Home သတင်း ကျန်းမာ‌ရေးလုပ်ငန်းစဉ် ၃ရပ်ကို အဓိက လုပ်‌ဆောင်သွားမည်ဟု BPHWT ဆုံးဖြတ်

ကျန်းမာ‌ရေးလုပ်ငန်းစဉ် ၃ရပ်ကို အဓိက လုပ်‌ဆောင်သွားမည်ဟု BPHWT ဆုံးဖြတ်

1534

စက်တင်ဘာ ၂ ရက်၊၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့(BPHWT)က ၎င်းတို့၏ အဓိကလုပ်ငန်းစဉ်ကြီးဖြစ်သည့် ‌ဆေးဝါးကုသ‌ရေး၊ မိခင်နှင့်က‌လေး ‌စောင့်‌ရှောက်‌ရေး၊ ကျန်းမာ‌ရေးဆိုင်ရာ ပညာ‌ပေး‌ရေး စသည့် လုပ်ငန်းစဉ် ၃ရပ်ကို ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ဩဂုတ်လ ၂၉ရက်မှ ၃ဝရက်‌နေ့အထိ ကျင်းပသည့် (၆)လပတ် ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်သည်။

BPHWT ၏ ဦး‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်သူ နိုင်‌အေးလွင်က “ကျ‌နော်တို့အ‌နေနဲ့ တိုင်းရင်းသား‌ဒေသ အသီးသီး‌တွေမှာ ရှိကြတဲ့ BPHWT အဖွဲ့ဝင်ကိုယ်စားလှယ်တင်ပြချက်၊ ‌ဆွေး‌နွေးချက်‌တွေအ‌ပေါ်မှာ တိုင်ပင် ညှိနှိုင်းကြပြီး‌တော့ ဒီလုပ်ငန်းစဉ်ကြီးသုံးရပ်ကို ‌နောက်လာမယ့် (၆ ) လတာကာလမှာ မဖြစ်မ‌နေ ဆက်လက် အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်သွားဖို့ကို ဆုံးဖြတ်လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လုပ်‌ဆောင်ရာတွင် ကရင်‌ဒေသ၊ ကရင်နီနှင့် သျှမ်း(ရှမ်း)‌ဒေသစသည့်တို့တွင် သားဖွားသင်တန်းများ ဆက်လက်‌ဆောင်ရွက်‌ပေးခြင်း၊ ‌ဆေးဝါးနှင့် ‌ဆေးဝါးဆိုင်ရာကိရိယာများ ပံ့ပိုး‌ပေးခြင်း၊ ‌ရေတွင်းတူး‌ဖော်ခြင်း၊ ယင်လုံအိမ်သာများတည်‌ဆောက်‌ပေးခြင်းနှင့် ‌ကျောင်းကျန်းမာ‌ရေးပညာ‌ပေးလုပ်ငန်းများ ‌ဆောက်ရွက်‌ပေးခြင်း တို့ကို ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်း BPHWT က ဆိုသည်။
IMG_6391
ထိုင်း-မြန်မာနယ်စပ်တစ်‌နေရာတွင် ၂ရက်ကြာ ကျင်းပခဲ့သည့် ၎င်းအစည်းအ‌ဝေးတွင် လုပ်ငန်းဆိုင်ရာ အစီရင်ခံစာများ၊ ဘဏ္ဍာ‌ရေးအ‌ခြေအ‌နေ၊ ‌နောက် လာမည့် ၆ လတာ ကာလအတွင်း လုပ်‌ဆောင်သွားမည့် ‌ရှေ့လုပ်ငန်းစဉ် အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့ကြပြီး ကချင်၊ ကရင်၊ ကရင်နီ၊ သျှမ်း၊ ပအိုးဝ်၊ ရခိုင်၊ မွန်၊ ကယန်း၊ ချင်း၊ နာဂ စသည့် အဖွဲ့ဝင်တိုင်းရင်းသားကိုယ်စားလှယ်‌ပေါင်း ၉ဝ ခန့်တက်‌ရောက်သည်ဟု သိရသည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် သျှမ်းပြည်နယ်‌မြောက်ပိုင်း ‌ကျောက်မဲမြို့နယ်အတွင်း ကျန်းမာ‌ရေးလုပ်ငန်း များ လုပ်‌ဆောင်‌နေသည့် BPHWT အဖွဲ့ဝင် တအာင်းအမျိုးသမီးတစ်ဦးဖြစ်သူ ‌လွေးရင်‌အောင်က “ကျမတို့ဘက် မှာ ဒီလို ကျန်းမာ‌ရေးလုပ်ငန်း လိုက်လံ‌ဆောင်ရွက်တဲ့အခါ တိုက်ပွဲ‌တွေက ဆက်ရှိ‌နေ‌သေး‌တော့ လုံခြုံ‌ရေးအရ လုပ်ငန်းလုပ်ရတာ မလွတ်လပ်‌သေးဘူး။ စစ်‌ဆေး ‌မေးမြန်းမှု‌တွေ ကြုံ‌နေရ‌သေးတယ်။ ‌နောက်ပြီး ထိခိုက်ဒဏ် ရာရတဲ့ သူ‌တွေကို ကုသဖို့ ‌ဆေးဝါး အချိန်မှီရရှိမှု အခက်အခဲ ရှိ‌နေတုန်းပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအ‌ခြေအ‌နေအရ နိုင်ငံတကာ ကူညီ‌ထောက်ပံ့‌ရေးအဖွဲ့အစည်းများက မြန်မာပြည်တွင်းထဲသို့ ဝင်‌ရောက်ပြီး အကူအညီများ‌ပေး‌နေသည့်အတွက် BPHWT အ‌နေဖြင့် ကူညီ‌ထောက်ပံ့မှု‌လျော့ကျသွားသည့် အ‌နေအထားရှိ‌နေ‌သော်လည်း ချမှတ်ထားသည့် ‌ရှေ့လုပ်ငန်းစဉ်များကို အတတ်နိုင်ဆုံး ဆက်လက်လုပ်‌ဆောင် သွားမည်ဖြစ်‌ကြောင်း နိုင်‌အေးလွင်က ဆက်‌ပြောသည်။

နယ်လှည့်‌ကျော်ပိုးအိတ်ကျန်းမာ‌ရေးလုပ်သားအဖွဲ့ BPHWTကို ‌ဝေးလံ‌ခေါင်းဖျားသည့် တိုင်းရင်းသား‌ဒေသများ အတွင်း ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု‌ပေးနိုင်ရန်ရည်ရွယ်ကာ ၁၉၉၈ ခုနှစ်၊ ဩဂုတ် ၁၉ ရက်‌နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လက်ရှိ အဖွဲ့ငယ်‌ပေါင်း ၁၀ဝ ဖြင့် ကျန်းမာ‌ရေးလုပ်ငန်းများကို လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။