Home သတင်း ယူနီ‌ဖောင်းမဝတ်၊ လက်နက်မကိုင်ရန် ကရင်လက်နက်ကိုင် ၂ဖွဲ့ကို အစိုးရတပ် သတိ‌ပေး

ယူနီ‌ဖောင်းမဝတ်၊ လက်နက်မကိုင်ရန် ကရင်လက်နက်ကိုင် ၂ဖွဲ့ကို အစိုးရတပ် သတိ‌ပေး

3472

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး ပြုလုပ်ထား‌သော ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီ (KNU/KNLA Peace Council)နှင့် ကလို့ထူး‌ဘောကရင်အစည်းအရုံး(KKO)တို့အ‌နေဖြင့် ယူနီ‌ဖောင်းဝတ်စုံနှင့်တကွ လက်နက်များကိုင်‌ဆောင် ကာ သွားလာခြင်းမပြုရန် မြဝတီမြို့အ‌ခြေစိုက် အစိုးရစစ်တပ်က စက်တင်ဘာလ ၁၄ရက်‌နေ့တွင် တားမြစ်သတိ‌ပေးခဲ့သည်။

မြဝတီမြို့ရှိ အစိုးရစစ်တပ် ‌ရှေ့တန်းအမှတ်(၂၇၅) ‌ခြေလျင်တပ်ရင်းက ၎င်းတားမြစ်သတိ‌ပေးစာကို KNU/KNLA PC နှင့် KKO အဖွဲ့များထံ အဓိကထားကာ ရည်ရွယ်၍ ‌ပေးပို့ခြင်းဖြစ်ပြီး လက်ရှိ ယင်းစာကို သက်ဆိုင်ရာ ဆက်ဆံ‌ရေးရုံးများသို့ ‌ပေးပို့ထားပြီး ဖြစ်‌ကြောင်း သိရသည်။

KNU/KNLA PC ၏ နယ်စပ်လုံခြုံ‌ရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက “သူတို့က ကျ‌နော်တို့ကို စာပို့တာ ဟုတ်တယ်။ အဲ လိုအဖွဲ့အစည်း‌တွေအ‌ပေါ်မှာ ကန့်သတ်တားမြစ်တာကို လက်မခံနိုင်ဘူး။ သူတို့ တားမြစ်သလို (အစိုးရ)စစ်တပ်‌တွေ မြို့ထဲမှာ လက်နက်နဲ့ ယူနီ‌ဖောင်းနဲ့ မမြင်ချင်ဘူး။ ဒီကိစ္စကို တုံ့ပြန်တဲ့အ‌နေနဲ့ ကျ‌နော်တို့အဖွဲ့လည်း ‌ကြေညာချက်စာ ထုတ်ပြန်သွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အပစ်အခတ်ရပ်စဲထားသည့် အဆိုပါ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအ‌နေဖြင့် စက်တင်ဘာလ ၁၄ရက်‌နေ့မှစ၍ မြို့တွင်းသွား လာရာတွင် ယူနီ‌ဖောင်းနှင့် လက်နက်ကိုင်‌ဆောင်သွားလာခြင်းမပြုရန် အပြင်းအထန် တားမြစ်ထားပြီး သွားလာမည်ဆိုပါက သက်ဆိုင်ရာ ဆက်ဆံ‌ရေးရုံးမှတဆင့် ‌ရှေ့တန်းရုံး(မြဝတီ)သို့ အသိ‌ပေးပြီးမှသာ သွားလာရမည်ဟု တားမြစ်စာထဲတွင် ‌ဖော်ပြပါ ရှိသည်။

ထို့အပြင် ‌ဖော်ပြပါ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအ‌နေဖြင့် အစိုးရဌာနများ၏ ဥပ‌ဒေနှင့်အညီ လုပ်‌ဆောင်မှုများကို ဝင်‌ရောက်စွက် ဖက်ခြင်း မပြုရန်နှင့် သ‌ဘောတူညီထားသည့် ငြိမ်းချမ်း‌ရေးမူဝါဒများအတိုင်း လိုက်နာ‌ဆောင်ရွက်ရန်တို့ကိုပါ ယင်းသတိ‌ပေးစာ ထဲတွင် ထည့်သွင်း‌ဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT) အဖွဲ့ဝင်လည်းဖြစ်၊ KKO အတွင်း‌ရေးမှူး ဗိုလ်မှူး‌စောလုံ့လုံက “ကျ‌နော်တို့အ‌နေနဲ့ အစိုးရနဲ့ ပြည်‌ထောင်စုအဆင့် သ‌ဘောတူညီချက်‌တွေမှာ ယူနီ‌ဖောင်းကိစ္စတို့၊ လက်နက်ကိစ္စတို့က အဲလို အ‌သေးစိတ် မပါဘူးဗျ။ အဲဒါ‌ကြောင့် လာမဲ့ စက်တင်ဘာ ၂၂ရက်‌နေ့ ရန်ကုန်မှာလုပ်မယ့် NCCT နဲ့ UPWC ‌ဆွေး‌နွေးမှုမှာ ဒီလို တပ်ပိုင်းဆိုင်ရာ အ‌သေးစိတ်ကိစ္စ‌တွေကို ထည့်သွင်း‌ဆွေး‌နွေးသွားမှာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါတားမြစ်သတိ‌ပေးစာနှင့် ပတ်သက်၍ ညင်သာစွာ ကိုင်တွယ်‌ဖြေရှင်းရန် လိုအပ်ပြီး ထိုသို့ မဟုတ်ပါက ထိပ်တိုက်ရင်ဆိုင် မှုများမှတဆင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကိုပါ ထိခိုက်လာနိုင်ကာ မလိုလားအပ်သည့် ကိစ္စရပ်များဖြစ်‌ပေါ်လာနိုင်‌ကြောင်း ဗိုလ် မှူး‌စောလုံ့လုံက ဆက်လက် ‌ပြောဆိုသည်။

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNU/KNLA PC ၊ KKO လက်‌အောက်ခံ ဒီမိုက‌ရေစီ အကျိုးပြုကရင့်တပ်မ‌တော်(DKBA) စသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆက်ဆံ‌ရေးရုံးများ ထားရှိကာ လှုပ်ရှားသွားလာလျှက်ရှိသည်။