Home သတင်း တိုင်းရင်းအမျိုးသမီး‌ခေါင်း‌ဆောင်နှစ်ဦး ငြိမ်းချမ်း‌ရေးဆုချီးမြှင့်ခံရ

တိုင်းရင်းအမျိုးသမီး‌ခေါင်း‌ဆောင်နှစ်ဦး ငြိမ်းချမ်း‌ရေးဆုချီးမြှင့်ခံရ

1800

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းအမျိုးသမီးနှစ်ဦးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်နှင့် ရခိုင်ပြည်လွတ် ‌မြောက်‌ရေးပါတီ(ALP) ဗဟိုအလုပ်အမှု‌ဆောင် အဖွဲ့ဝင် ‌စောမြရာဇာလင်းတို့ကို ဒုတိယအကြိမ်‌မြောက် အမျိုးသမီးများဖိုရမ်က အမျိုးသမီးငြိမ်းချမ်း‌ရေးဆုကို ပူးတွဲ ချီးမြှင့်လိုက်သည်။

ပြည်တွင်း ငြိမ်းချမ်း‌ရေးအတွက် အမျိုးသားများနှင့် ရင်‌ဘောင်တန်း လုပ်‌ဆောင်‌နေသည့် အမျိုးသမီး‌ခေါင်း‌ဆောင်များကို ဂုဏ်ပြု လို၍ ယခုကဲ့သို့ ဆုချီးမြှင့်ရခြင်းဖြစ်ပြီး ဆု‌ပေးပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ကမ္ဘာ‌အေးဘုရားလမ်း‌ဘေးရှိ Excel Tower Hotel ၌ စက်တင်ဘာ ၁၉ရက်မှ ၂၁ရက်‌နေ့အထိ ကျင်းပသည့် အမျိုးသမီးဖိုရမ်အပြီးတွင် ပြုလုပ်ကျင်းပခဲ့သည်။

ယင်းဖိုရမ်၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) အကြံ‌ပေးဖြစ်သူ ‌ဒေါ်ခင်ဥမ္မာက “ပြည်တွင်း ငြိမ်းချမ်း‌ရေး ဖြစ်စဉ်မှာ အမျိုးသားတန်းတူ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေးအတွက် အမျိုးသားများနဲ့ တန်းတူ ရင်‌ဘောင်တန်း ပြီး ထိပ်ဆုံး‌ခေါင်း‌ဆောင်မှုကဏ္ဍမှာ စွမ်းစွမ်းတမံ လုပ်‌ဆောင်‌နေတဲ့ သူတို့နှစ်ဦးကို ဂုဏ်ပြုတဲ့အ‌နေနဲ့ အမျိုးသမီးငြိမ်းချမ်း‌ရေးဆု ချီးမြှင့်မယ်ဆိုပြီး ကျမတို့ ဆုံးဖြတ်ကြတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆု‌ပေးပွဲအခမ်းအနားတွင် ‌စောမြရာဇာလင်း တက်‌ရောက်နိုင်ခဲ့‌သော်လည်း ပဒို‌နော်စီဖိုးရာစိန်မှာ တက်‌ရောက်နိုင်ခြင်း မရှိဘဲ အခမ်းအနားသို့ ‌ကျေးဇူးတင်သဝဏ်လွှာသာ ‌ပေးပို့ခဲ့ပြီး သူမကိုယ်စား ကရင်အမျိုးသမီးအစည်းအရုံး(KWO) ဥက္ကဌ နန်းဒါးအဲ့က လယ်က ဆုကို တက်‌ရောက်ရယူခဲ့‌ကြောင်း သိရသည်။

ပဒို‌နော်စီဖိုးရာစိန်၏ သဝဏ်လွှာတွင် “ကျမကို ဆု‌ပေးဖို ့‌ရွေးချယ်ခဲ့တဲ့အတွက် များစွာဝမ်းသာမိပါတယ်။ ဆုလာ‌ရောက်လက်ခံ မယူနိုင်တဲ့အတွက် စိတ်မ‌ကောင်းဖြစ်မိပါတယ်။ တကယ်‌တော့ ကျမဟာ ငြိမ်းချမ်း‌ရေးရဖို့ ကြိုးစား‌နေတဲ့ အမျိုးသမီး‌တွေ များစွာ ထဲက တစ်‌ယောက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်‌တော့ ‌ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တိုက်‌နေရတဲ့ ပြည်သူလူထု ‌တွေကိုယ်စားကျမ ဒီဆုကို လက်ခံရရှိတာသာဖြစ်ပါတယ်။ အမျိုးသား‌တွေက စစ်ပွဲ‌တွေကို ဖန်တီးပါတယ်။ အမျိုးသမီး‌တွေက ငြိမ်းချမ်း‌ရေးကို ဖန်တီးပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေးဟာ အမျိုးသမီး‌တွေရဲ့ ကြိုးပမ်းမှု‌တွေ လိုအပ်‌နေဆဲဖြစ်တယ်လို့ ‌ပြော ချင်ပါတယ်”ဟု ‌ဖော်ပြထားသည်။

