Home သတင်း ကရင်‌ကျောင်းသားကွန်ရက် ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပ

ကရင်‌ကျောင်းသားကွန်ရက် ငြိမ်းချမ်း‌ရေး‌နေ့ ကျင်းပ

2147

စက်တင်ဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်‌ကျောင်းသားကွန်ရက်အဖွဲ့(KSNG)ဦး‌ဆောင်၍ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်ရာနယ်‌မြေ ကရင် ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ နို့ဖိုး‌ကျေးရွာတွင် ပထမဦးဆုံး ကမ္ဘာ့ငြိမ်းချမ်း‌ရေး‌နေ့ကို စက်တင်ဘာ ၂၂ရက်‌နေ့က ကျင်းပပြု လုပ်ခဲ့သည်။

KSNG တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဗစ်တိုးရီးယား‌ဘောက “ငြိမ်းချမ်း‌ရေးဆိုတာ ဘယ်လိုမျိုးလဲ။ ‌နောက်ပြီး လက်ရှိ ကျမတို့ ကရင် ‌ခေါင်း‌ဆောင်‌တွေလုပ်တဲ့ ငြိမ်းချမ်း‌ရေးကိုလည်း ဘယ်လို ‌ထောက်ခံကူညီ‌ပေးနိုင်မလဲ။ အဲဒါ‌တွေကို ဒီက ကျမတို့ကရင်လူထု ‌တွေကို ‌ပေးသိချင်လို့ အခုလို လာလုပ်ရတာ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါအခမ်းအနားသို့ နို့ဖိုး အပါအဝင် ထီးမူးထာ့နှင့် မဲ့ကနဲ‌ကျေးရွာများမှ ရွာသူရွာသားများ၊ ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ဥက္ကဌနှင့် တာဝန်ရှိသူများ စုစု‌ပေါင်း လူဦး‌ရေ ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။ ထို့အပြင် အခမ်းအနား၌ ငြိမ်းချမ်း‌ရေးအထိမ်း အမှတ်အဖြစ် တက်‌ရောက်သူများက ငှက်လွှတ်ခြင်း၊ အားကစားပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ကရင့်ရိုးရာယဉ်‌ကျေးမှု အဝတ် အစားပြသခြင်းနှင့် ‌ဖျော်‌ဖြေ‌ရေးအစီအစဉ်များကိုလည်း KSNG က ဦး‌ဆောင်ပြုလုပ်‌ပေးခဲ့သည်။
DSC00911
“ငြိမ်းချမ်းတာကိုပဲ ကျမတို့‌တွေ လိုချင်တယ်။ ငြိမ်းချမ်း‌ရေးက ငါတို့ရဲ့ အခွင့်အ‌ရေး ငြိမ်းချမ်း‌ရေးလိုချင်လို့ သူများကိုပဲ အားကိုး လို့ မရဘူး။ ကိုယ့်ဖာသာကိုယ်လည်း လုပ်ရတာ‌ပေါ့။ ကျမသိထားသ‌လောက် ငြိမ်းချမ်း‌ရေးက လွတ်လွတ်လပ်လပ်‌နေဖို့၊ လုပ် ကိုင်စားဖို့ အတူတကွ လုပ်‌ဆောင်နိုင်ရင်‌တော့ ငြိမ်းချမ်း‌ရေးလို့ ထင်တယ်”ဟု ‌ဒေသခံ ‌နော်ရီးနသရီး‌စေးက ‌ပြောသည်။

၎င်းအခမ်းအနား တက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူဗဟိုတရားသူကြီးချုပ် ပဒို‌စော‌ဒေါ့‌လေးမူကလည်း “ဒီ‌နေ့က တစ်ကမ္ဘာလုံး ငြိမ်း ချမ်း‌ရေး‌နေ့ ဖြစ်တယ်။ ကျ‌နော်တို့‌တွေ ဝမ်းသာတယ်။ ငြိမ်းချမ်း‌ရေးဆိုရင် တိကျမှန်ကန်တဲ့ ငြိမ်းချမ်း‌ရေးကိုပဲ လိုချင်တယ်။ အတုအ‌ယောင် ငြိမ်းချမ်း‌ရေးကို‌တော့ မလိုချင်ကြပါဘူး။ သူများထိန်းချုပ်ထားတဲ့ ငြိမ်းချမ်း‌ရေးကိုလည်း မလိုချင်ဘူး။ ကိုယ်ပိုင် အခွင့်အ‌ရေး၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုပဲ လိုချင်တယ်”ဟု ဆိုသည်။

KSNG အဖွဲ့သည် ကရင်လူထု ပညာ‌ရေး၊ လူမှု‌ရေး၊ ငြိမ်းချမ်း‌ရေး စသည့်လှုပ်ရှားမှုများကို လုပ်‌ဆောင်‌ပေး‌နေသည့် နယ်စပ်အ ‌ခြေစိုက် ကရင်‌ကျောင်းသားလူငယ်အဖွဲ့ဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်နှင့် ဒုက္ခသည်စခန်းများအတွင်းရှိ ‌ကျောင်းသူ‌ကျောင်းသား များ၊ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်း(KCBO) အဖွဲ့များနှင့်လည်း ပူး‌ပေါင်းလုပ်‌ဆောင်လျှက်ရှိသည်။

KSNG အ‌နေဖြင့် ယခင်နှစ်များက နယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများ၌လည်း စုစု‌ပေါင်း ၃ကြိမ် အလားတူ အခမ်းအနား ပြုလုပ် ခဲ့သည်။ ယခုနှစ်တွင်မူ ဒုက္ခသည်စခန်းများနှင့် ‌ကေအဲန်ယူ ထိန်းချုပ်ရာ ခရိုင်၊ မြို့နယ်များ၌ ကရင်အမျိုးသမီးအစည်းအရုံးက လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ပူး‌ပေါင်းကျင်းပခဲ့ကြသည်ဟု သိရသည်။