Home သတင်း ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်ရွာတွင် လယ်ယာ‌မြေဥပ‌ဒေ ပညာ‌ပေးအလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်ရွာတွင် လယ်ယာ‌မြေဥပ‌ဒေ ပညာ‌ပေးအလုပ်ရုံ‌ဆွေး‌နွေးပွဲ ပြုလုပ်

2393

စက်တင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်အ‌ခြေစိုက် Solution(‌ဖြေရှင်း‌ရေး)စင်တာမှ ဦး‌ဆောင်၍ ဖားအံမြို့နယ်၊ ‌နောင်ကမြိုင်ရွာ ဘုန်း‌တော်ကြီး‌ကျောင်း တွင် လယ်ယာ‌မြေဥပ‌ဒေဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲတစ်ရပ်ကို စက်တင်ဘာ ၁၆ရက်မှ ၁၇ရက်‌နေ့အထိ ကျင်းပခဲ့သည်ဟု ယင်းအဖွဲ့၏ တာဝန်ခံတစ်ဦးဖြစ်သူ ‌စောညီညီ‌အေးက ‌ပြောသည်။

“ကရင်ပြည်နယ်မှာ ဖွံ့ဖြိုး‌ရေးကို အ‌ကောင်အထည်‌ဖော်တဲ့အခါမှာ ကြုံ‌တွေ့ရတဲ့ ပြဿနာ‌တွေရှိတယ်။ အဲလို လယ်ယာ‌မြေပြဿ နာ ရှုတ်‌ထွေးမှုအများအပြား ရှိတဲ့အတွက် ပညာ‌ပေးအ‌နေနဲ့ လာ‌ရောက် ‌ဟော‌ပြော‌ဆွေး‌နွေးတာဖြစ်ပါတယ်”ဟု ‌စောညီညီ‌အေး က ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌နောင်ကမြိုင်ရွာ ဘုန်း‌တော်ကြီး‌ကျောင်းတွင် ပြုလုပ်ခဲ့သည့် ၎င်း‌ဆွေး‌နွေး‌ဟော‌ပြောပွဲတွင် ‌နောင်ကမြိုင်၊ မှိုင်းကံ၊ ‌ပေါ့‌ထော်၊ လှိုင်းဘွဲ၊ နန်းထိုက်စံရွာ စသည့်‌ကျေးရွာ‌ပေါင်း ၁ဝ ရွာမှ လူဦး‌ရေ ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ‌ဟော‌ပြောခဲ့သူ အထက်တန်း‌ရှေ့‌နေ ‌ဒေါ်သန်းသန်း‌အေးက “ဒီ‌ဆွေး‌နွေးပွဲလုပ်တာ ‌မြေယာနဲ့ ပတ်သက် တဲ့ဥပ‌ဒေ ‌ဆွေး‌နွေး‌ပေးတယ်။ အဓိက‌တော့ ‌မြေယာနဲ့ ပတ်သက်တဲ့ ပြဿနာ‌လေး‌တွေမှာ ဥပ‌ဒေအရ ဘယ်လိုမျိုး စီရင်‌ပေးလို့ ရမလဲ‌ပေါ့။ ဥပ‌ဒေနဲ့အညီ ‌တောင်သူလယ်သမား‌တွေရဲ့ အကျိုးစီးပွားကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတာ အဓိက ‌ဆွေး‌နွေး တယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲ‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် ‌နောက်‌နောင် ပြဋ္ဌာန်းထားသည့် ဥပ‌ဒေနှင့်အညီ ၎င်းတို့၏ အခွင့်အ‌ရေးများအား မည်သို့ကာကွယ်ရမည်နှင့် ‌တောင်းဆိုရမည် စသည်တို့ကို အတန်အသင့် သိရှိသွားမည်ဟု ယူဆ‌ကြောင်း ‌ဒေါ်သန်းသန်း‌အေးက ဆက်‌ပြောသည်။

‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သည့် ‌နောင်ကမြိုင်ရွာမှ ‌စောသိန်း‌အောင်က “ဒီလယ်ယာ‌မြေကိစ္စနဲ့ ပတ်သက်ပြီး ကိုယ့်လယ်ယာ ‌မြေ‌တွေ မဆုံးရှုံး‌အောင်၊ ဆုံးရှုံးသွားတဲ့ လယ်ယာ‌မြေ‌တွေကိုလည်း အတတ်နိုင်ဆုံး ပြန်လည်ရရှိ‌အောင် ဘယ်လိုလုပ်‌ဆောင်ရမ လဲ ဆိုတာ ဒီလိုသိလိုက်ရတဲ့အတွက် နည်းနည်း‌လေး လမ်း‌ကြောင်းပွင့်သွားတာ‌ပေါ့။ အများကြီးအကျိုးရှိပါတယ်”ဟု ‌ပြောဆို သည်။

ကရင်ပြည်နယ်အတွင်း Solution စင်တာမှဦး‌ဆောင်၍ ဖားအံ၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးတို့တွင်လည်း ဖွံ့ဖြိုး‌ရေးနှင့်ပတ် သက်သည့် ဆိုးကျိုး‌ကောင်းကျိုးများ၊ သဘာဝပတ်ဝန်းကျင် ဆိုးကျိုး‌ကောင်းကျိုးများကိုလည်း အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်ကာ သွား‌ရောက်‌ဆွေး‌နွေး‌ဟော‌ပြောမှုများ ရှိခဲ့‌ကြောင်း သိရသည်။

Solution (‌ဖြေရှင်း‌ရေး)စင်တာသည် ယခင်လ ဩဂုတ်က အစပြုခဲ့သည့် တနှစ်တာအတွက် ဖွဲ့ထားသည့် Project (စီမံကိန်း) တစ်ခုဖြစ်ပြီး အ‌မေရိကန်ပြည်‌ထောင်စု သမ္မတနိုင်ငံ(USA)မှ အစိုးရမဟုတ်‌သောအဖွဲ့အစည်း(DAI)က ကူညီ‌ထောက်ပံ့‌ပေးခြင်း ဖြစ်သည်။