Home သတင်း မ‌လေးရှားနိုင်ငံ‌ရောက် တိုင်းရင်းသား‌ပေါင်းစုံများ စု‌ပေါင်းရံပုံ‌ငွေ ရှာ‌ဖွေ‌ရေးပွဲ‌တော် ကျင်းပ

မ‌လေးရှားနိုင်ငံ‌ရောက် တိုင်းရင်းသား‌ပေါင်းစုံများ စု‌ပေါင်းရံပုံ‌ငွေ ရှာ‌ဖွေ‌ရေးပွဲ‌တော် ကျင်းပ

1914

စက်တင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မ‌လေးရှားနိုင်ငံ‌ရောက် မြန်မာနိုင်ငံ တိုင်းရင်းသားများအ‌နေဖြင့် အခက်အခဲများကြုံ‌တွေ့သည့်အခါ အချင်းချင်း ကူညီနိုင်ရန်အတွက် ရည်ရွယ်၍ စက်တင်ဘာ ၁၃ရက်‌နေ့၌ တိုင်းရင်းသား‌ပေါင်းစုံများ စု‌ပေါင်းရံပုံ‌ငွေရှာ‌ဖွေ‌ရေး ပွဲ‌တော်တစ်ရပ်ကို မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပြုလုပ်ကျင်းပခဲ့သည်။

ရံပုံ‌ငွေ ရှာ‌ဖွေ‌ရေးပွဲ‌တော်အတွက် ဥက္ကဌ တာဝန်ယူထားသည့် ချင်းတိုင်းရင်းသား ‌ခေါင်း‌ဆောင် ဆရာ‌အေး‌မော က “ကျ‌နော်တို့က ဒီမှာ တိုင်းရင်းသား‌ပေါင်းစုံဆိုပြီး အဖွဲ့ဝင်‌တွေ ဖွဲ့ထားတယ်။ တစ်နှစ်တစ်ခါ ရံပုံ‌ငွေရှာတယ်။ အဲဒီရတဲ့ ရန်ပုံ‌ငွေ‌တွေကို တိုင်းရင်းသား‌ပေါင်းစုံရုံးမှာ ပြန်သုံးတယ်။ ပြီး‌တော့ ကျ‌နော်တို့အဖွဲ့က HIV လူနာနဲ့ အမျိုးသမီး‌တွေအတွက် ထိန်းသိမ်း‌စောင့်‌ရှောက်တဲ့ ဌာန ရှိတယ်။ ရတဲ့ ရံပုံ‌ငွေ‌တွေကို အဲဒီထဲမှာ ပြန်‌ပေးတာ လည်း ရှိတယ်”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

မ‌လေးရှားနိုင်ငံ‌ရောက် တိုင်းရင်းသား‌ပေါင်းစုံများသည် ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ အလုပ်အကိုင်ရှာ‌ဖွေ‌ရေးစသည့် အချက်များကို အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်ချက်များရှိသည့်အပြင် မ‌လေးရှားတွင် အ‌ထောက်အထား မရှိဘဲ ‌ရောက်ရှိပြီး အဖမ်းခံရသည့် တိုင်းရင်းသားများကို ပြန်လည်လွတ်‌မြောက်နိုင်ရန် ပူး‌ပေါင်းလုပ်‌ဆောင်ချက်များ လည်း ရှိသည်ဟု ဆရာ‌အေး‌မောက ဆက်‌ပြောသည်။

ယင်းရံပုံ‌ငွေ ရှာ‌ဖွေ‌ရေးပွဲ‌တော်တွင် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း(သျှမ်း) စသည့် တိုင်းရင်းသားများ တက်‌ရောက်ကြသည့်အပြင် မ‌လေးရှားနိုင်ငံ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)နှင့် အစိုးရမဟုတ်‌သော အဖွဲ့အစည်း(NGOs)များ၊ လူ့အခွင့်အ‌ရေးအဖွဲ့များ၊ အလုပ်အကိုင်ရှာ‌ဖွေ‌ရေး အဖွဲ့များ စုစု‌ပေါင်း ၇၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ပွဲ‌တော် တက်‌ရောက်ခဲ့သည့် မ‌လေးရှားကရင်အဖွဲ့အစည်း(MKO)၏ အတွင်း‌ရေးမှူး ‌နော်အယ်ဖိုးက “အခုလို တိုင်းရင်းသား‌ပေါင်းစုံက ရံပုံ‌ငွေရှာ‌ဖွေခြင်းအားဖြင့် တိုင်းရင်းသား‌ပေါင်းစုံအဖွဲ့အစည်းက အ‌ရေးကြုံ လိုအပ်လို့ ရှိရင် လွယ်ကူစွာ ပြန်လည်ထုတ်သုံးလို့ ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ရန်ပုံ‌ငွေ ရှာ‌ဖွေ‌ရေးပွဲ‌တော်တွင် သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များကိုယ်စီ အစားအစာများ‌ရောင်ချသည့် အစီအစဉ်၊ မဲများ‌ဖောက်လုပ်‌ပေးသည့် အစီအစဉ်နှင့် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုအက စသည့် အစီစဉ်များကို ပြုလုပ်ကျင်းပခဲ့ကြသည်။

မ‌လေးရှားနိုင်ငံ‌ရောက် တိုင်းရင်းသားများစု‌ပေါင်း၍ တိုင်းရင်းသား‌ပေါင်းစုံများ စု‌ပေါင်းရံပုံ‌ငွေ ရှာ‌ဖွေ‌ရေး ပွဲ‌တော်ကို တစ်နှစ်တစ်ကြိမ် ကျင်းပကာ ယခုဆိုလျှင် ၄ ကြိမ်တိုင် ရှိ‌နေပြီဖြစ်သည်ဟု ဆရာ‌အေး‌မောက ‌ပြောသည်။