းလည်း ဖြစ်လာခဲ့သည်။

တချိန်က လူမှု‌ရေးအသင်းကြီး၊ အမျိုးသားနိုင်ငံ‌ရေးအသင်းကြီးပါဟု ဆိုခဲ့ကြ‌သော စစ်အစိုးရ၏ လက်ကိုင်ဒုတ်အသင်းကြီးသည် ပါတီဆိုင်းဘုတ်‌ပြောင်းချိတ်ကာ ‌ရွေး‌ကောက်ပွဲအနိုင်ရပါတီကြီး၊ အာဏာရပါတီကြီး ဖြစ်လာခဲ့သည်။

(နဝတ-နအဖ) စစ်အစိုးရလက်ထက်၌ စစ်ယူနီ‌ဖောင်းဝတ် “အ‌ကောင်ကြီးများ”သည်လည်း “အရပ်ဝတ်” ‌ပြောင်းလဲဝတ်ဆင်ခဲ့ ကြပြီး‌နောက် သမ္မတများ၊ လွှတ်‌တော်ဥက္ကဋ္ဌများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ပြည်‌ထောင်စုဝန်ကြီးများ၊ ‌ရွေး‌ကောက်ပွဲ‌ကော် မရှင် ဥက္ကဋ္ဌ၊ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအသီးသီး၌ ဝန်ကြီးချုပ်များ စသဖြင့် ဖြစ်လာခဲ့ကြသည်။

(နဝတ-နအဖ) စစ်အစိုးရထံမှ အာဏာကို သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရထံသို့ လွှဲ‌ပြောင်း‌ပေးလိုက်သည်။ ယင်းကိုပင် မြန်မာ့ နိုင်ငံ‌ရေး “အ‌ပြောင်းအလဲ”ဟူ၍ ‌ပြော‌နေကြရခြင်းဖြစ်သည်။

အထက်‌ဖော်ပြပါအချက်တို့မှာ ချဲ့ကားချက် အလျဉ်းမပါရှိဘဲ လက်တန်း‌ပြောလိုက်ရ‌သော ယ‌နေ့သမ္မတဦးသိန်းစိန် ကြံ့ဖွံ့ပါတီ အစိုးရ၏ ပကတိသရုပ်မှန် ဖြစ်ရပ်များဖြစ်ပါသည်။

ယခုအခါ ပြည်တွင်းပြည်ပမှ‌နေ၍ ဦးသိန်းစိန်အစိုးရ၏ “အ‌ပြောင်းအလဲ”ဟာ ရပ်တန့်‌နေတယ်။ “‌နောက်ပြန်လှည့်သွားနိုင်တယ်” စသဖြင့် ‌ဝေဖန်‌နေကြပါသည်။ ယင်းသို့ ‌ပြောကြား‌နေကြသည့်အ‌ပေါ် သမ္မတဦးသိန်းစိန်က အ‌မေရိကန်နိုင်ငံခြား‌ရေးဝန်ကြီး ဂျွန် ကယ်ရီထံ “ဘယ်လိုအခက်အခဲ‌တွေ ‌တွေ့ရသည်ဖြစ်‌စေ ‌နောက်ပြန်လှည့်ရန်မရှိ‌ကြောင်း” အ‌ဖြေ‌ပေးလိုက်သည်။

တကယ်‌တော့ “‌နောက်ပြန်လှည့်သွားနိုင်တယ်” ဆိုတဲ့ ပြည်တွင်းပြည်ပ ‌ပြောဆိုချက်သည် “အာဏာပြန်သိမ်းလိမ့်မည်”ဟူ‌သော စကားကို စကားလုံး‌ပြောင်း၍ ‌ပြောဆိုခြင်းဖြစ်သည်။ ဤစကားသည် ဦးသိန်းစိန်အစိုးရ၏ “အ‌ပြောင်းအလဲ”ဆိုသည့် ‌ထောင် ‌ချောက်ထဲသို့ တန်းတန်းမတ်မတ် ဝင်‌ရောက်လာ‌စေရန် ဝိုင်းဝန်း‌တော‌ခြောက်‌ပေး‌နေကြသည့် အသံသာဖြစ်သည်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ ပုဒ်မ ၄ဝအရ ကာချုပ်သည် လွတ်လပ်စွာ အာဏာသိမ်းပိုင်ခွင့်ရှိ‌နေသည်။ သိမ်းလိုသည့် အချိန်အခါမျိုးတွင် စိတ်ကြိုက် အ‌ကြောင်းပြချက်‌ပေးပြီး အာဏာသိမ်းနိုင်ပါသည်။

ပြည်သူလူထုက နှစ်နှစ်ကာကာ လိုလားသည့် ဆန္ဒနှင့် အ‌ပြောင်းအလဲမှာမူ စစ်မှန်‌သော ဒီမိုက‌ရေစီနှင့် စစ်မှန်‌သော ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးသာ ဖြစ်ပါသည်။ ထိုဆန္ဒနှင့် အ‌ပြောင်းအလဲကို သမ္မတဦးသိန်းစိန် ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော် က အ‌လေးမထား၊ လျစ်လျူရှု‌နေဆဲဖြစ်သည်။

ပြည်သူ့ဆန္ဒကို ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော်သို့ ‌လေးစားပါရန်၊ လက်ခံရန် တင်ပြ‌နေသမျှ အ‌ဟောသိကံဖြစ်‌နေမည်။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့စွမ်းအားဖြင့် ကြံ့ဖွံ့အစိုးရနှင့် လွှတ်‌တော်ကို အကြပ်ကိုင်ရလိမ့်မည်။ သို့မှသာ ရလဒ်‌ကောင်း၊ အ‌ဖြေ‌ကောင်းရလိမ့်မည်ဟု ယုံကြည်ယူဆပါ‌ကြောင်း ‌ရေးသားလိုက်ရပါသည်။