Home သတင်း မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအတွက် (၆)ကြိမ်‌မြောက် ‌ကျောင်းကျန်းမာ‌ရေးထူးချွန်ဆု ‌ပေးအပ်

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများအတွက် (၆)ကြိမ်‌မြောက် ‌ကျောင်းကျန်းမာ‌ရေးထူးချွန်ဆု ‌ပေးအပ်

1909

စက်တင်ဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့အတွင်းရှိသည့် မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများအတွက် ‌ကျောင်းတွင်း သန့်ရှင်းမှုနှင့် ‌ကျောင်းကျန်းမာ‌ရေး ဂရုစိုက်ခြင်းများအတွက် အ‌ကောင်းဆုံးလုပ်‌ဆောင်‌ပေးသည့် ‌ကျောင်းများကို ‌ရွေးချယ်၍ စက်တင်ဘာ ၁၆ ရက်‌နေ့က မဲ‌ဆောက်အထက်တန်း‌ကျောင်းတွင် ‌ကျောင်းကျန်းမာ‌ရေးထူးချွန်ဆု‌ပေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

‌ကျောင်းကျန်းမာ‌ရေး ထူးချွန်ဆု‌ပေးရန်အတွက် မယ်‌တော်‌ဆေးခန်းမှ ‌ကျောင်းကျန်းမာ‌ရေး အ‌ထောက်အကူပြုအဖွဲ့နှင့် ‌ဒေါက် တာစင်သီယာ‌မောင် အပါအဝင် ဂျပန်နိုင်ငံ ကျန်းမာ‌ရေးသု‌တေသန ကွင်းဆင်းသည့်အဖွဲ့တို့မှ ဦး‌ဆောင်ပြုလုပ်‌ပေးပြီး ‌ကျောင်း ‌ပေါင်း ၆၀‌ကျော်အနက် ၁၃‌ကျောင်းကို ဆုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

‌ရွေးချယ်ခံရသည့် ‌ကျောင်း ၁၃‌ကျောင်းထဲတွင် က‌လေးများ ဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ(CDC) အထက်တန်း‌ကျောင်းနှင့် New Society ‌ကျောင်းတို့က ‌ငွေတံဆိပ်ဆုရှရှိပြီး ကျန်ရှိသည့်‌ကျောင်း ၁၁‌ကျောင်းများမှာ ‌ကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။

‌ငွေတံဆိပ်ဆု ရရှိသည့် CDC ‌ကျောင်းမှ ‌ကျောင်းအုပ်မန်း‌ရွှေနှင်းက “အဓိက‌တော့ ‌ကျောင်းရဲ့ ကျန်းမာ‌ရေးအတွက် သန့်ရှင်းမှု၊ ‌ကျောင်းရဲ့ ပတ်ဝန်းကျင်‌ဒေသများနဲ့ ဘယ်‌လောက်အထိ ပူး‌ပေါင်းပါဝင်မှုရှိလဲ။ ပြီး‌တော့ ‌ကျောင်းကျန်းမာ‌ရေးနဲ့ပတ်သက်ပြီး တစ်ကိုယ်‌ရေ သန့်ရှင်းမှု‌တွေကိုဘယ်အထိ နားလည်ထားလဲ။ ‌ကျောင်းမှာ အဲဒါ‌တွေကို ဘယ်‌လောက်အထိ ‌လေ့ကျင့်သင်ကြား ထားတာရှိလဲ။ အဲဒါ‌တွေကို ကြည့်ရှု‌ပေးတဲ့အဖွဲ့က လိုက်ကြည့်တယ်။ အင်တာဗျူး‌တွေလုပ်ပြီး ‌ရွေးချယ်တာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောင်းကျန်းမာ‌ရေးလုပ်ရခြင်းသည် အားလုံးအတွက် စိတ်ပိုင်းရုပ်ပိုင်းနှင့် ‌နေရာ‌ဒေသများတွင် သန့်ရှင်းသပ်ရပ်သည့် လူမှုပတ် ဝန်းကျင်ကို တည်‌ဆောက်နိုင်ရန် အ‌ခြေခံအားဖြင့် စာသင်‌ကျောင်းများတွင် စတင် ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက် ‌ပြောသည်။

အဆိုပါ ‌ကျောင်းကျန်းမာ‌ရေးထူးချွန်ဆု‌ပေးရာတွင် ‌ဒေါက်တာစင်သီယာ‌မောင် အပါအဝင် မဲ‌ဆောက် ထိုင်းပညာ‌ရေးမှူး၊ မဲ‌ဆောက်အထက်တန်း‌ကျောင်း ‌ကျောင်းအုပ်ကြီး၊ မဲ‌ဆောက်‌ဆေးရုံကြီးမှ ဆရာဝန်များ ဂျပန်ကျန်းမာ‌ရေး သု‌တေသနအဖွဲ့များ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းဆရာဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသား အားလုံး‌ပေါင်း ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ပွဲတက်‌ရောက်ခဲ့သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသားတစ်ဦးဖြစ်သူ ‌မောင်လင်းထိုက်က “‌ကျောင်းကျန်းမာ‌ရေးအတွက် တစ်ကိုယ်‌ရေ သန့်ရှင်းဖို့၊ ပြီး‌တော့ ‌ကျောင်းပတ်ဝန်းကျင်သန့်ရှင်းဖို့ ‌ကျောင်းတက်ရင်လည်း တစ်ကိုယ်‌ရေ သန့်ရှင်းဖို့ လိုအပ် တယ်။ သန့်ရှင်းမှကျန်းမာမယ်၊ ကျန်းမာမှ ‌ကောင်း‌ကောင်း ပညာသင်ယူလို့ရတယ်။ ဒါ‌ကြောင့် ကျန်းမာဖို့၊ သန့်ရှင်းဖို့က အဓိက ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောင်းကျန်းမာ‌ရေးထူးချွန်ဆု‌ပေးပွဲကို မယ်‌တော်‌ဆေးခန်း ‌ကျောင်းကျန်းမာ‌ရေး‌အေထာက်အကူပြုအဖွဲ့က ၂၀၀၉ခုနှစ်မှစတင် ၍ ထူးချွန်သည့်‌ကျောင်းများကို ‌ရွေးချယ်ကာ တနှစ်တစ်ခါ ထူးချွန်ဆု‌ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်‌ဒေ သရှိ မြန်မာ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်း ၆ဝတွင် လက်ရှိ ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၂‌သောင်း‌ကျော်ရှိသည်ဟု သိရသည်။