Home သတင်း ၁၄ကြိမ်‌မြောက် မြန်မာအသင်း(ကိုရီးယား)ဖလားပြိုင်ပွဲ၌ ကရင်လူငယ်အသင်း ဗိုလ်စွဲ

၁၄ကြိမ်‌မြောက် မြန်မာအသင်း(ကိုရီးယား)ဖလားပြိုင်ပွဲ၌ ကရင်လူငယ်အသင်း ဗိုလ်စွဲ

2500

စက်တင်ဘာ ၁၇ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

‌တောင်ကိုရီးယားနိုင်ငံ ဖူချွန်မြို့တွင် ကျင်းပသည့် ၁၄ကြိမ်‌မြောက်မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲ၌ ‌နောက်ဆုံးဗိုလ်လု ပွဲကို စက်တင်ဘာ ၁၄ရက်‌နေ့က ကရင်လူငယ်အသင်းနှင့် အန်ဆန်းအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပင်နယ်တီအဆုံးအဖြတ် ၅ဂိုး၊ ၃ဂိုးဖြင့် ကရင်လူငယ်အသင်းက ဗိုလ်စွဲသွားခဲ့သည်။

‌တောင်ကိုးရီးယားနိုင်ငံရှိ မြန်မာအသင်းအဖွဲ့မှ ဦး‌ဆောင်ကျင်းပသည့် ယင်းပြိုင်ပွဲတွင် ‌ဘောလုံးအသင်း(၁၁)သင်းမှ အုပ်စု(၄)စု ခွဲ၍ ကစားခဲ့ရာ ကရင်လူငယ်အသင်းသည် အုပ်စုပြိုင်ပွဲတွင် ‌ရွှေကယားအသင်းကို ၂ဂိုး၊ ဂိုးမရှိဖြင့်လည်း‌ကောင်း၊ ဂွမ်ဂျူးအသင်း ကို ဂိုးမရှိ သ‌ရေဖြင့်လည်း‌ကောင်း၊ ထိုမှတဆင့် အကြို ဗိုလ်လုပွဲတွင် ချင်းလူငယ်အသင်းကို ၂ဂိုး၊ ဂိုးမရှိဖြင့်လည်း‌ကောင်း၊ ဗိုလ် လုပွဲတွင် အန်ဆန်းအသင်းကို ပင်နယ်တီဖြင့်လည်း‌ကောင်း အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ကရင်လူငယ်အသင်းသည် မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲတွင် ပထမအကြိမ် ဝင်‌ရောက်ယှဉ်ပြိုင်သည့်အသင်းဖြစ်ပြီး ယခုလို ဗိုလ်စွဲသွားသည့်အ‌ပေါ် အထူးဝမ်း‌မြောက်ဂုဏ်ယူ‌ကြောင်း ‌တောင်ကိုရီးယားရှိ ကရင်လူငယ်အစည်းအရုံး(ကိုရီးယားဌာနခွဲ) အတွင်း‌ရေးမှူးဖြစ်သူ ‌စော‌ကျော်သက်ထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်လူငယ်အသင်း ပထမဆုရရှိ‌တော့ အတိုင်းအဆမရှိ ဂုဏ်ယူတယ်။ ဒါဟာ ကိုရီးယားနိုင်ငံ ကရင်လူငယ်‌တွေရဲ့ စည်းလုံး ညီညွှတ်မှု အင်အားတစ်ရပ်ကို ပြသခွင့်ရသလို ကရင်‌တွေဟာ ဘယ်အရပ်‌ဒေသ‌ရောက်‌ရောက် အမျိုးသား‌ရေးအတွက် တစ် ‌ထောင့်တစ်‌နေရာက‌နေ တာဝန်‌ကျေပြွန်‌အောင် ထမ်းကြတာပါ”ဟု ‌စော‌ကျော်သက်ထွန်းက ‌ပြောဆိုသည်။
Karen youth won in Myanmar-Korea sport
ကရင်လူငယ်အသင်း ဗိုလ်စွဲနိုင်‌ရေးအတွက် ပွဲစဉ်တစ်‌လျှောက် ‌ခြေစွမ်းပြ၍ အ‌ကောင်းဆုံး‌ဘောလုံးသမားဆု ရရှိသည့် အသင်း ‌ခေါင်း‌ဆောင် ‌စောဉာဏ်လင်းက “အခုလို မြန်မာအသင်း(ကိုရီးယား)ဖလားမှာ‌တောင် ကိုရီးယား‌ရောက် ကရင်လူငယ်‌ဘောလုံး အသင်းက သမိုင်းစိုက်ထူနိုင်တာခဲ့တယ်။ ဆုရရှိ‌အောင် ကြိုးစားကြတဲ့ အသင်းသားအားလုံးကိုလည်း ‌ကျေးဇူးတင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၁၄ကြိမ်‌မြောက် မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲတွင် ‌ဘောလုံးအသင်း ၁၁သင်းကို အုပ်စု(က) ‌ရွှေကယားအသင်း၊ ကရင်လူငယ်အသင်း၊ မိုးကြိုးအသင်း (ခ) ရှီဟွမ်းအသင်း၊ တယ်လီ‌တော်ကီအသင်း၊ အန်ဆန်းအသင်း (ဂ) ဥဿာအသင်း၊ ချင်း လူငယ်အသင်း၊ အင်ချွန်းအသင်း (ဃ) ချိုချီဝမ်အသင်း၊ ဂွမ်းဂျူးအသင်း ဟူ၍ အုပ်စု(၄)ခု ခွဲကာ ဝင်‌ရောက်ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်သည်။

