Home သတင်း စစ်တပ်သိမ်းလယ် ၉၆၉ဧက ပြန်စွန့်လွှတ်လိုက်‌သော်လည်း မူလ လယ်ပိုင်ရှင်များ ပြန်မရ

စစ်တပ်သိမ်းလယ် ၉၆၉ဧက ပြန်စွန့်လွှတ်လိုက်‌သော်လည်း မူလ လယ်ပိုင်ရှင်များ ပြန်မရ

1817

စက်တင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ မြန်မာအစိုးရစစ်တပ်သိမ်း လယ် ၉၆၉.၁၂ဧကကို မူလ ပိုင်ရှင်များအား ပြန်လည်‌ပေးအပ်နိုင်‌ရေးအတွက် မြို့နယ်‌မြေအသုံးချ စီမံခန့်ခွဲ‌ရေးအဖွဲ့သို့ ပြန်လည်စွန့်လွှတ်လိုက်‌သော်လည်း ယခုအချိန်ထိ ပြန်လည်မရရှိ‌သေး‌ကြောင်း မူလပိုင်ရှင်လယ်သမားများက ‌ပြောဆိုသည်။

‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုမှ လယ်သမား ‌နော်သန်းသန်း‌အေးက “ကျမလယ် ၁ဝဧကပါတယ်။ ပြီးခဲ့တဲ့ ‌မေလတုန်းက ခလရ-၇၀၃ တပ်ရင်းက ‌နောက်တန်းမှူး လာသွားတယ်။ ခင်ဗျားတို့ မူလပိုင်ရှင်‌တွေကို ပြန်စွန့်လိုက်ပြီး လုပ်ကိုင်စားကြ‌တော့လို့ ‌ပြော သွားတယ်။ လက်‌တွေ့မှာမရဘူး။ ‌ဆောင်းစပါးစိုက်ဖို့ ရက်ပိုင်းပဲလို‌တော့‌ပေမယ့် အခုထိ ဘာမှ အ‌ကြောင်းမထူးလာဘူး”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

လယ်သမားများအ‌ရေးကို ကူညီ‌ပေး‌နေသည့် ကရင်ပြည်သူ့ပါတီ၊ တွံ‌တေးခရိုင် ဥက္ကဌ မန်းအုန်းမြင့်သိန်းက ယင်းသို့ ပြန်စွန့် လွှတ်သည့် လယ်‌မြေများကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်‌အောက်ခံ တပ်ရင်းများက သိမ်းယူ၍ သီးစားချ လုပ်ကိုင်ခဲ့ပြီး ယခုလို ပြန်လည်စွန့်လွှတ်လိုက်ချိန်တွင် သီးစားချထားသူများသာ ဆက်လက်လုပ်ကိုင်‌နေကြ‌ကြောင်း ‌ပြောဆို သည်။

“စစ်တပ်က လယ်‌တွေကို ပြန်စွန့်လွှတ်တဲ့အချိန်မှာ သီးစားချထားသူ‌တွေကသာ လုပ်ကိုင်‌နေတုန်းပါ။ လယ်‌တွေကို မူလပိုင်ရှင် များ လယ်ပြန်ရ‌ရေးအတွက် တိုင်း‌ဒေသကြီးအစိုးရနဲ့ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီးဆီကို စာတင်ပြထား‌ပေမယ်လည်း အခု ထိ ဘာမှအ‌ကြောင်းမထူးပါဘူး။ ဒါ‌ကြောင့် ထပ်မံ တင်ပြသွားဖို့ ရှိပါတယ်”ဟု မန်းအုန်းမြင့်သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရစစ်တပ်ဘက်မှ ပြန်လည်စွန့်လွှတ်လိုက်သည့် လယ်‌မြေ ၉၆၉ဧက‌ကျော်သည် ၎င်း‌ဒေသရှိ လယ်သမား ၅၇ဦးက ပိုင်ဆိုင် ထားသည့် လယ်‌မြေများဖြစ်ပြီး လက်ရှိ အငြင်းပွားမှုများ ဆက်လက်ရှိ‌နေသည့်အတွက် လယ်များကို မလုပ်ကိုင်‌သေးကြရန် တွံ ‌တေးမြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေး ဦးစီးဌာနက စာထုတ်ထားသည်ဟု သိရသည်။

‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုမှ လယ်သမား ‌စော‌မောင်ကြည်က “တပ်က ပြန်‌ပေးမယ်ဆို‌တော့ အရင်တပ်က သီးစားချထားသူ ‌တွေက မဖယ်‌ပေးချင်ဘူး။ ‌ထွေအုပ်က ကျ‌နော်တို့နဲ့ မူလပိုင်ရှင်မဟုတ်တဲ့ သီးစားချထားသူ‌တွေကို ‌ခေါ်စစ်တယ်။ အငြင်းပွား‌နေ လို့ ဘယ်သူမှ အဲဒီလယ်‌တွေ ဝင်မလုပ်ဖို့ ‌ထွေအုပ်က စာထုပ်တားတယ်။ ကျ‌နော်တို့ လယ်သမား‌တွေက စာအတိုင်း လိုက်နာ ‌ပေမယ့် သီးစားချထားသူ‌တွေက ဆက်လုပ်‌နေတာကို ‌ထွေအုပ်က ဘာမှအ‌ရေးမယူဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ယင်းလယ်‌မြေများကို စပါးစိုက်ပျိုးမှု မလစ်ဟင်း‌စေရန် တနှစ်စာ သီးစားလုပ်ပိုင်ခွင့်‌ပေးထားခြင်းသားဖြစ်ပြီး မည်သူ့ကိုမျှ ပိုင်ဆိုင်ခွင့်မ‌ပေး‌သေးသလို သီးစားလုပ်ကိုင်သူများအ‌နေဖြင့် ‌နောက်ပိုင်းတွင် ပိုင်ရှင်ဖြစ်‌ကြောင်း ဥပ‌ဒေအရ ပြန်လည်‌လျှောက် ထားရမည်ဖြစ်‌ကြောင်း၊ ယခု သီးစား‌ပေးအတွက် တိုင်း‌ဒေသကြီး လယ်ယာစိုက်ပျိုး‌ရေး၏ လမ်းညွန်မှုကို ခံယူသည့်အဆင့် တွင်သာရှိ‌သေး‌ကြောင်း တွံ‌တေးမြို့နယ် အ‌ထွေ‌ထွေ အုပ်ချုပ်‌ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦး‌ဇော်ဝင်းလှိုင်က ‌ပြောဆို သည်။

တပ်မ‌တော်ပြန်စွန့်လွှတ်‌မြေများကို သက်ဆိုင်သူများလက်ဝယ်သို့ အမြန်ပြန်လည်‌ရောက်ရှိ‌ရေး လုပ်‌ဆောင်သွားရန် သက်‌သေခံ စာရွက်စာတမ်း အ‌ထောက်အထား မပြနိုင်‌သော်လည်း အများကြည်ညို‌လေးစားသည့် ရပ်မိရပ်ဖများ၏ ‌ထောက်ခံချက်များဖြင့် ‌မြေအသုံးချခွင့်ရှိ‌ကြောင်း သက်‌သေပြနိုင်ပါက ယာယီ ပြန်လည်လွှဲ‌ပြောင်း‌ပေးရန် မတ်လ ၇ရက်‌နေ့က ‌နေပြည်‌တော်၌ ကျင်းပ သည့် ‌မြေအသုံးချမှု စီမံခန့်ခွဲ‌ရေးဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ဒုတိယသမ္မတဦးဉာဏ်ထွန်း‌အောင်၏ ‌ပြောဆိုမှုကို မြန်မာ့ အလင်းသတင်းစာတွင် ‌ဖော်ပြထားသည်။

တွံ‌တေးမြို့နယ်၊ ခတ္ထိယတိုက်နယ် ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စု လယ်သမား ၅၇ဦး၏ လယ်ဧက ၇၅၈‌ကျော်ကိုလည်း‌ကောင်း၊ ဆန်း‌ကျေးရွာအုပ်စုမှ လယ်သမား ၁၆ဦး၏ လယ် ၁၃ဝဧက၊ တူး‌ချောင်းကြီး‌ကျေးရွာအုပ်စုမှ လယ်သမား ၉၈ဦး၏ လယ် ၉၆၃ ဧကနှင့် ခတ္ထီ‌ကျေးရွာအုပ်စုရှိ လယ်သမား ၂ဝဦးထံမှ လယ် ၁၇၄ဧကတို့ကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်လက် ‌အောက်ခံ တပ်ရင်းများနှင့် ကုမ္ပဏီများက သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ခရိုင် ကရင်ပြည်သူ့ပါတီရုံးမှ ပြုစုထား‌သောစာရင်းများအရ သိရသည်။