Home သတင်း UNFC ဖွဲ့စည်းပုံကို ညီလာခံ ဒုတိယ‌မြောက်‌နေ့တွင် ‌ဆွေး‌နွေး‌နေဆဲ

UNFC ဖွဲ့စည်းပုံကို ညီလာခံ ဒုတိယ‌မြောက်‌နေ့တွင် ‌ဆွေး‌နွေး‌နေဆဲ

1593

ဩဂုတ် ၂၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ (UNFC) ၏ ပထမအကြိမ် ညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယမန်‌နေ့က စတင်ကျင်းပပြုလုပ်ခဲ့ရာ တက်‌ရောက်လာကြသည့် ကိုယ်စားလှယ်များက UNFC ၏ ဖွဲ့စည်းပုံဆိုင်ရာကိစ္စများကို ယ‌နေ့ ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

“ဒီ‌နေ့မှာ‌တော့ အဖွဲ့ဝင်အသီးသီး‌တွေရဲ့ သုံးနှစ်တာကာလ အ‌တွေ့အကြုံ‌ပေါ် မူတည်ပြီး‌တော့ ‌ရှေ့ဆက်မယ့် နိုင်ငံ‌ရေးကိစ္စ‌တွေမှာ ဘယ်လို ဖွဲ့စည်းပုံနဲ့ ဖွဲ့စည်းသွားမလဲဆိုတဲ့ အကြံပြုချက်‌တွေ၊ ‌ဆွေး‌နွေးချက်‌တွေကိုပဲ သုံးသပ်‌ဆွေး‌နွေးဖြစ်ခဲ့တယ်”ဟု ညီလာခံ တက်‌ရောက်ခဲ့သူ ကရင်အမျိုးသားအစည်းအရုံး(KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြော သည်။

ညီလာခံ၏ ယ‌နေ့ အစီအစဉ်များအရ အဖွဲ့၏ အမည်နာမ၊ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ ဖွဲ့စည်းရသည့် အ‌ခြေခံမူ၊ အဖွဲ့အစည်း၏ ဖွဲ့စည်းမှုပုံစံ စသည့်အ‌ကြောင်းအရာများကို ‌ဆွေး‌နွေးရန် သတ်မှတ်ထားခဲ့‌သော်လည်း ဦးတည်ချက်နှင့် ရည်ရွယ်ချက်များကိုသာ ‌ဆွေး‌နွေးပြီးစီးခဲ့သည်ဟု ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

ဩဂုတ်လ ၂၅ရက်မှ ၂၈ရက်‌နေ့အထိ ပြုလုပ်သွားမည့် UNFC ညီလာခံ၏ ‌နောက်ပိုင်းရက်များတွင် ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ် ခြင်းနှင့် ဦး‌ဆောင်မည့် ‌ကော်မတီအဖွဲ့ဝင်သစ်များ ‌ရွေးချယ်တင်‌မြှောက်ခြင်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးမှ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲသို့ ဆက်သွားနိုင်မည့် အ‌ခြေအ‌နေများကို ထည့်သွင်း‌ဆွေး‌နွေးသွားကြမည်ဟု သိရသည်။

‌ရှေ့လုပ်ငန်းစဉ် ချမှတ်သွားမည့် ကိစ္စနှင့်ပတ်သက်၍ UNFC ‌ပြောခွင့်ရသူ ဗိုလ်မှူးကြီးခွန်ဥက္ကာက “‌ရှေ့လုပ်ငန်းစဉ်ဆိုတာက ဖွဲ့ စည်းပုံကို ‌သေချာသုံးသပ်ဖွဲ့စည်းပြီး အတည်ဖြစ်‌တော့မှ ‌ရှေ့လုပ်ငန်းစဉ်အတွက် ဆက်လက် လုပ်‌ဆောင်သွားရမှာ ဖြစ်ပါတယ်။ အခု‌တော့ ‌ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး‌တော့ ဘာမှ‌ပြောလို့ မရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ကျင်းပသည့် UNFC ညီလာခံအတွင်း ယမန်‌နေ့ ပထမ‌နေ့၌ UNFC အဖွဲ့ဝင်များ၏ သုံးနှစ်တာကာလ လုပ်ငန်း‌ဖော်‌ဆောင်မှု အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြသကဲ့သို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည်ကလည်း ညီလာခံအ တွက် သဝဏ်လွှာ‌ပေးပို့ခဲ့သည်ဟု သိရသည်။

ညီလာခံတွင် UNFC ၏ အဖွဲ့ဝင်များနှင့် ဆက်စပ်အဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ရခိုင်တပ်မ‌တော်(AA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင် ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) စသည့်အဖွဲ့များမှ တဖွဲ့လျှင် ကိုယ်စားလှယ် ၅ဦးနှင့် ‌လေ့လာသူ ၃ဦးစီ ဖိတ်ကြားထားရာ စုစု‌ပေါင်း လူဦး‌ရေ ၁၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။

ယခု ပြုလုပ်သည့် UNFC ညီလာခံအပြီးတွင် NLD အပါအဝင် ပြည်တွင်းမှ ဒီမိုက‌ရေစီအင်အားစုများ၊ နိုင်ငံ‌ရေးပါတီများ၊ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲ အနိုင်ရအမတ်များ၏ UNA အဖွဲ့ကိုယ်စားလှယ်များနှင့် ဩဂုတ်လ ၂၉-၃ဝရက်‌နေ့များတွင် ဆက်လက် ‌တွေ့ဆုံ သွားမည်ဟုလည်း UNFC ဘက်က ‌ပြောဆိုသည်။

ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက အဖွဲ့ ၆ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိအချိန်တွင် KIO, KNPP, KNU, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA ဟူ၍ အဖွဲ့ဝင် ၁၂ဖွဲ့ နှင့် ဆက်စပ်အဖွဲ့ ၅ဖွဲ့ ရှိသည်။