ဖလားပြိုင်ပွဲကို ဦး‌ဆောင်ကျင်းပခဲ့သည့် ‌တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအသင်း(ကိုရီးယား) ဥက္ကဌ ဦးခင်‌မောင်ရင် “ဒီ ဖလားပြိုင်ပွဲက ကိုရီးယားနိုင်ငံမှာ သွား‌ရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသား‌ပေါင်းစုံ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ ကြတယ်။ ‌ဘောလုံးပွဲကျင်းပတဲ့ ရည်ရွယ်ချက်က ကိုရီးယားနိုင်ငံ‌ရောက် မြန်မာနိုင်ငံသားများ အချင်းချင်း ‌တွေ့ဆုံပြီး စည်းလုံးညီ ညွတ်မှုရှိ‌အောင်နဲ့ လူငယ်‌တွေ ကျန်းမာ‌ရေးလိုက်စားလာ‌အောင် ဖြစ်ပါတယ်”ဟု ‌ပြောသည်။

‌တောင်ကိုရီးယားနိုင်ငံ‌ရောက် မြန်မာလူမျိုးများ၏ သာ‌ရေး၊ နာ‌ရေး၊ လူမှု‌ရေး၊ အလုပ်သမားအ‌ရေးတို့ကို ကူညီ‌ဆောင်ရွက်‌ပေး‌နေ သည့် မြန်မာအသင်း(ကိုရီးယား)ကို ၁၉၉၄ခုနှစ်တွင် စတင်တည်‌ထောင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၁၃ကြိမ်‌မြောက် မြန်မာအသင်း(ကိုရီးယား) ဖလားကို အင်ချွန်းအသင်းမှ ဗိုလ်စွဲခဲ့ပြီး ယခု ၁၄ကြိမ်‌မြောက်တွင် ကရင် လူငယ်အသင်း ဗိုလ်စွဲကာ ဆု‌ကြေး‌ငွေအဖြစ် မြန်မာ‌ငွေကျပ် ၃သိန်း၊ ဒုတိယဆုကို ၂သိန်းနှင့် တတိယဆုကို ၁သိန်း ဆုချီးမြှင့်ခဲ့ ‌ကြောင်း သိရသည်။