Home သတင်း ‌ကော့ကရိတ်မြို့၌ စိတ်ကြွ‌ဆေးပြား‌ရောင်းဝယ်သူ ၃ဦး ဖမ်းဆီးရမိ

‌ကော့ကရိတ်မြို့၌ စိတ်ကြွ‌ဆေးပြား‌ရောင်းဝယ်သူ ၃ဦး ဖမ်းဆီးရမိ

2953

စက်တင်ဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် စက်တင်ဘာ ၁၅ရက်‌နေ့က စိတ်ကြွ‌ဆေးပြား‌ရောင်းဝယ်သူ အမျိုးသားတစ်ဦးနှင့် စက်တင်ဘာ ၁၆ရက်‌နေ့က အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရမိ‌ကြောင်း ‌ကော့ကရိတ် မူးယစ်ရဲတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ယင်းဖမ်းဆီးခံသူများသည် ‌ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်၊ ‌ချောင်း‌တောင်ကွက်သစ်တွင် ‌နေထိုင်သူ ဦးသန်းနိုင်(ဖိုး‌ထော်)၊ ‌ကော့ကရိတ်မြို့အမှတ် (၅) ရပ်ကွက်၊ ကွက်သစ်(၃)လမ်းရှိ မ‌ဝေ‌ဝေချိုနှင့် အမှတ် (၅)ရပ်ကွက် ကွက်သစ်(၆)လမ်းရှိ မ‌လေး (ကတုံးမ)တို့ကို စိတ်ကြွ‌ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည်ဟု ‌ကော့ကရိတ်ခရိုင် အထူးမူးယစ်အဖွဲ့မှ ရဲအုပ်‌အောင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့က သတင်းအရ သွား‌ရောက်ဖမ်းတယ်။ ဦးသန်းနိုင်ကို သူ့‌နေအိမ်မှာပဲ စိတ်ကြွ‌ဆေးပြား ၄၄ပြားနဲ့အတူ ဖမ်းမိတယ်။ မ‌ဝေ‌ဝေချိုနဲ့ မ‌လေးက‌တော့ တစ်ဦးနဲ့တစ်ဦး ပတ်သက်ရာက‌နေ သိလို့ နှစ်‌ယောက်လုံး ဖမ်းလိုက်တာဖြစ်တယ်။ သူတို့နှစ် ‌ယောက်ဆီက စိတ်ကြွ‌ဆေးပြား ၁၂ပြားဖမ်းမိတယ်”ဟု ရဲအုပ်‌အောင်ဦးက ‌ပြောသည်။

ဖမ်းဆီးထားသည့် မူးယစ်‌ဆေး‌ရောင်းဝယ်သူ ၃ဦးကို ‌ကော့ကရိတ်မြို့ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဦးသန်းနိုင်အား မူးယစ် ပုဒ်မ ၁၅/၁၉ ဖြင့် အမှုဖွင့်ထားကာ မ‌ဝေ‌ဝေချိုနှင့် မ‌လေးတို့ကို မူးယစ်ပုဒ်မ ၁၅/၁၆ ဂ/၂၁ဖြင့် အမှုဖွင့်ထားသည်ဟု ‌ကော့က ရိတ် မြို့မရဲစခန်းက ဆိုသည်။

မူးယစ်‌ရောင်းဝယ်သူ ဖမ်းဆီးခံရမှုအ‌ပေါ် အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်မြို့ ‌ဒေသခံတစ်ဦးက “အခုဖမ်းတာက လက်ခွဲ‌တွေကိုပဲ ဖမ်းတယ်။ ဒိုင်‌တွေ မဖမ်းနိုင်ဘူး‌ပေါ့။ ဒိုင်‌တွေ ဖမ်းဖို့ဆိုတာကလည်း အဖွဲ့အစည်း‌တွေနဲ့ နွယ်တဲ့ပုံစံပြ‌နေတယ်။ လုပ်ရင်‌တော့ ဖြစ် နိုင်တယ်‌လေ။ ဒါ‌ပေမယ့် အမြဲတမ်း‌စောင့်ကြည့်‌နေဖို့ လိုတယ်။ အမြဲတမ်း ဖမ်း‌ပေး‌နေဖို့လိုတယ်။ လာတဲ့အချိန်‌လေး တစ်ချက် ဖမ်းမယ်။ ပြီးသွားပြီး ငြိမ်သွားပြီးဆိုရင်‌တော့ မရပြန်ဘူး။ အမြဲတမ်း ‌စောင့်ကြည့်‌ပေး‌လေ ‌ကောင်း‌လေပဲ”ဟု ‌ပြောဆိုသည်။

လက်ရှိ ‌ကော့ကရိတ်မြို့နယ်အတွင်း မူးယစ်‌ဆေးဝါးနှိမ်နင်းရန်အတွက် မူးယစ်အထူးအဖွဲ့၊ ‌ကော့ကရိတ်ခရိုင်နှင့် ‌ကော့ကရိတ်မြို့မ ရဲများ ပူး‌ပေါင်းပြီး တစ်လအတွက် စီမံချက် စတင်လုပ်‌ဆောင်လျှက်ရှိပြီး ယခုနှစ်အတွင်း မူးယစ်‌ဆေးဝါးအမှု‌ပေါင်း ၅မှုနှင့် စိတ် ကြွ‌ဆေးပြား‌ပေါင်း ၁၆၁ပြား ဖမ်းဆီးရမိ‌ကြောင်း ရဲအုပ်‌အောင်ဦးက ဆက်‌ပြောသည်။

ယခုနှစ် ဩဂုတ်လက ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ အလို‌တော်ပြည့်(၁)လမ်းတွင် မြန်မာ‌ငွေ ၁၀၄,၅၈၀,၀၀ဝ ကျပ် တန်ဘိုးရှိ‌သော စိတ်ကြွ‌ဆေးပြားအလုံး‌ပေါင်း ၃၄,၈၆ဝကို အစိုးရအာဏာပိုင်များက ဖမ်းဆီးရရှိမှုများ ရှိခဲ့သည်။