Home သတင်း ဖားအံမြို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့တွင် ပရိဿတ် ၁၀၀‌ကျော်တက်‌ရောက်

ဖားအံမြို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့တွင် ပရိဿတ် ၁၀၀‌ကျော်တက်‌ရောက်

1497

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနားကို ဖားအံလူငယ်ကွန်ယက်မှ ဦး‌ဆောင်ပြီး ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ကန်သာ ဦးခမ်းမ၌ စက်တင်ဘာလ ၂ဝရက်‌နေ့က ကျင်းပပြုလုပ်ခဲ့ရာ လူပရိဿတ်‌ပေါင်း ၁၀၀‌ကျော်တက်‌ရောက်ခဲ့ကြသည်။

ငြိမ်းချမ်း‌ရေးတရား၏ အနှစ်သာရကိုတန်ဖိုးထားပြီး ပိုမို‌ကောင်မွန်‌သောလူမှုဝန်းကျင်တစ်ရပ် ‌ပေါ်‌ပေါက်လာ‌စေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ငြိမ်းချမ်း‌ရေး‌နေ့ကို ဂုဏ်ပြု‌သောအားဖြင့် အခမ်းအနား ကျင်းပရခြင်းဖြစ်‌ကြောင်း ဖားအံလူငယ်ကွန်ယက်မှ တာ ဝန်ခံတစ်ဦးဖြစ်သူ နန်းအိ‌ရွှေစင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“များ‌သောအားဖြင့်က ငြိမ်းချမ်း‌ရေးကို ‌ပြောလိုက်ရင် ပြည်တွင်းစစ်တို့ ကမာ္ဘစစ်တို့ပဲ ထင်ကြတယ်။ ဒါ‌ပေမယ့် စီးပွား‌ရေး‌ကြောင့် လည်း ပဋိပက္ခဖြစ်နိုင်တယ်။ ဘာသာ‌ရေး‌ကြောင့်လည်း ပဋိပက္ခဖြစ်နိုင်တယ်။ ဘယ်ပဋိပက္ခမဆိုဖြစ်ရင် မငြိမ်းချမ်းနိုင်ဘူး။ ကျမ အ‌နေနဲ့က‌တော့ အားလုံးကိုခြုံငုံတဲ့ ငြိမ်းချမ်းကို လိုလားတယ်”ဟု နန်းအိ‌ရွှေစင်ဝင်းက ‌ပြောသည်။

အဆိုပါအခမ်းအနားတွင် လက်ရှိငြိမ်းချမ်းဖြစ်စဉ်များနှင့် ပတ်သက်သည့် အ‌ကြောင်းအရာများ၊ ပန်းချီ၊ ကာတွန်း သ‌ရော်စာများ ခင်းကျင်းပြသထားကာ စာအုပ်များလည်း ‌ပေး‌ဝေခဲ့ပြီး Hope International မှ ဆရာကြီး ဦးလှ‌သောင်းက မြန်မာနိုင်ငံ၏ ငြိမ်း ချမ်း‌ရေးဖြစ်စဉ်တွင် ပြည်သူများ ပူး‌ပေါင်းပါဝင်မှုဆိုင်ရာများကို ‌ပြောကြားခဲ့ပြီး တက်‌ရောက်လာသည့် ကိုယ်စားလှယ်များနှင့် အ‌မေးအ‌ဖြေကဏ္ဍ ပြုလုပ်ခဲ့ကြသည်။

ယမန်‌နေ့မနက် ၈နာရီမှ ‌နေ့လည် ၁၂နာရီအထိ ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေး အွာ၊ ကရင်ပြည်နယ် လွှတ်‌တော်ဥက္ကဌ ‌စော‌အောင်‌ကျော်မင်း၊ NLD၊ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေးပါတီတို့အပြင် ဘာသာ‌ရေး‌ခေါင်း‌ဆောင် များ၊ ၈၈ မျိုးဆက်နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းများ၊ ကရင့်‌ရေးရာ‌ကော်မတီများ၊ လူငယ်များအဖွဲ့များနှင့် ‌ဒေသခံများ တက်‌ရောက် ခဲ့ကြသည်။

အခမ်းအနား ကိုယ်တိုင်တက်‌ရောက်ခဲ့သူ ‌စော‌အောင်‌ထွေးက “ကျ‌နော်က‌တော့ ဒီအပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့မှာ တက် ‌ရောက်ခွင့်ရတာက‌တော့ အင်မတန်‌ကောင်းပါတယ်။ ငြိမ်းချမ်း‌ရေး‌နေ့ဆိုတာ ကျ‌နော်တို့ အားလုံးနဲ့ ဆိုင်တယ်။ ကျ‌နော်တို့ လူငယ်‌တွေ မကပါဘူး။ အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်ပြည်နယ်တွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း‌ရေး‌နေ့ကို ဖားအံလူငယ်ကွန်ယက်က ဦးစီးကျင်းပလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ် ပြီး ၂၀၁၂ခုနှစ်က သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင်လည်း‌ကောင်း၊ ၂၀၁၃ခုနှစ်ကလည်း ယခု ကန်သာဦးခမ်းမ၌လည်း ‌ကောင်း ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။