Home သတင်း ‌ကေအဲန်ယူနှင့် အစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့

‌ကေအဲန်ယူနှင့် အစိုးရစစ်တပ် ပစ်ခတ်မှုဖြစ်ပွားခဲ့

1892

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း အ‌ခြေစိုက်‌သော အစိုးရတပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) လက် ‌အောက်ခံ တပ်မဟာ(၅)၊ မူတ‌တြော်(ဖာပွန်)ခရိုင် အ‌ခြေစိုက် တပ်အချို့ စက်တင်ဘာလ ၉ရက်‌နေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

ဖာပွန်မြို့နယ်ရှိ အူးသူးထာ့စခန်း အမှတ်(၁) အ‌ခြေချစစ်ဗျူဟာ (ဖာပွန်) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၁၉)မှ အစိုးရ တပ်ဖွဲ့ဝင်အချို့သည် ‌ကေအဲန်ယူ သတ်မှတ်နယ်‌မြေအတွင်း ဖြတ်‌ကျော်ဝင်‌ရောက်လာမှု‌ကြောင့် ၎င်း‌ဒေသရှိ လှုပ်ရှား‌နေ‌သော ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော်(KNDO) တပ်ရင်း(၁) တပ်ခွဲ(၃)မှ တပ်ဖွဲ့ဝင် ၁ဝဦး‌ကျော်နှင့် ငါးမိနစ်ကြာ ပစ်ခတ်မှုဖြစ် ပွားခဲ့ခြင်းဖြစ်သည်။

‌ကေအဲန်ယူ တပ်မဟာ(၅)၊ မူ‌တြော်(ဖာပွန်)ခရိုင် အတွင်း‌ရေးမှူး ဗိုလ်မှူး‌စောဂလယ်ဒို့က “ပစ်ခတ်မှုဖြစ်တာ ‌နေ့လည် ၁၂နာရီမှာ ပါ။ ပစ်ခတ်မှုဖြစ်ပွားတာက အစိုးရစစ်တပ်ရဲ့ အူးသူးထာ့စခန်းနဲ့ ကိုက်တစ်‌ထောင်‌ကျော်အကွာ အူးသူးထာ့‌ချောင်းမှာပါ။ သူတို့က သတ်မှတ်နယ်‌မြေထက် နယ်‌ကျော်ဝင်လာပြီး အ‌ကြောင်းကြားမှုလည်း မရှိလို့ ဒီက တပ်‌တွေနဲ့ ပစ်ခတ်မှုဖြစ်တာ”ဟု ‌ကေအိုင်စီ သို့ အတည်ပြု ‌ပြောကြားသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)၌ လုံခြုံ‌ရေးအရ ကိုက် ၂၀၀‌ကျော်သည့်‌နေရာများတွင် အစိုးရတပ်အ‌နေဖြင့် သွားလာပါက အပြန်အ လှန် သတင်းပို့ ဆက်သွယ်မှုအ‌ကြောင်းကြားရန် သတ်မှတ်ထား‌ကြောင်း၊ ထိုသို့ သတ်မှတ်ရခြင်းမှာ ကန့်သတ်နယ်‌မြေများတွင် ‌မြေမြှုပ်မိုင်း မရှင်းရ‌သေး‌ကြောင်းလည်း ဗိုလ်မှူး‌စောဂလယ်ဒို့က ဆက်‌ပြောသည်။

၎င်းပစ်ခတ်မှုတွင် KNDO ဘက်မှ ထိခိုက်မှုမရှိ‌ကြောင်းနှင့် အစိုးရစစ်တပ်ဘက်မှ ထိခိုက်မှုရှိမရှိကိုမူ စုံစမ်း‌နေဆဲဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ‌ကေအဲန်ယူ တပ်မဟာ(၅)အ‌နေဖြင့် ဗဟိုဌာနချုပ်နှင့် သက်ဆိုင်ရာ အစိုးရတပ်များထံ ဆက်သွယ်အ ‌ကြောင်းကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)တွင် အစိုးရစစ်တပ်များ၏ နယ်‌မြေဖြတ်‌ကျော် ဝင်‌ရောက်လာမှု‌ကြောင့် မကြာခဏ ပစ်ခတ်မှုဖြစ်ပွားပြီး ပြီးခဲ့သည့် ဇွန်လ ၂၆ရက်‌နေ့ကလည်း နှစ်ဖက်တပ်များ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အစိုးရတပ်ဘက်မှ ၁ဦး‌သေ၊ ၁ဦး ဒဏ်ရာရခဲ့သည်။