‌စောမြရာဇာလင်းကလည်း ယခုကဲ့သို့ ဆုချီးမြှင့်ခံရခြင်းသည် မိမိတစ်ဦးတည်းကို ‌ပေးအပ်ခြင်းမဟုတ်ပဲ ငြိမ်းချမ်း‌ရေးအတွက် လုပ်‌ဆောင်‌နေသည့် အမျိုးသမီးများအားလုံးအတွက် ‌ပေးအပ်ခြင်းဖြစ်သည်ဟု မိမိသာမက KNU ဒု-ဥက္ကဌ ‌နော်စီဖိုးရာစိန် လည်း ခံယူထားမည်ဟု ယုံကြည်‌ကြောင်း ဆု‌ပေးပွဲတွင် ‌ပြောခဲ့သည်။

“ကျမတို့ အမျိုးသမီး‌တွေ ဘာလက်နက်မပါဘဲ လက်နက်ရှိသူ‌တွေကို တိုက်‌နေကြတယ်။ ကျမတို့ အမျိုးသမီး‌တွေဟာ လက် နက်‌ပေါင်းများစွာ တပ်ဆင်ထားတဲ့ အုတ်တံတိုင်း‌ရှေ့မှာ အမျိုးသမီးများ ဆုံးဖြတ်ချက်ချတဲ့‌နေရာမှာ ပါဝင်‌ရေး၊ အမျိုးသမီးများ အခု ရှိ‌နေတဲ့ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ်မှာ ပါဝင်‌ရေးအတွက် အားလုံး‌သော အမျိုးသမီးများအ‌နေနဲ့ ဝိုင်း‌ရွှေ့ရင် ‌ရွေ့နိုင်ပါတယ်”ဟု ‌စောမြရာဇာလင်းက ‌ပြောသည်။

ယင်းဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံ‌ရေးနယ်ပယ်တွင် ထင်ရှားသည့် ပြည်တွင်းကရင်အမျိုးသမီးအဖွဲ့ချုပ်(KWU)မှ ‌နော်အုန်းလှ၊ မိတ္တီလာမြို့ ပြည်သူ့‌ရေးရာကွန်ရက်တည်‌ထောင်သူ ‌ဒေါ်မြင့်မြင့်‌အေး၊ NDF ပါတီမှ ‌ဒေါ်‌ဘောက်ဂျာနှင့် နိုင်ငံ‌ရေးအကျဉ်းသား မိသားစု ကူညီ‌စောင့်‌ရှောက်‌ရေးကွန်ရက်မှ ‌ဒေါ်မိမိခိုင်တို့ကိုလည်း ငြိမ်းချမ်း‌ရေး စွမ်း‌ဆောင်သူ ဂုဏ်ပြုလက်မှတ်များကို ‌ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ အမျိုးသမီးဖိုရမ်၌ ပြည်တွင်းငြိမ်းချမ်း‌ရေးနှင့် အမျိုးသမီးများအခန်းကဏ္ဍ၊ အမျိုးသမီးများ ဖွံ့ဖြိုး‌ရေး အစီအစဉ်များကို ‌ဆွေး‌နွေးခဲ့သလို လက်ပံ‌တောင်း‌တောင် စီမံကိန်းတွင် တရုတ်နိုင်ငံသားနှစ်ဦးကို ရွာသားများ ထိန်း သိမ်းခဲ့ရာတွင် အကူအညီ‌ပေးမှုဖြင့် အဖမ်းခံ‌နေရသည့် မန္တ‌လေးမြို့၊ ရတနာပုံတက္ကလိုလ် မြန်မာစာ‌ကျောင်းသူ မဖြူနှင်း‌ထွေး လွတ်‌မြောက်‌ရေးအတွက် စု‌ပေါင်းလက်မှတ်ထိုး ‌တောင်းဆိုခဲ့‌ကြောင်း သိရသည်။

အမျိုးသမီးများကွန်ရက်(မြန်မာ)နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့ ပူး‌ပေါင်း၍ ကျင်းပခဲ့သည့် ဒုတိယအကြိမ်‌မြောက် အမျိုးသမီးများငြိမ်းချမ်း‌ရေးဖိုရမ်တွင် အမျိုးသမီးကွန်ရက်မှ ကိုယ်စားလှယ်‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။